ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
ဗဟိုဘဏ်မှ ဘဏ်အပ်ငွေနှင့်ချေးငွေများ၏ အတိုးနှုန်းများကို ဧပြီလ ၁ ရက်မှ စတင်ကာ သုညဒသမ ၅ ရာခိုင်နှုန်းဆီ လျော့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ မတ်လ ၁၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“အတိုးနှုန်းလျော့ချလိုက်တယ်ဆိုတာဟုတ်ပါတယ်။အကျိုးသက်ရောက်မှုအနေနဲ့ ရည်ရွယ်တာက စီးပွားရေးကိုမြှင့်တင်နိုင်ဖို့ ဘဏ်တွေကလည်းငွေထုတ်ချေးနိုင်မယ်ဆိုရင် လုပ်ငန်းတွေတိုးတက်နိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံနိုင်ဖို့ရှိလာမယ်”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးစိုးမင်းကပြောကြားသည်။
ဗဟိုဘဏ်၏အတိုးနှုန်းများသည် လက်ရှိအချိန်တွင်ယခုလျော့ချလိုက်သည့် ပမာဏအတိုင်းသာရှိနေမည်ဖြစ်ပြီး နိုင်ငံတကာ ငွေကြေးဈေးကွက်ရှိနေသည့် နိုင်ငံများကဲ့သို့ ၃ လတစ်ကြိမ်ပြောင်းလဲနိုင်မည့် အခြေအနေမဟုတ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ဗဟိုဘဏ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးပြောင်းလဲမှုအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှသိရသည်။
လက်ရှိဗဟိုဘဏ်သည် မတ်လ ၁၂ ရက် နေ့စွဲဖြင့် ပြည်တွင်းရှိ အသုံးပြုနေသည့် အတိုးနှုန်းများကို ၂၀၁၃ ခုနှစ်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၁ ဈ အရ ဗဟိုဘဏ်၏အတိုးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရသည့် အပ်ငွေတို့အပေါ် တောင်းခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောင် ၂ ရာခိုင်နှုန်းနှင့် ၇ ဒသမ ၅ ရာခိုင်နှုန်း၊ မြေ၊ အဆောက်အဦး၊ ရွှေ၊ ကျောက်မျက်ရတနာ၊ ငွေစုလက်မှတ်၊ အစိုးရငွေစုစာချုပ်၊ စာရင်းသေအပ်ငွေ၊ ချေးငွေအာမခံဖြင့်ထုတ်ချေးသည့် ချေးငွေများတွင် ဗဟိုဘဏ်အတိုးနှုန်းအထက် ၃ ရာခိုင်နှုန်း နှင့် ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ အာမခံချေးငွေအပါဝင်သည့် ချေးငွေများနှင့်် ဖော်ပြပါချေးငွေတွင် မပါဝင်သည့် ချေးငွေများကို ဗဟိုဘဏ်အတိုးနှုန်းအထက် ၆ ရာခိုင်နှုန်းနှင့် ၁၅ ဒသမ ၅ ရာခိုင်နှုန်းအဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ဧၿပီ ၁ ရက္မွ စ၍ ဘဏ္တိုးႏႈန္းမ်ားေလ်ာ့ခ်မည္
