ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
COVID-19 ကြောင့် ရန်ကုန်စတော့အိတ်ချိန်းတွင် EFR ကုမ္ပဏီ၏ စာရင်းဝင်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက် ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက မေ ၁၈ ရက် သတင်းထုတ်ပြန်သည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ခြောက်ခုမြောက်အများပိုင်ကုမ္ပဏီအဖြစ် သယ်ယူထောက်ပံ့ရေး ကုမ္ပဏီ Ever Flow River (EFR)ကို လာမည့် မတ်လ ၂၀ ရက်တွင် စတင်ခွင့်ပြုကြောင်း ရန်ကုန် စတော့အိတ်ချိန်းက ထုတ်ပြန် ခဲ့သည်။
“စာရင်းဝင်တာရပ်ဖို့ကို ကုမ္ပဏီဘက်က တင်ပြလာတာပါ”ဟု ချေးငွေသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်ကပြောသည်။
EFR ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းတွင် ပဉ္စမ မြောက် အများပိုင်ကုမ္ပဏီ TMH စာရင်းဝင်ပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးစာရင်းဝင်လာသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်။
အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး လူစုလူဝေး မပြုလုပ်ရန်နှင့် ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ရန် အထူးဂရုပြုလိုက်နာနိုင်ရေးအတွက် ဖြစ်သည်ဟု ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။ ထိုကြောင့် စာရင်းဝင်အခမ်းအနားကို ရပ်ဆိုင်းထားရန် အထူးလိုအပ်သည်ဟု သတိပေးထားသည်။
စာရင်းဝင်မည့်ရက်နှင့် အခြေခံဈေးနှုန်းများကို မေလအတွင်းပြန်လည်ကြေညာပေးသွားမည်ဟုဆိုသည်။
EFR ကုမ္ပဏီသည် လက်အောက်ခံကုမ္ပဏီခုနစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့် စီမံကိန်းကုမ္ပဏီ နှစ်ခုတို့ဖြင့် ထူထောင်ထားသော ကုမ္ပဏီအုပ်စုတစ်ခုဖြစ်သည်။
ယင်းကုမ္ပဏီသည် သယ်ယူ ထောက်ပံ့လုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်ဟု ရန်ကုန်စတော့အိတ်ချိန်းက ကြေညာခဲ့သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
COVID-19 ေၾကာင့္ စေတာ့အိတ္ခ်ိန္းတြင္ ေျခာက္ခုေျမာက္ကုမၸဏီ စာရင္းဝင္မည့္ အစီအစဥ္ရပ္ဆိုင္း
COVID-19 ေၾကာင့္ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ EFR ကုမၸဏီ၏ စာရင္းဝင္မည့္ အစီအစဥ္ကို ေ႐ႊ႕ဆိုင္းလိုက္ ေၾကာင္း ရန္ကုန္စေတာ့အိတ္ခ်ိန္းက ေမ ၁၈ ရက္ သတင္းထုတ္ျပန္သည္။
ရန္ကုန္စေတာ့အိတ္ခ်ိန္း တြင္ ေျခာက္ခုေျမာက္အမ်ားပိုင္ကုမၸဏီအျဖစ္ သယ္ယူေထာက္ပံ့ေရး ကုမၸဏီ Ever Flow River (EFR)ကို လာမည့္ မတ္လ ၂၀ ရက္တြင္ စတင္ခြင့္ျပဳေၾကာင္း ရန္ကုန္ စေတာ့အိတ္ခ်ိန္းက ထုတ္ျပန္ ခဲ့သည္။
“စာရင္းဝင္တာရပ္ဖို႔ကို ကုမၸဏီဘက္က တင္ျပလာတာပါ”ဟု ေခ်းေငြသက္ေသခံလက္မွတ္လုပ္ငန္း ႀကီးၾကပ္ေရးေကာ္မရွင္အဖြဲ႕ဝင္ ဦးေဌးခြၽန္ကေျပာသည္။
EFR ကုမၸဏီသည္ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ ပၪၥမေျမာက္ အမ်ားပိုင္ကုမၸဏီ TMH စာရင္းဝင္ၿပီးေနာက္ ၂ ႏွစ္ေက်ာ္ကာလအတြင္း ပထမဆုံးစာရင္းဝင္လာသည့္ အမ်ားပိုင္ကုမၸဏီတစ္ခုျဖစ္သည္။
အသက္ရႈလမ္းေၾကာင္းဆိုင္ရာကူးစက္ေရာဂါ COVID-19 ကူးစက္ျပန္႔ပြားမႈမျဖစ္ေပၚေစေရး လူစုလူေဝး မျပဳလုပ္ရန္ႏွင့္ ႀကိဳတင္ကာကြယ္မႈ ျပဳလုပ္ႏိုင္ရန္ အထူးဂ႐ုျပဳလိုက္နာႏိုင္ေရးအတြက္ ျဖစ္သည္ဟု ရန္ကုန္စေတာ့အိတ္ခ်ိန္းက ထုတ္ျပန္ထားသည္။ ထိုေၾကာင့္ စာရင္းဝင္အခမ္းအနားကို ရပ္ဆိုင္းထားရန္ အထူးလိုအပ္သည္ဟု သတိေပးထားသည္။
စာရင္းဝင္မည့္ရက္ႏွင့္ အေျခခံေဈးႏႈန္းမ်ားကို ေမလအတြင္းျပန္လည္ေၾကညာေပးသြားမည္ဟုဆိုသည္။
EFR ကုမၸဏီသည္ လက္ေအာက္ခံကုမၸဏီခုနစ္ခု၊ အဖြဲ႕အစည္းတစ္ခုႏွင့္ စီမံကိန္းကုမၸဏီ ႏွစ္ခုတို႔ျဖင့္ ထူေထာင္ထားေသာ ကုမၸဏီအုပ္စုတစ္ခုျဖစ္သည္။
ယင္းကုမၸဏီသည္ သယ္ယူေထာက္ပံ့လုပ္ငန္းမ်ားကို အျပည့္အဝ ေဆာင္႐ြက္ေနၿပီး ျမန္မာႏိုင္ငံ၏ သယ္ယူပို႔ေဆာင္ေရးႏွင့္ ကုန္စည္ေထာက္ပံ့ပို႔ေဆာင္ေရးလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ျဖစ္သည္ဟု ရန္ကုန္စေတာ့အိတ္ခ်ိန္းက ေၾကညာခဲ့သည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com