ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
မလေးရှားနိုင်ငံတွင် လူသိနည်းပါးသည့် အိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Thriven Global ၏ ရှယ်ယာဈေးနှုန်းများသည် ပြီးခဲ့သော တနင်္လာနေ့က ၁၁၈ ရာခိုင်နှုန်းခန့် မြင့်တက်သွားခဲ့ကြောင်း စင်္ကာပူ အခြေစိုက် စီးပွားရေး သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါကုမ္ပဏီသည် မလေးရှားဝန်ကြီးချုပ်သစ်ဖြစ်လာသူ မူယစ်ဒင် ယာဆင်နှင့် ဆက်နွှယ်မှုများရှိနေမှုကြောင့် ယခုကဲ့သို့ ဈေးကစားမှုများ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
ယင်းကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ဖာခ်ရီ ယာဆင်သည် ဝန်ကြီးချုပ်သစ်၏ သားဖြစ်ကြောင်း ဘလွန်းဘာ့ဂျ်သတင်းတွင် ဖော်ပြသည်။
“ဒါက တကယ့်ဈေးကစားမှုပါပဲ။ ဝန်ကြီးချုပ်နဲ့ ဆက်နွှယ်မှုတွေရှိနေတာကြောင့် Thriven ဟာ လုပ်ငန်းတွေ တိုးတက်လာတာ မြင်ရဖို့ ရှိပါတယ်” ဟု Areca Capital ၏ အမှုဆောင်အရာရှိချုပ် ဒင်နီဝေါင်းက ပြောကြားသည်။
ယခုကဲ့သို့ ရှယ်ယာဈေးကစားခြင်းများနှင့် စပ်လျဉ်းပြီး ဘလွန်းဘာ့ဂျ်သတင်းဌာနက အီးမေးပေးပို့ကာ စုံစမ်းမေးမြန်းမှု ပြုလုပ်ခဲ့သော်လည်း ကုမ္ပဏီအရာရှိတို့က ပြန်လည်ဖြေကြားမှု မရှိချေ။
အသက် ၉၄ နှစ်ရှိပြီဖြစ်သော ဝန်ကြီးချုပ် မဟာသီမိုဟာမက် ဝန်ကြီးချုပ်တာဝန်မှ နှုတ်ထွက်ပြီးနောက် ပြန်လည်ရယူရန် ကြိုးစားခဲ့သည်။
ပါလီမန်တွင် အရေးပေါ် အစည်းအဝေးကြရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အမတ်များတွင် မိမိကို ထောက်ခံသူများပြားကြောင်း ပြသသွားမည်ဖြစ်ကြောင် မဟာသီက ဆက်လက်ပြောကြားသည်။
မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုအပေါ် ရတက်မအေးဖြစ်မှုနှင့် နိုင်ငံရေးလှုပ်ခတ်မှုများကြောင့် ရှယ်ယာဈေးများမှာ ၈ နှစ်တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံသူတို့မှာ အစိုးရ၊ နိုင်ငံရေးသမားတို့နှင့် ဆက်နွှယ်မှုရှိသော ကုမ္ပဏီများ၏ ရှယ်ယာများကို စောင့်ကြည့်လာကြသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
