ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မည့်သည့်နိုင်ငံခြားသားကိုမဆို မြန်မာနိုင်ငံနှင့် အိမ်နီး ချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေး ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့် ကို (၁၉-၃-၂၀၂၀) ရက်နေ့မှစတင်၍ ယာယီပိတ်ပင်တားမြစ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ဖြင့် ဝင်ရောက်မည့် နှစ်ဖက်ဒေသခံ ပြည်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစိစစ်ခြင်းကို တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှသာ တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈကို ကာကြယ္၊ ထိန္းခ်ဳပ္နိုင္ေရးအတြက္ နယ္စပ္စစ္ေဆးေရးဂိတ္မ်ားမွ ျပည္ဝင္ခြင့္ဗီဇာျဖင့္ဝင္ေရာက္ခြင့္ယာယီပိတ္ပင္တားျမစ္
ျပည္ပမွ COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈကို ကာကြယ္၊ ထိန္းခ်ဳပ္နိုင္ေရးအတြက္ မည့္သည့္နိုင္ငံျခားသားကိုမဆို ျမန္မာနိုင္ငံႏွင့္ အိမ္နီးခ်င္းနိုင္ငံမ်ားအၾကား ဖြင့္လွစ္ထားသည့္ နယ္စပ္စစ္ေဆးေရး ဂိတ္မ်ားမွတစ္ဆင့္ ျမန္မာနိုင္ငံဘက္သို႔ ျပည္ဝင္ခြင့္ဗီဇာျဖင့္ ဝင္ေရာက္ခြင့္ ကို (၁၉-၃-၂၀၂၀) ရက္ေန႔မွစတင္၍ ယာယီပိတ္ပင္တားျမစ္လိုက္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ သိရသည္။
နယ္စပ္ျဖတ္ေက်ာ္ခြင့္လက္မွတ္(Border Pass)ျဖင့္ ဝင္ေရာက္မည့္ ႏွစ္ဖက္ေဒသခံ ျပည္သူမ်ားကို ကိုယ္အပူခ်ိန္တိုင္းတာျခင္းႏွင့္ က်န္းမာေရးစိစစ္ျခင္းကို တင္းၾကပ္စြာ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ျမန္မာနိုင္ငံသို႔ ျပည္ဝင္ခြင့္ဗီဇာရရွိထားသည့္ နိုင္ငံျခားသားမ်ားအေနျဖင့္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာေလဆိပ္တို႔မွသာ တည္ဆဲစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ဆက္လက္ဝင္ေရာက္ခြင့္၊ ထြက္ခြာခြင့္ျပဳမည္ျဖစ္ေၾကာင္းသိရသည္။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com