ပြည်တွင်းရွှေဈေးကျခဲ့သော်လည်း အဝယ်လိုက်၍ ပုံမှန်ဈေးပြန်ရောက်

ပြည်တွင်းရွှေဈေးကျခဲ့သော်လည်း အဝယ်လိုက်၍ ပုံမှန်ဈေးပြန်ရောက် - Property News in Myanmar from iMyanmarHouse.com
12 Mar 2020 11:57 am တွင် တင်ခဲ့သည်
937 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ပြည်တွင်ရွှေဈေးသည် သုံးရက်အတွင်း တစ်ကျပ်သား ကျပ်ခြောက်သောင်းကျော် ကျဆင်းခဲ့ပြီး မတ်လ ၁၁ရက် တွင် အဝယ်ပြန်လိုက်၍ ပုံမှန်ဈေးပြန်ရောက်လာသည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်းအခေါက်ရွှေဈေး သည် မတ်လ ၇ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၁,၂၁၅,၀၀၀ ခန့်မှ မတ်လ ၁၀ ရက် နံနက်တွင် ကျပ် ၁,၁၅၅,၀၀၀ ခန့်အထိကျကာ မတ် ၁၁ ရက်တွင် ကျပ် ၁,၁၇၈, ၀၀၀ ခန့်အထိ တက်ခဲ့သည်။

ဒေါ်လာဈေးကျဆင်းခြင်း၊ ဘဏ်တိုးနှုန်း လျှော့ချမည်ဟူသော ကောလာဟလသတင်းများ ထွက်ပေါ်ခြင်းကြောင့် ပြည်တွင်းရွှေအဝယ်လိုက်လာခြင်းဖြစ်သည်ဟု မြန်မာရွှေလုပ်ငန်းတိုးတက်ရေးအများပိုင်ကုမ္ပဏီဒါရိုက်တာ ဦးအုန်းမြိုင်ကပြောသည်။

ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေးသည် ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁,၃၀၇, ၀၀၀ အထိ မြင့်တက်ခဲ့သည်။ ထိုနှုန်းသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်ခဲ့သည်။

ထိုအချိန်က ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၁,၅၅၀ အထိ ရောက်ခဲ့သည်။ မတ်လ ၁၀ ရက်တွင် ကမ္ဘာ့ရွှေ ဈေးသည် တစ်အောင်စ ၁,၆၆၂ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။

မတ်လ ၁၀ ရက် နံနက်တွင် ရွှေဈေးသည် ဝယ်ယူမှုမရှိ၍ ဈေးကျပြီး လက်ရှိ ညနေပေါက်ဈေးသည် ဖြစ်သင့်ဖြစ်ထိုက်သည့်နှုန်းကို ပြန်လည်ရောက်ရှိခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦး ကျော်ဝင်းက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###










နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service