ဇွဲကပင် ကေဘယ်ကားလုပ်ငန်းကို ရင်းနှီးမြှပ်နှံမူကော်မရှင်ခွင့်ပြု

ဇွဲကပင် ကေဘယ်ကားလုပ်ငန်းကို ရင်းနှီးမြှပ်နှံမူကော်မရှင်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
12 Mar 2020 11:28 am တွင် တင်ခဲ့သည်
2517 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကရင်ပြည်နယ် ဇွဲကပင်တောင်ခြေတွင် ဆောင်ရွက်နေသည့် ဇွဲကပင်ကေဘယ်ကားလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မတ်လ ၆ ရက်တွင် ခွင့်ပြုကြောင်း ထုတ်ပြန်သည်။

ထိုစီမံကိန်းသည် ရာခိုင်နှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ဇွဲကပင်တောင်ခြေနှင့် ဇွဲကပင်ကြိုးပြင်ကာကွယ်တောတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားအဖြစ် ခွင့်ပြုခြင်းဖြစ်သည် ဟု ကော်မရှင်က ထုတ်ပြန်သည်။

ကော်မရှင်ကခွင့်ပြုရာတွင် အထက်ပါလုပ်ငန်းနှင့်အတူ အခြားလုပ်ငန်းကိုးခုဖြင့် ခွင့်ပြုခြင်း ဖြစ်သည်။ ထိုလုပ်ငန်းအားလုံး၏ တန်ဖိုးသည်စုစုပေါင်းကန်ဒေါ်လာသန်း ၁၃၀ ကျော်ရှိသည်။

ဇွဲကပင် ကေဘယ်ကားစီမံကိန်းကို ၂၀၁၈ ကစတင်ပြီး ကုမ္ပဏီလေးခု ပူးပေါင်းအကောင်အထည်ဖော်ခဲ့ခြင်းဖြစ် သည်။ ဇွဲကပင်မြေနှင့် ကေဘယ်ကားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်ကို ဒါရိုက်တာလေးဦးဖြင့် ၂၀၁၈ တွင် တည်ထောင်ထားသည်။ ဇွဲကပင်ကေဘယ်ကားစီမံကိန်းတန်ဖိုးသည် ကန်ဒေါ်လာ ၁၂ သန်းကျော်ရှိမည်ဟု ကုမ္ပဏီက ပြောကြားထားသည်။

၂၀၂၀ မေလတွင် ကေဘယ်ကားပြေးဆွဲမည်ဟု အဆိုပါ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးဗညားဇော်က ပြောကြားထားသည်။

ထိုစီမံကိန်းတွင် လူ ၅၀ စီလိုက်ပါနိုင်သည့် ကေဘယ် ကားအစီး ၂ စီး ဖြင့် စတင်အတက်၊ အဆင်းဆောင်ရွက်မည်ဖြစ်ပြီး စီးနင်းခအဖြစ် လူတစ်ဦးလျှင် ကျပ် ၅,၀၀၀ ကောက်ခံမည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###










နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service