ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ အိမ်ခန်းပေါင်း(၃၀၀၀) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းစတင်နိုင်ရေး နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ မတ်လ ၁၇ ရက်ကကျင်းပပြုလုပ်ခဲ့ကြောင်း ယင်းကော်မတီမှသိရသည်။
အဆိုပါအစည်းအဝေးတွင် ဒုတိယမြို့တော်ဝန်က ပန္နက်တင်ပွဲပြုလုပ်မည့်အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ပန္နက်တင်ပြီးသည် နှင့်တစ်ပြိုင်နက် တည်ဆောက်ရေးလုပ်ငန်း စတင်နိုင်ရန်မှာကြားသည်။
ထို့အပြင် တည်ဆောက်ရေးလုပ်ငန်း အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ၏ အုတ်စက်ရုံမှ အုတ်များရောင်းချပေးမည်ဖြစ်ကြောင်း၊ မြေကြီးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဌာနမှ စီစဉ်ဆောင်ရွက်နေပါကြောင်းနှင့် အခြားအခြေခံအဆောက်အအုံ (infrastructure) လုပ်ငန်းများကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်တို့မှ ကိုယ်စားလှယ်များက ပန္နက်တင်ရန်ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်လိုသည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ နေပြည်တော်စည်ပင်ကော်မတီဝင်များနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းအိမ္ရာ အိမ္ခန္းေပါင္း(၃၀၀၀) တည္ေဆာက္ေရးစီမံကိန္း လုပ္ငန္းစတင္နိုင္ေရး အစည္းအေဝး က်င္းပ
အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းအိမ္ရာ အိမ္ခန္းေပါင္း(၃၀၀၀) တည္ေဆာက္ေရးစီမံကိန္း လုပ္ငန္းစတင္နိုင္ေရး ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ အစည္းအေဝးခန္းမ၌ မတ္လ ၁၇ ရက္ကက်င္းပျပဳလုပ္ခဲ့ေၾကာင္း ယင္းေကာ္မတီမွသိရသည္။
အဆိုပါအစည္းအေဝးတြင္ ဒုတိယၿမိဳ႕ေတာ္ဝန္က ပႏၷက္တင္ပြဲျပဳလုပ္မည့္အစီအစဥ္မ်ားႏွင့္ပတ္သက္၍လည္းေကာင္း၊ ပႏၷက္တင္ၿပီးသည္ ႏွင့္တစ္ၿပိဳင္နက္ တည္ေဆာက္ေရးလုပ္ငန္း စတင္နိုင္ရန္မွာၾကားသည္။
ထို႔အျပင္ တည္ေဆာက္ေရးလုပ္ငန္း အျမန္ဆုံးေဆာင္ရြက္နိုင္ရန္အတြက္ ေကာ္မတီ၏ အုတ္စက္႐ုံမွ အုတ္မ်ားေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း၊ ေျမႀကီးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားကို ဌာနမွ စီစဥ္ေဆာင္ရြက္ေနပါေၾကာင္းႏွင့္ အျခားအေျခခံအေဆာက္အအုံ (infrastructure) လုပ္ငန္းမ်ားကိုလည္း အခ်ိန္မီၿပီးစီးေအာင္ ေဆာင္ရြက္ရန္ေျပာၾကားခဲ့ၿပီး ျမန္မာနိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ႏွင့္ ျမန္မာနိုင္ငံလိုင္စင္ရ ကန္ထရိုက္တာမ်ားအသင္းခ်ဳပ္တို႔မွ ကိုယ္စားလွယ္မ်ားက ပႏၷက္တင္ရန္ေဆာင္ရြက္ေနမႈမ်ား၊ ဆက္လက္ေဆာင္ရြက္လိုသည့္ကိစၥရပ္မ်ားအား ရွင္းလင္းတင္ျပခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝးသို႔ ေနျပည္ေတာ္စည္ပင္ေကာ္မတီဝင္မ်ားႏွင့္ ျမန္မာနိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ႏွင့္ ျမန္မာနိုင္ငံလိုင္စင္ရကန္ထရိုက္တာမ်ား အသင္းခ်ဳပ္တို႔မွ ကိုယ္စားလွယ္မ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com