ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
စံပြမြို့နယ်အဖြစ်ဖော်ဆောင်ရာတွင် အဓိကအချက်မှာ လမ်းများကောင်းပြီး ရေစီးရေလာကောင်းရမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုရှိရမည် ဆိုသည့်အချက်ပေါ်တွင် စံပြအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် ကို ကျန်စစ်သားလမ်းမကြီးကိုဗဟိုပြု၍ အရှေ့ခြမ်း၊ အနောက်ခြမ်းပိုင်းခြားထားကြောင်း၊ အရှေ့ခြမ်းတွင် ရပ်ကွက်၊ ကျေးရွာ ၁၄ ခုနှင့် အနောက်ပိုင်းတွင် ရပ်ကွက်၊ ကျေးရွာ ၁၅ ခု သတ်မှတ်ကာ ရပ်ကွက်၊ကျေးရွာများအား စံပြမြို့နယ် အဖြစ်ဖော်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။
လှိုင်သာယာမြို့နယ်သည် လူ ၁၀ သိန်းခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေအများဆုံးနေထိုင်သော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ရပ်ကွက်ပေါင်း ၂၀ နှင့် ကျေးရွာအုပ်စုကိုးအုပ်စု ရှိပြီး စက်မှုဇုန်များလည်းရှိသောကြောင့် ထိုစက်မှုဇုန်များအင်္ဂါနှင့်အညီ ဟန်ချက်ညီစေရန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်မှု၊ တရားဥပဒေစိုးမိုးရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများ နေရာချထားရေးဖော်ဆောင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ၂၀ ရပ်ကွက်ကို စံပြအဖြစ် အသိအမှတ်ပြုထားပြီး အမှတ်(၈) ရပ်ကွက်ကိုလည်း စံပြရပ်ကွက်အဖြစ် ရည်ရွယ်ထားကြောင်း နိုင်ငံပိုင်သတင်းစာအရ သိရသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
စံျပၿမိဳ႕နယ္အျဖစ္ လိႈင္သာယာၿမိဳ႕နယ္အားေဖာ္ေဆာင္မည္
စံျပၿမိဳ႕နယ္အျဖစ္ေဖာ္ေဆာင္ရာတြင္ အဓိကအခ်က္မွာ လမ္းမ်ားေကာင္းၿပီး ေရစီးေရလာေကာင္းရမည္ျဖစ္ၿပီး တရားဥပေဒစိုးမိုးမႈရွိရမည္ ဆိုသည့္အခ်က္ေပၚတြင္ စံျပအျဖစ္သတ္မွတ္ထားေၾကာင္း သိရသည္။
လိႈင္သာယာၿမိဳ႕နယ္ ကို က်န္စစ္သားလမ္းမႀကီးကိုဗဟိုျပဳ၍ အေရွ႕ျခမ္း၊ အေနာက္ျခမ္းပိုင္းျခားထားေၾကာင္း၊ အေရွ႕ျခမ္းတြင္ ရပ္ကြက္၊ ေက်းရြာ ၁၄ ခုႏွင့္ အေနာက္ပိုင္းတြင္ ရပ္ကြက္၊ ေက်းရြာ ၁၅ ခု သတ္မွတ္ကာ ရပ္ကြက္၊ေက်းရြာမ်ားအား စံျပၿမိဳ့နယ္ အျဖစ္ေဖာ္ေဆာင္သြားမည္ ျဖစ္ေၾကာင္းသိရသည္။
လႈိင္သာယာၿမိဳ့နယ္သည္ လူ ၁၀ သိန္းခန႔္ရွိၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္း လူဦးေရအမ်ားဆုံးေနထိုင္ေသာ ၿမိဳ့နယ္တစ္ခုျဖစ္ေၾကာင္း၊ ရပ္ကြက္ေပါင္း ၂၀ ႏွင့္ ေက်းရြာအုပ္စုကိုးအုပ္စု ရွိၿပီး စက္မႈဇုန္မ်ားလည္းရွိေသာေၾကာင့္ ထိုစက္မႈဇုန္မ်ားအဂၤါႏွင့္အညီ ဟန္ခ်က္ညီေစရန္ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္ၿပီး ၿမိဳ့နယ္အတြင္း ေရစီးေရလာေကာင္းမြန္မႈ၊ တရားဥပေဒစိုးမိုးေရးႏွင့္ ေရႊ႕ေျပာင္းေနထိုင္သူမ်ား ေနရာခ်ထားေရးေဖာ္ေဆာင္မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိ ၂၀ ရပ္ကြက္ကို စံၿပအျဖစ္ အသိအမွတ္ျပဳထားၿပီး အမွတ္(၈) ရပ္ကြက္ကိုလည္း စံျပရပ္ကြက္အျဖစ္ ရည္ရြယ္ထားေၾကာင္း ႏိုင္ငံပိုင္သတင္းစာအရ သိရသည္။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com