အုတ်နံရံများနှင့် အဆောက်အအုံများတွင် စိန်ပွင့် သန်းပေါင်းများစွာ မြှုပ်နှံထားသည့် ဂျာမနီက မြို့ကလေး

အုတ်နံရံများနှင့် အဆောက်အအုံများတွင် စိန်ပွင့် သန်းပေါင်းများစွာ မြှုပ်နှံထားသည့် ဂျာမနီက မြို့ကလေး - Property News in Myanmar from iMyanmarHouse.com
12 Mar 2020 11:47 am တွင် တင်ခဲ့သည်
12098 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

စိန်သည် လူအများစုအတွက် တန်ဖိုးကြီးမားသည့် အထိမ်းအမှတ် ပြယုဂ်တစ်ခုဖြစ်နေသော်လည်း ဂျာမနီနိုင်ငံတောင်ပိုင်း ဘာဗေးရီးယန်းပြည်နယ်မှ သာယာလှပသော နော်ဒလင်းငန် (Nördlingen) မြို့သားများအတွက်မူ နေ့စဉ်ဘဝတွင် အမြဲထိတွေ့နေရသည့် အရာများသာ ဖြစ်နေသည်။

နော်ဒလင်းငန်မြို့သားများသည် စိန်ပွင့်ပေါင်းများစွာကို ပိုင်ဆိုင်ထားသည့် ဘီလျံနာများဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

အမေရိကန်အစိုးရ၏ စမစ်ဆွန်နီယန် အင်စတီကျူးရှင်းက ထုတ်ဝေသော မဂ္ဂဇင်းကြီးတွင် ဖော်ပြချက်အရ လွန်ခဲ့သော နှစ်ပေါင်း ၁၅ သန်းခန့်က ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက အဆိုပါဒေသသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ရာမှတဆင့် နော်ဒလင်းငန်မြို့နှင့် ဝန်းကျင်ဒေသများ တွင် စိန်များဖြစ်တည်ခဲ့ပြီး တန်ချိန်အားဖြင့် ၇၂၀၀၀ အောက် မနည်းကြောင်း ခန့်မှန်းထားသည်။

မြို့ကလေးသို့ အလည်အပတ်သွားသူများအနေဖြင့် သာမန်မျက်လုံးဖြင့်ကြည့်မည်ဆိုလျှင်မူ ထူးခြားချက်တစုံတရာ တွေ့မည် မဟုတ်ချေ။

ဘာဗေးရီးယားပြည်နယ်ရှိ အခြားမြို့များနည်းတူသာဖြစ်သည်ဟု ယူဆကြမည် ဖြစ်သည်။

သို့ရာတွင် စေ့စေ့စပ်စပ်ကြည့်ရှုမည်ဆိုပါက အံ့အားသင့်မင်သက်ဖွယ်ကို တွေ့လာမည် ဖြစ်သည်။

နော်ဒလင်းငန်မြို့ အုတ်တံတိုင်းများ၊ အဆောက်အအုံများတွင် သေးငယ်သော စိန်ပွင့် သန်းပေါင်းများစွာ မြှုပ်နှံထားသည်ကို တွေ့လာရမည် ဖြစ်သည်။

ဂြိုဟ်သိမ်က ထိုဒေသသို့ ကျရောက်ခဲ့ချိန်တွင် အချင်း ၉ မိုင်ခန့်ရှိသော ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး Ries crater ဟု ခေါ်ခဲ့ကြသည်။

နော်ဒလင်းငန်မြို့ကလေးကို အဆိုပါ ချိုင့်ကြီးအတွင်း တည်ထားခဲ့ခြင်းဖြစ်သည်။

ဂြိုဟ်သိမ်ကျရောက်ပေါက်ကွဲစဉ် ဆူးဗိုက်ဟုခေါ်သော ကျောက်တစ်မျိုး ဖြစ်တည်စေခဲ့ပြီး အဆိုပါကျောက်တုံးများအတွင်းတွင် ဖန်၊ သလင်းနှင့် စိန်ပွင့်များ ဖြစ်တည်ခဲ့သည်။

ဂြိုဟ်သိမ်များ ကျရောက်သည့် အခြားနေရာများတွင်လည်း အလားတူ ဖြစ်တည်ကြလေ့ရှိသည်။

ရုတ်တရက်အလွန်ပြင်းထန်လှသော ဖိအားသက်ရောက်မှုကြောင့် ကျောက်များအရည်ပျော်ကာ မီးတောင်ချော်ကဲ့သို့ ကျောက်များအတွင်း စိန်ပွင့်များအဖြစ် ဖွဲ့စည်းဖြစ်တည်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါကျောက်တုံးများကို အသုံးပြုကာ အဆောက်အအုံများ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတင်ဆောက်လုပ်စဉ်ကမူ ကျောက်များအတွင်း စိန်ပွင့်များ တည်ရှိနေကြောင်း မသိခဲ့ကြဘဲ နောက်ပိုင်းတွင်မှ သိရှိလာကြခြင်း ဖြစ်သည်။