မေလးရွားတြင္ ဝန္ၾကီးခ်ဳပ္သစ္ႏွင့္ ဆက္ႏႊယ္မႈရွိေနသည့္ အိမ္ျခံေျမကုမၸဏီ၏ ရွယ္ယာေစ်း ၂ ဆခန္႔ ျမင့္တက္
မေလးရွားႏိုင္ငံတြင္ လူသိနည္းပါးသည့္ အိမ္ျခံေျမေဆာက္လုပ္ေရးကုမၸဏီတစ္ခုျဖစ္ေသာ Thriven Global ၏ ရွယ္ယာေစ်းႏႈန္းမ်ားသည္ ျပီးခဲ့ေသာ တနလၤာေန႔က ၁၁၈ ရာခိုင္ႏႈန္းခန္႔ ျမင့္တက္သြားခဲ့ေၾကာင္း စကၤာပူ အေျခစိုက္ စီးပြားေရး သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
အဆိုပါကုမၸဏီသည္ မေလးရွားဝန္ၾကီးခ်ဳပ္သစ္ျဖစ္လာသူ မူယစ္ဒင္ ယာဆင္ႏွင့္ ဆက္ႏႊယ္မႈမ်ားရွိေနမႈေၾကာင့္ ယခုကဲ့သို႔ ေစ်းကစားမႈမ်ား ေပၚေပါက္လာျခင္းလည္းျဖစ္သည္။
ယင္းကုမၸဏီ၏ ဥကၠဌျဖစ္သူ ဖာခ္ရီယာဆင္သည္ ဝန္ၾကီးခ်ဳပ္သစ္၏ သားျဖစ္ေၾကာင္း ဘလြန္းဘာ့ဂ်္သတင္းတြင္ ေဖာ္ျပသည္။
“ဒါက တကယ့္ေစ်းကစားမႈပါပဲ။ ဝန္ၾကီးခ်ဳပ္နဲ႔ ဆက္ႏႊယ္မႈေတြရွိေနတာေၾကာင့္ Thriven ဟာ လုပ္ငန္းေတြ တိုးတက္လာတာျမင္ရဖို႔ ရွိပါတယ္” ဟု Areca Capital ၏ အမႈေဆာင္အရာရွိခ်ဳပ္ ဒင္နီေဝါင္းက ေျပာၾကားသည္။
ယခုကဲ့သို႔ ရွယ္ယာေစ်းကစားျခင္းမ်ားႏွင့္ စပ္လ်ဥ္းျပီး ဘလြန္းဘာ့ဂ်္သတင္းဌာနက အီးေမးေပးပို႔ကာ စံုစမ္းေမးျမန္းမႈ ျပဳလုပ္ခဲ့ေသာ္လည္း ကုမၸဏီအရာရွိတို႔က ျပန္လည္ေျဖၾကားမႈ မရွိေခ်။
အသက္ ၉၄ ႏွစ္ရွိျပီျဖစ္ေသာ ဝန္ၾကီးခ်ဳပ္ မဟာသီမိုဟာမက္ ဝန္ၾကီးခ်ဳပ္တာဝန္မွ ႏႈတ္ထြက္ျပီးေနာက္ ျပန္လည္ရယူရန္ၾကိဳးစားခဲ့သည္။
ပါလီမန္တြင္ အေရးေပၚ အစည္းအေဝးၾကေရးအတြက္ ၾကိဳးစားသြားမည္ျဖစ္ေၾကာင္း၊ လႊတ္ေတာ္အမတ္မ်ားတြင္ မိမိကိုေထာက္ခံသူမ်ားျပားေၾကာင္း ျပသသြားမည္ျဖစ္ေၾကာင္ မဟာသီက ဆက္လက္ေျပာၾကားသည္။
မေလးရွားတြင္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ႕ပြားမႈအေပၚ ရတက္မေအးျဖစ္မႈႏွင့္ ႏိုင္ငံေရးလႈပ္ခတ္မႈမ်ားေၾကာင့္ ရွယ္ယာေစ်းမ်ားမွာ ၈ ႏွစ္တာအတြင္းအနိမ့္ဆံုးသို႔ က်ဆင္းခဲ့ျပီးေနာက္ ရင္းႏွီးျမွဳပ္ႏွံသူတို႔မွာ အစိုးရ၊ ႏိုင္ငံေရးသမားတို႔ႏွင့္ ဆက္ႏႊယ္မႈရွိေသာ ကုမၸဏီမ်ား၏ ရွယ္ယာမ်ားကို ေစာင့္ၾကည့္လာၾကသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com