ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
နယ်သာလန် ရေနံကုမ္ပဏီ Berlangaက မုတ္တမပင်လယ်ကွေ့ရှိ ကမ်းလွန် M-8 လုပ်ကွက်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်း တူးဖော်ရေးများကို ဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရက မတ် ၁၃ ရက်တွင်ထုတ်ပြန်ကြေညာသည်။
အဆိုပါလုပ်ကွက်သည် ဧရာဝတီကမ်းလွန်တွင်ရှိ ရေပြင်ဧက ၂ ဒသမ ၇ သန်းကျယ်ပြန့်ပြီး နယ်သာလန် Berlanga နှင့် ပြည်တွင်းမှ A-1 ကုမ္ပဏီတို့က ၂၀၁၄ တွင် လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ထိုလုပ်ကွက်ကို နယ်သာလန်ကုမ္ပဏီက ရှယ်ယာ ၉၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး A-1 ကုမ္ပဏီက ရှယ်ယာ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်းဖြစ်သည်။ ကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများကို ၂၀၁၅ တွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအတူ Berlanga ကုမ္ပဏီသည် CAOG အမည်ဖြစ် ဧက ၂သိန်းကျော်ကျယ်သည့် ကုန်းတွင်းလုပ်ကွက် MOGE-4 ကိုလည်းလုပ်ကိုင်ခွင့်ရထားသည်။ ၎င်းသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်ရှိသည်။ ထိုလုပ်ကွက်တွင် ၉၄ ဒသမ ၅ ရာခိုင်နှုန်းကို ၎င်းကပိုင်ဆိုင်ခြင်းဖြစ်ပြီး ကျန် ၅ ဒသမ ၅ ရာခိုင်နှုန်းကို Apex Geo Services ကုမ္ပဏီက ပိုင်ဆိုင်ခြင်းဖြစ်သည်။ထိုလုပ်ကွက်ကိုလည်း ၂၀၁၄ တွင် လုပ်ကွက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
Berlanga ကုမ္ပဏီသည် နယ်သာလန်နိုင်ငံတွင် ၁၉၉၄ တွင်တည်ထောင်ခဲ့ပြီး စင်ကာပူ၊ မြန်မာနိုင်ငံတွင် ကုမ္ပဏီခွဲများဖွင့်လှစ်ထားသည်။ ထိုင်းနှင့်မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးအတွက် ၂၀၁၃ နှင့် ၂၀၁၄ တို့တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
နယ္သာလန္ကုမၸဏီက မုတၱမပင္လယ္ေကြ႕တြင္ သဘာဝဓာတ္ေငြ႕တူးေဖာ္ေရးမ်ားေဆာင္႐ြက္မည္
နယ္သာလန္ ေရနံကုမၸဏီ Berlangaက မုတၱမပင္လယ္ေကြ႕ရွိ ကမ္းလြန္ M-8 လုပ္ကြက္တြင္ ေရနံႏွင့္သဘာဝဓာတ္ေငြ႕တြင္း တူးေဖာ္ေရးမ်ားကို ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အစိုးရက မတ္ ၁၃ ရက္တြင္ထုတ္ျပန္ေၾကညာသည္။
အဆိုပါလုပ္ကြက္သည္ ဧရာ၀တီကမ္းလြန္တြင္ရွိ ေရျပင္ဧက ၂ ဒသမ ၇ သန္းက်ယ္ျပန္႔ၿပီး နယ္သာလန္ Berlanga ႏွင့္ ျပည္တြင္းမွ A-1 ကုမၸဏီတို႔က ၂၀၁၄ တြင္ လုပ္ကိုင္ခြင့္ရခဲ့ျခင္းျဖစ္သည္။
ထိုလုပ္ကြက္ကို နယ္သာလန္ကုမၸဏီက ရွယ္ယာ ၉၅ ရာခိုင္ႏႈန္းပိုင္ဆိုင္ၿပီး A-1 ကုမၸဏီက ရွယ္ယာ ၅ ရာခိုင္ႏႈန္း ပိုင္ဆိုင္ျခင္းျဖစ္သည္။ ကမ္းလြန္သဘာဝဓာတ္ေငြ႕ ရွာေဖြေရးလုပ္ငန္းမ်ားကို ၂၀၁၅ တြင္ စတင္လုပ္ကို္င္ခဲ့ျခင္းျဖစ္သည္။
ထိုအတူ Berlanga ကုမၸဏီသည္ CAOG အမည္ျဖစ္ ဧက ၂သိန္းေက်ာ္က်ယ္သည့္ ကုန္းတြင္းလုပ္ကြက္ MOGE-4 ကိုလည္းလုပ္ကိုင္ခြင့္ရထားသည္။ ၎သည္ ျမန္မာႏိုင္ငံအလယ္ပိုင္းတြင္ရွိသည္။ ထိုလုပ္ကြက္တြင္ ၉၄ ဒသမ ၅ ရာခိုင္ႏႈန္းကို ၎ကပိုင္ဆိုင္ျခင္းျဖစ္ၿပီး က်န္ ၅ ဒသမ ၅ ရာခိုင္ႏႈန္းကို Apex Geo Services ကုမၸဏီက ပိုင္ဆိုင္ျခင္းျဖစ္သည္။ထိုလုပ္ကြက္ကိုလည္း ၂၀၁၄ တြင္ လုပ္ကြက္ခြင့္ရရွိခဲ့ျခင္းျဖစ္သည္။
Berlanga ကုမၸဏီသည္ နယ္သာလန္ႏိုင္ငံတြင္ ၁၉၉၄ တြင္တည္ေထာင္ခဲ့ၿပီး စင္ကာပူ၊ ျမန္မာႏို္င္ငံတြင္ ကုမၸဏီခြဲမ်ားဖြင့္လွစ္ထားသည္။ ထိုင္းႏွင့္ျမန္မာႏိုင္ငံတြင္ ကမ္းလြန္ေရနံႏွင့္သဘာဝဓာတ္ေငြ႕တူးေဖာ္ေရးအတြက္ ၂၀၁၃ ႏွင့္ ၂၀၁၄ တို႔တြင္ ဝင္ေရာက္ခဲ့ျခင္းျဖစ္သည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com