ဘူမိဗေဒပညာရှင်များဖြစ်သော ယူဂျီးန် ရှူးမိတ်ကာနှင့် အက်ဒ်ဝါ့ဒ် ချောင်တို့က ဂြိုဟ်သိမ်ကြောင့် မြို့ကလေးတည်ထားရာ ချိုင့်ဝှမ်းကြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မြို့ကလေးတွင် တည်ရှိသော စိန်ဂျော့ဟူသည့် ဘုရားကျောင်းတွင်ပင် ၅၀၀၀ ကာရက်ရှိသော စိန်ပွင့်များရှိသည်ဟုဆိုသည်။

ထိုသို့ စိန်ပွင့်ပါသည့် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများကို နော်ဒလင်းငန်မြို့ကလေးတွင်သာမက ဂျာမနီရှိ အခြားမြို့ကြီးများဖြစ်သော ဘာလင်နှင့် မြူးနစ်တို့တွင်လည်း တွေ့ရှိနိုင်ကြောင်း စမစ်ဆွန်နီယန်မဂ္ဂဇင်းတွင် ဖော်ပြသည်။

“အဲဒီ ဂြိုဟ်သိမ်ဟာ အလေးချိန်အားဖြင့် တန်ချိန် ၃ ဘီလီယံလောက်ရှိတယ်လို့ ကျွန်မတို့ ယူဆပါတယ်။ တနည်းအားဖြင့် နော်ဒလင်းငန်မြို့ကလေးတည်ထားတဲ့ အကျယ်အဝန်းအတိုင်းရှိမယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ”ဟု နော်ဒလင်းငန်မြို့၊ Ries Crater ပြတိုက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဂီးဇလာ ဖလစ္စကစ် (Gisela Pösges) က စမစ်ဆွန်နီယန်မဂ္ဂဇင်းသို့ ပြောကြားခဲ့ဖူးသည်။

နော်ဒလင်းငန်မြို့ကလေး၏ သမိုင်းကို ခြေရာခံလျှင် ရောမခေတ်အထိ ရောက်ရှိနိုင်သော်လည်း အဆိုပါဒေသတွင် အခြေချနေထိုင်မှုကို ပထမဆုံး စာပေမှတ်တမ်းဝင်ခဲ့သည်မှာ အေဒီ ၈၉၈ ခုနှစ်တွင် ဖြစ်သည်။

အလယ်ခေတ်တွင် ထင်ရှားသည့်နေရာတစ်ခုဖြစ်လာပြီး ကုန်သွယ်ရေးအချက်အခြာနေရာတစ်ခု ဖြစ်လာခဲ့သည်။

မြို့တည်ခဲ့သည်မှာ ၁၄ ရာစုတွင်ဖြစ်ပြီး နော်ဒလင်းငန်မြို့နံရံတံတိုင်းသည် ဂျာမနီတွင် ရာစုနှစ်များစွာ မူလအတိုင်း ထိန်းသိမ်းထားသည့် မြို့ ၃ ခုအနက် တစ်ခု အပါအဝင်လည်း ဖြစ်သည်။

စိန်ပွင့်များ၏ အရွယ်အစားမှာ ၀ ဒသမ ၃ မီလီမီတာခန့်သာရှိပြီး လူတို့၏ သာမာန်မျက်စိဖြင့် တွေ့မြင်နိုင်ခြင်းမရှိရာ စိန်ပွင့်များမှာ စီးပွားရေးအရ တန်ဖိုးမရှိချေ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

အုတ္နံရံမ်ားႏွင့္ အေဆာက္အအံုမ်ားတြင္ စိန္ပြင့္ သန္းေပါင္းမ်ားစြာ ျမွဳပ္ႏွံထားသည့္ ဂ်ာမနီက ျမိဳ႕ကေလး

စိန္သည္ လူအမ်ားစုအတြက္ တန္ဖိုးၾကီးမားသည့္ အထိမ္းအမွတ္ ျပယုဂ္တစ္ခုျဖစ္ေနေသာ္လည္း ဂ်ာမနီႏိုင္ငံေတာင္ပိုင္း ဘာေဗးရီးယန္းျပည္နယ္မွ သာယာလွပေသာ ေနာ္ဒလင္းငန္ (Nördlingen) ျမိဳ႕သားမ်ားအတြက္မူ ေန႔စဥ္ဘဝတြင္ အျမဲထိေတြ႔ေနရသည့္ အရာမ်ားသာ ျဖစ္ေနသည္။

