ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
နိုင်ငံသားများအတွက် ဖေဖေါ်ဝါရီလအတွင်း ပြည်ပနှင့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးနိုင်မှုစာရင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
အဆိုပါဌာနအနေဖြင့် သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရန် နှင့် အလုပ်ရှင်များအတွက်အလုပ်သမားလုံလောက်စွာခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှု အနေဖြင့် အစိုးရ အလုပ်အကိုင် ၄၃၅ ဦးနှင့် ပုဂ္ဂလိကအလုပ်အကိုင် ၂၆၄၈၂ ဦး စုစုပေါင်း ၂၆၉၁၇ ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြည်ပ အလုပ်အကိုင်အတွက် စုစုပေါင်း ၂၇၃၃၀ ကို စေလွှတ်ပေနိုင်ခဲ့ကြောင်း အဆိုပါ ပြည်ပနိုင်ငံများမှာ မလေးရှားနိုင်ငံသို့ ၄၁၄၅ ဦး၊ စင်ကာပူနိုင်ငံသို့ ကိုးဦး၊ ကိုရီးယားနိုင်ငံသို့ ၅၈ ဦး၊ ထိုင်းနိုင်ငံသို့ ၂၂၃၆၂ ဦး၊ ဂျပန် နိုင်ငံသို့ ၆၉၈ ဦး၊ ယူအေအီးနိုင်ငံသို့ ၁၅ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၃၅ ဦးနှင့်ကာတာနိုင်ငံသို့ ရှစ်ဦး ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###