ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ကိုရီးယားမြန်မာ စက်မှုဥယျာဉ်စီမံကိန်းကို အပိုင်းနှစ်ပိုင်းဖြင့် စတင်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်လိုက်ပါတယ်။
စီမံကိန်းဟာ မြေ ၅၅၅ ဧကကျော်ရှိပြီး အပိုင်း (၁)တွင် ၃၁၄ ဧကနှင့် အပိုင်း (၂)တွင် ၂၄၁ ဧက ပါဝင်မည်ဖြစ်သည်။စီမံကိန်းဖော်ဆောင်ဖို့အကြံပေးအဖွဲ့ကိုလည်းရွေးချယ်ဌားရမ်းသွားမှာဖြစ်ပါတယ်။
ယခုအကြံပေးအဖွဲ့သည် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် အသေးစိတ်ဒီဇိုင်းပုံစံတို့ ဆောင်ရွက်ရမည်ဖြစ်သည်။ ၎င်းတို့ထဲတွင် မြေသားလုပ်ငန်း၊ ကားလမ်းနှင့် လူသွားလမ်း၊ ရေစီးရေလာစနစ်၊ ရေဆိုးစနစ်၊ ရေပေးဝေရေး၊ တည်ဆောက်ရေး ဒီဇိုင်းပုံစံ၊ မြေယာ ရှုခင်းဒီဇိုင်းပုံစံ၊ လျှပ်စစ်ပိုင်းဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းစနစ်များပါဝင်မည်ဖြစ်သည်။
စီမံကိန်းကုန်ကျစရိတ်သည် ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖြစ် ပြီး လပေါင်း ၃၀ ဆောင်ရွက်ရမည်ဟု ထုတ်ပြန်ထားသည်။ အပိုင်း (၁)အတွက် ၁၈ လနှင့် အပိုင်း (၂)အတွက် ၁၂ လ လုပ်ဆောင်ရမည်ဖြစ်သည်။
အကြံပေးဝန်ဆောင်မှု ဆောင်ရွက်လိုသော ကုမ္ပဏီသည် မြန်မာ (သို့မဟုတ်) ကိုရီးယားနိုင်ငံတို့တွင် တရားဝင်မှတ်ပုံတင်ထားသည့် အကြံပေးဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီဖြစ်ရမည်ဖြစ်သည်။
စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းတို့ ၂၀၁၇ ဇွန်လ ၁၆ ရက်က ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာ နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက လွှတ်တော်တွင် ပြောကြားထားသည်။
ပထမအပိုင်းကို ၂၀၁၉ တွင် စတင်ပြီး ၂၀၂၂ ၌ ပြီးဆုံးမည်ဖြစ်သည်။ ဒုတိယအပိုင်းကို ၂၀၂၀ တွင် စတင်ပြီး ၂၀၂၃ ၌ ပြီးဆုံးမည်ဖြစ်သည်။ ထိုစီမံကိန်းကို ကိုရီးယားအစိုးရပိုင် LH ကော်ပိုရေးရှင်းနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ကိုရီးယား - မြန်မာစက်မှုဥယျာဉ်စီမံကိန်းကိုအပိုင်းနှစ်ပိုင်နဲ့စတင်မယ်