ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးလုပ်ငန်းများကို မတ် ၁၄ ရက်က ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ တံတားတည်ဆောက်ရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက် နေမှုများ၊ စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့ (PMU) ၏ ဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ပြည်ထောင်စု ဝန်ကြီးက ယခုတည်ဆောက်နေသည့် တံတားပြီးစီးသွားပါက ဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသက်သာစေပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့လာ မည်ဖြစ်ကြောင်း၊ တည် ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ရေကြောင်းသွားသင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားပြီး သာကေတဘက်ခြမ်းနှင့် သန်လျင်ဘက်ခြမ်းတို့၌ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေလယ်တိုင် ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သန်လျင် - သီလဝါ အထူးစီးပွားရေးဇုန်လမ်းမကြီးတို့ကို လည်းကောင်း သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
သန္လ်င္တံတားအမွတ္ (၃) တည္ေဆာက္ေရး ျပည္ေထာင္စုဝန္ႀကီး စစ္ေဆး
ပဲခူးျမစ္ကူး သန္လ်င္တံတားအမွတ္ (၃) တည္ေဆာက္ေရးလုပ္ငန္းမ်ားကို မတ္ ၁၄ ရက္က ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္းသိရသည္။
အဆိုပါ တံတားတည္ေဆာက္ေရးစီမံကိန္းဆိုင္ရာ လုပ္ငန္းေဆာင္ရြက္ ေနမႈမ်ား၊ စီမံကိန္းစီမံခန႔္ခြဲမႈအဖြဲ႕ (PMU) ၏ ေဆာင္ရြက္ေနမႈမ်ား၊ ဆက္လက္ ေဆာင္ရြက္မည့္ လုပ္ငန္းအစီအစဥ္မ်ားကို တံတားတည္ေဆာက္ေရး ရွင္းလင္းေဆာင္၌ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။
ျပည္ေထာင္စုဝန္ႀကီးက ယခုတည္ေဆာက္ေနသည့္ တံတားၿပီးစီးသြားပါက ေဒသ၏ လူမႈစီးပြားဘဝမ်ား ဖြံ့ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း၊ ယာဥ္ေၾကာပိတ္ဆို႔မႈ ေလ်ာ့နည္းသက္သာေစၿပီး လမ္းပန္းဆက္သြယ္ေရး လြယ္ကူေခ်ာေမြ႕လာမည္ျဖစ္ေၾကာင္း၊ တည္ေဆာက္ ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနစဥ္ ခရီးသြားျပည္သူမ်ား ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ႏွင့္ ေရေၾကာင္းသြားသေဘၤာမ်ား ေဘးအႏၲရာယ္ကင္းရွင္းေရးကို အေလးထားေဆာင္ရြက္ရန္ လိုအပ္ေၾကာင္းမွာၾကားၿပီး သာေကတဘက္ျခမ္းႏွင့္ သန္လ်င္ဘက္ျခမ္းတို႔၌ တံတားတည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈ၊ ေရလယ္တိုင္ ဘိုးပိုင္လုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈႏွင့္ သန္လ်င္ - သီလဝါ အထူးစီးပြားေရးဇုန္လမ္းမႀကီးတို႔ကုိ လည္းေကာင္း သြားေရာက္စစ္ေဆးခဲ့ေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com