ေနာ္ဒလင္းငန္ျမိဳ႕သားမ်ားသည္ စိန္ပြင့္ေပါင္းမ်ားစြာကို ပိုင္ဆိုင္ထားသည့္ ဘီလ်ံနာမ်ားျဖစ္သည္ဟု ဆိုရမည္ျဖစ္သည္။

အေမရိကန္အစိုးရ၏ စမစ္ဆြန္နီယန္ အင္စတီက်ဴးရွင္းက ထုတ္ေဝေသာ မဂၢဇင္းၾကီးတြင္ ေဖာ္ျပခ်က္အရ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၅ သန္းခန္႔က ျဂိဳဟ္သိမ္ျဂိဳဟ္မႊားတစ္ခုက အဆိုပါေဒသသို႔ က်ေရာက္ေပါက္ကြဲမႈျဖစ္ရာမွတဆင့္ ေနာ္ဒလင္းငန္ျမိဳ႕ႏွင့္ ဝန္းက်င္ေဒသမ်ား တြင္ စိန္မ်ားျဖစ္တည္ခဲ့ျပီး တန္ခ်ိန္အားျဖင့္ ၇၂၀၀၀ ေအာက္ မနည္းေၾကာင္း ခန္႔မွန္းထားသည္။

ျမိဳ႕ကေလးသို႔ အလည္အပတ္သြားသူမ်ားအေနျဖင့္ သာမန္မ်က္လံုးျဖင့္ၾကည့္မည္ဆိုလွ်င္မူ ထူးျခားခ်က္တစံုတရာ ေတြ႔မည္ မဟုတ္ေခ်။

ဘာေဗးရီးယားျပည္နယ္ရွိ အျခားျမိဳ႕မ်ားနည္းတူသာျဖစ္သည္ဟု ယူဆၾကမည္ ျဖစ္သည္။

သို႔ရာတြင္ ေစ့ေစ့စပ္စပ္ၾကည့္ရႈမည္ဆိုပါက အံ့အားသင့္မင္သက္ဖြယ္ကို ေတြ႔လာမည္ ျဖစ္သည္။

ေနာ္ဒလင္းငန္ျမိဳ႕ အုတ္တံတိုင္းမ်ား၊ အေဆာက္အအံုမ်ားတြင္ ေသးငယ္ေသာ စိန္ပြင့္ သန္းေပါင္းမ်ားစြာ ျမွဳပ္ႏွံထားသည္ကို ေတြ႔လာရမည္ ျဖစ္သည္။

ျဂိဳဟ္သိမ္က ထိုေဒသသို႔ က်ေရာက္ခဲ့ခ်ိန္တြင္ အခ်င္း ၉ မိုင္ခန္႔ရွိေသာ ခ်ဳိင့္ၾကီးတစ္ခု ျဖစ္ေပၚခဲ့ျပီး Ries crater ဟု ေခၚခဲ့ၾကသည္။

ေနာ္ဒလင္းငန္ျမိဳ႕ကေလးကို အဆိုပါ ခ်ဳိင့္ၾကီးအတြင္း တည္ထားခဲ့ျခင္းျဖစ္သည္။

ျဂိဳဟ္သိမ္က်ေရာက္ေပါက္ကြဲစဥ္ ဆူးဗိုက္ဟုေခၚေသာ ေက်ာက္တစ္မ်ဳိး ျဖစ္တည္ေစခဲ့ျပီး အဆိုပါေက်ာက္တံုးမ်ားအတြင္းတြင္ ဖန္၊ သလင္းႏွင့္ စိန္ပြင့္မ်ား ျဖစ္တည္ခဲ့သည္။

ျဂိဳဟ္သိမ္မ်ား က်ေရာက္သည့္ အျခားေနရာမ်ားတြင္လည္း အလားတူ ျဖစ္တည္ၾကေလ့ရွိသည္။

ရုတ္တရက္အလြန္ျပင္းထန္လွေသာ ဖိအားသက္ေရာက္မႈေၾကာင့္ ေက်ာက္မ်ားအရည္ေပ်ာ္ကာ မီးေတာင္ေခ်ာ္ကဲ့သို႔ ေက်ာက္မ်ားအတြင္း စိန္ပြင့္မ်ားအျဖစ္ ဖြဲ႔စည္းျဖစ္တည္ခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါေက်ာက္တံုးမ်ားကို အသံုးျပဳကာ အေဆာက္အအံုမ်ား ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး စတင္ေဆာက္လုပ္စဥ္ကမူ ေက်ာက္မ်ားအတြင္း စိန္ပြင့္မ်ား တည္ရွိေနေၾကာင္း မသိခဲ့ၾကဘဲ ေနာက္ပိုင္းတြင္မွ သိရွိလာၾကျခင္း ျဖစ္သည္။