ဗဟိုဘဏ္မွ ဘဏ္အပ္ေငြနွင့္ေခ်းေငြမ်ား၏ အတိုးနွဳန္းမ်ားကုိ ဧျပီလ ၁ ရက္မွ စတင္ကာ သုညဒသမ ၅ ရာခိုင္နွဳန္းဆီ ေလ်ာ့ခ်ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္္၏ မတ္လ ၁၂ ရက္ေန့ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
“အတိုးနွဳန္းေလ်ာ့ခ်လိုက္တယ္ဆိုတာဟုတ္ပါတယ္္။အက်ိဳးသက္ေရာက္မွဳအေနနဲ့ ရည္ရြယ္တာက စီးပြားေရးကုိျမွင့္တင္နိုင္ဖို့ ဘဏ္ေတြကလည္းေငြထုတ္ေခ်းနိုင္မယ္ဆိုရင္ လုပ္ငန္းေတြတိုးတက္နိုင္ဖို့နဲ့ ရင္းနွီးျမွဳပ္နွံနိုင္ဖို့ရွိလာမယ္”ဟု ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ဒုတိယဥကၠ႒ဦးစိုးမင္းကေျပာၾကားသည္္။
ဗဟိုဘဏ္၏အတိုးနွဳန္းမ်ားသည္ လက္ရွိအခ်ိန္တြင္ယခုေလ်ာ့ခ်လိုက္သည့္ ပမာဏအတိုင္းသာရွိေနမည္ျဖစ္ျပီး နိုင္ငံတကာ ေငြေၾကးေစ်းကြက္ရွိေနသည့္ နိုင္ငံမ်ားကဲ့သို့ ၃ လတစ္ႀကိမ္ေျပာင္းလဲနိုင္မည့္ အေျခအေနမဟုတ္ေၾကာင္း ၄င္းကဆက္လက္ေျပာၾကားသည္။
ဗဟိုဘဏ္အေနျဖင့္ လက္ရွိျဖစ္ေပၚေနသည့္ စီးပြားေရးေျပာင္းလဲမွဳအေပၚမူတည္၍ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ထံမွသိရသည္။
လက္ရွိဗဟိုဘဏ္သည္ မတ္လ ၁၂ ရက္ ေန့စြဲျဖင့္ ျပည္တြင္းရွိ အသံုးျပဳေနသည့္ အတိုးနွဳန္းမ်ားကုိ ၂၀၁၃ ခုနွစ္ဗဟိုဘဏ္ဥပေဒ ပုဒ္မ ၄၁ စ် အရ ဗဟိုဘဏ္၏အတိုးနွဳန္း ၁၀ ရာခိုင္နွဳန္းမွ ၉ ဒသမ ၅ ရာခိုင္နွဳန္းသို့ ေျပာင္းလဲသြားမည္ျဖစ္သည္။
ေငြစုစာရင္းအပ္ေငြ၊ ေငြစုလက္မွတ္နွင့္ အခ်ိန္ေစ့မွ ေပးရသည့္ အပ္ေငြတို့အေပၚ ေတာင္းခံနိုင္သည့္ အျမင့္ဆံုးအတိုးနွဳန္းကုိ ဗဟိုဘဏ္အတိုးနွဳန္းေအာင္ ၂ ရာခိုင္နွဳန္းနွင့္ ၇ ဒသမ ၅ ရာခိုင္နွဳန္း၊ ေျမ၊ အေဆာက္အဦး၊ ေရႊ၊ ေက်ာက္မ်က္ရတနာ၊ ေငြစုလက္မွတ္၊ အစိုးရေငြစုစာခ်ဳပ္၊ စာရင္းေသအပ္ေငြ၊ ေခ်းေငြအာမခံျဖင့္ထုတ္ေခ်းသည့္ ေခ်းေငြမ်ားတြင္ ဗဟိုဘဏ္အတိုးနွဳန္းအထက္ ၃ ရာခိုင္နွဳန္း နွင့္ ၁၂ ဒသမ ၅ ရာခိုင္နွဳန္း၊ အာမခံေခ်းေငြအပါ၀င္သည့္ ေခ်းေငြမ်ားနွင့္္ ေဖာ္ျပပါေခ်းေငြတြင္ မပါ၀င္သည့္ ေခ်းေငြမ်ားကုိ ဗဟိုဘဏ္အတိုးနွဳန္းအထက္ ၆ ရာခိုင္နွဳန္းနွင့္ ၁၅ ဒသမ ၅ ရာခိုင္နွဳန္းအျဖစ္သတ္မွတ္သြားမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ထံမွ သိရသည္။
မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com