ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
နေပြည်တော်ကောင်စီတွင် စက်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုခွင့်ပြုခဲ့ကြောင်း မတ်လ ၁၀ ရက်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော (၁/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးအရ သိရသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၅,၈၀၀.၀၀၀ သန်းဖြင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုအား အတည်ပြုပေးခဲ့ပြီး ယင်းမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၀၁) နေရာဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###