ဘူမိေဗဒပညာရွင္မ်ားျဖစ္ေသာ ယူဂ်ီးန္ ရွဴးမိတ္ကာႏွင့္ အက္ဒ္ဝါ့ဒ္ ေခ်ာင္တို႔က ျဂိဳဟ္သိမ္ေၾကာင့္ ျမိဳ႕ကေလးတည္ထားရာ ခ်ဳိင့္ဝွမ္းၾကီး ျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္သည္။

ျမိဳ႕ကေလးတြင္ တည္ရွိေသာ စိန္ေဂ်ာ့ဟူသည့္ ဘုရားေက်ာင္းတြင္ပင္ ၅၀၀၀ ကာရက္ရွိေသာ စိန္ပြင့္မ်ားရွိသည္ဟုဆိုသည္။

ထိုသို႔ စိန္ပြင့္ပါသည့္ ေက်ာက္တံုးမ်ားျဖင့္ ေဆာက္လုပ္ထားသည့္ အေဆာက္အအံုမ်ားကို ေနာ္ဒလင္းငန္ျမိဳ႕ကေလးတြင္သာမက ဂ်ာမနီရွိ အျခားျမိဳ႕ၾကီးမ်ားျဖစ္ေသာ ဘာလင္ႏွင့္ ျမဴးနစ္တို႔တြင္လည္း ေတြ႔ရွိႏိုင္ေၾကာင္း စမစ္ဆြန္နီယန္မဂၢဇင္းတြင္ ေဖာ္ျပသည္။

“အဲဒီ ျဂိဳဟ္သိမ္ဟာ အေလးခ်ိန္အားျဖင့္ တန္ခ်ိန္ ၃ ဘီလီယံေလာက္ရွိတယ္လို႔ ကၽြန္မတို႔ ယူဆပါတယ္။ တနည္းအားျဖင့္ ေနာ္ဒလင္းငန္ျမိဳ႕ကေလးတည္ထားတဲ့ အက်ယ္အဝန္းအတိုင္းရွိမယ္လို႔ ကၽြန္မတို႔ ထင္ပါတယ္။ ”ဟု ေနာ္ဒလင္းငန္ျမိဳ႕၊ Ries Crater ျပတိုက္မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဂီးဇလာ ဖလစၥကစ္ (Gisela Pösges) က စမစ္ဆြန္နီယန္မဂၢဇင္းသို႔ ေျပာၾကားခဲ့ဖူးသည္။

ေနာ္ဒလင္းငန္ျမိဳ႕ကေလး၏ သမိုင္းကို ေျခရာခံလွ်င္ ေရာမေခတ္အထိ ေရာက္ရွိႏိုင္ေသာ္လည္း အဆိုပါေဒသတြင္ အေျခခ်ေနထိုင္မႈကို ပထမဆံုး စာေပမွတ္တမ္းဝင္ခဲ့သည္မွာ ေအဒီ ၈၉၈ ခုႏွစ္တြင္ ျဖစ္သည္။

အလယ္ေခတ္တြင္ ထင္ရွားသည့္ေနရာတစ္ခုျဖစ္လာျပီး ကုန္သြယ္ေရးအခ်က္အျခာေနရာတစ္ခု ျဖစ္လာခဲ့သည္။

ျမိဳ႕တည္ခဲ့သည္မွာ ၁၄ ရာစုတြင္ျဖစ္ျပီး ေနာ္ဒလင္းငန္ျမိဳ႕နံရံတံတိုင္းသည္ ဂ်ာမနီတြင္ ရာစုႏွစ္မ်ားစြာ မူလအတိုင္း ထိန္းသိမ္းထားသည့္ ျမိဳ႕ ၃ ခုအနက္ တစ္ခု အပါအဝင္လည္း ျဖစ္သည္။

စိန္ပြင့္မ်ား၏ အရြယ္အစားမွာ ၀ ဒသမ ၃ မီလီမီတာခန္႔သာရွိျပီး လူတို႔၏ သာမာန္မ်က္စိျဖင့္ ေတြ႔ျမင္ႏိုင္ျခင္းမရွိရာ စိန္ပြင့္မ်ားမွာ စီးပြားေရးအရ တန္ဖိုးမရွိေခ်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service