ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
အိမ်ငှားက သုံးလေးလခန့် အိမ်ငှားခမပေးဘဲနေနေသည်။ သင်ကလည်း သင့်အခန်းကို အိမ်ငှားထပ်တင်ချင်နေသည်။ လက်ရှိနေထိုင်သူများကို အိမ်ပေါ်မှဆင်းပေးရန် ပြော၍လည်းမရဖြစ်နေပြီး ရဲစခန်း၊ တရားရုံးတို့သို့ တိုင်တန်းရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။ မည်သို့လုပ်ရမည်နည်း။
ထိုသို့ကြုံလာပါက အောက်ပါ အနောက်တိုင်းအစီအရင်ကို ပြုလုပ်လိုက်ပါ။
လက်တွေ့စမ်းသပ်အောင်မြင်သူများစွာရှိပါသည်။
လိုအပ်သောပစ္စည်းများမှာ အလွန်လွယ်ကူပါသည်။
(လိုအပ်သောပစ္စည်းများ)
၁။ ခဲတံ (သို့မဟုတ်) ဘောပင်
၂။ စာရွက်
(လုပ်ဆောင်ရမည့် အစီအစဉ်)
ခဲတံ (သို့မဟုတ်) ဘောပင်ကိုယူပြီး စာရွက်ပေါ်တွင် အောက်ပါအတိုင်း အစီအစဉ်အလိုက် ချရေးပါ။
-သင် နှင်ထုတ်လိုသူ၏ အမည်
- နှင်ထုတ်လိုသည့်အကြောင်းရင်း
- နှင်ထုတ်လိုသည့်အချိန်၊ ရက်စွဲ
အထက်ပါ အကြောင်းရပ်များ ရေးသားပြီးပါက အောက်ဖော်ပြပါ ဂါထာကို ၃ ကြိမ်ရွတ်ပါ။
“အန်ချန်းစီယာ အန်ချန်းစီယာ အန်ချန်းစီယာ စကူးနီ ဿို့ အွန်နေး ဗာဆာ ချာ တီး”
ယင်းနောက် အဆိုပါစာရွက်ကို သင်၏ ခေါင်းအုံးအောက်တွင်ထားကာ အိပ်စက်ပါ။
သတိပြုရမည်မှာ အစီအရင်ပြုလုပ်ရမည့်အချိန်မှာ ညအချိန်တွင် ဖြစ်ရမည် ဖြစ်သည်။
iMyanmarHouse.com မှ ဥပဒေရေးရာ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ https://www.imyanmarhouse.com/legal-services ဝဘ်ဆိုက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
အိမ်လခမပေးသည့် အိမ်ငှားများကို နှင်ထုတ်နိုင်သည့် အနောက်တိုင်းလောကီပညာ အစီအရင်
၁။ ခဲတံ (သို့မဟုတ်) ဘောပင်
၂။ စာရွက်