ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
စင်္ကာပူတွင် ၂၀၁၉ ခုနှစ်အတွင်း ပိုင်ရှင်များကိုယ်တိုင်လေလံတင်မှုများနှင့် အပေါင်ဆုံးလေလံတင်မှုများ နှစ်ခုစလုံးအင်အားအလွန်ကောင်းခဲ့သဖြင့် ၂၀၁၈ ခုနှစ်ကထက် ၃၄ ရာခိုင်နှုန်းဖြင့် စံချိန်တင်မြင့်တက်ခဲ့ပြီး အရေအတွက်အားဖြင့် ၁,၄၅၈ ခု ရှိခဲ့ကြောင်း ကမ္ဘာ့အိမ်ခြံမြေကုမ္ပဏီ Colliers International က ထုတ်ပြန်ခဲ့သည်။
အပေါင်ဆုံးလေလံတင်မှုများသည် စုစုပေါင်း ၇၅၁ ခု ရှိခဲ့ပြီး ၂၀၁၈ ကထက် ၅၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ပိုင်ရှင်များကိုယ်တိုင်လေလံတင်မှုများမှာ ၇၀၇ ခု ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ၁၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
လေလံတင်မှုများတွင် လူနေအိမ်ခြံမြေများမှာ ၇၉၈ ခု ရှိခဲ့ကြောင်း သိရသည်။
လူနေအိမ်ခြံမြေများသည် စုစုပေါင်းအပေါင်ဆုံးလေလံတင်မှုများ၏ ၅၇ ဒသမ ၅ ရာခိုင်နှုန်း (အရေအတွက်အားဖြင့် ၄၃၂ ခု) လည်း ရှိကြောင်း သိရသည်။
ယင်းသို့ လေလံတင်စာရင်းမြင့်တက်လာသော်လည်း လေလံပွဲများတွင် ရောင်းချရသည့် အိမ်ခြံမြေအရေအတွက်သည် ၂၀၁၈ ခုနှစ်တွင် ၃၅ ခု ရှိခဲ့ရာမှ ၂၀၁၉ တွင် ၂၁ သာ ရှိခဲ့ပြီး ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ထို့ကြောင့် ၂၀၁၉ လေလံအောင်နှုန်းသည် ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၀၁၈ လေလံအောင်နှုန်း ၃ ဒသမ ၂ ရာခိုင်နှုန်းအောက် လျော့နည်းခဲ့ပေသည်။
ထိုကဲ့သို့ ကျဆင်းလာသော လေလံအောင်နှုန်းသည် ရောင်းသူနှင့်ဝယ်သူအကြား ဈေးနှုန်းကွာဟချက် ဆက်လက်မြင့်မားနေသည်ကို ညွန်ပြခဲ့ခြင်းဖြစ်သည်ဟု Colliers International ၏ ငွေလုံးငွေရင်းဈေးကွက်အကြီးတန်းဒါရိုက်တာ စတီဗင်တန်က ပြောကြားခဲ့သည်။
ယခုနှစ်တွင်ရောင်းချခဲ့ရသည့် အိမ်ခြံမြေ ၂၁ ခုအနက် ၈ ခုသာလျှင် ၎င်းတို့၏အဖွင့်ဈေးထက် ပိုမိုရရှိခဲ့ကြောင်း၊ လေလံပွဲများအတွင်း ဝယ်လက်များက သတိထားရပ်တည်ခဲ့ကြပြီး ရောင်းသူများကလည်း ဈေးမလျှော့ဘဲတင်းခံခဲ့ကြသည်ဟုလည်း သူက ပြောကြားခဲ့သည်။
ဆက်လက်ပြီးတော့လည်း Colliers International ၏ သုတေသနဌာနက “ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်အတူ မရေရာသောစီးပွားရေးအခြေအနေကြောင့် ရောင်းထုတ်လာသည့်အိမ်ခြံမြေများပြားလာသဖြင့် ယခု ၂၀၂၀ ပြည့်နှစ်၏ စုစုပေါင်းလေလံတင်မှုသည် ၁၀ ရာခိုင်နှုန်း ပိုမိုတိုးတက်လာမည်” ဟုလည်း ခန့်မှန်းခဲ့ကြောင့် သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ေလလံတင္မႈမ်ား ၂၀၁၉ တြင္ ၃၄ ရာခိုင္ႏႈန္းျဖင့္ စံခ်ိန္တင္ျမင့္တက္
စကၤာပူတြင္ ၂၀၁၉ ခုႏွစ္အတြင္း ပိုင္ရွင္မ်ားကိုယ္တိုင္ေလလံတင္မႈမ်ားႏွင့္ အေပါင္ဆုံးေလလံတင္မႈမ်ား ႏွစ္ခုစလုံးအင္အားအလြန္ေကာင္းခဲ့သျဖင့္ ၂၀၁၈ ခုႏွစ္ကထက္ ၃၄ ရာခိုင္ႏႈန္းျဖင့္ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး အေရအတြက္အားျဖင့္ ၁,၄၅၈ ခု ရွိခဲ့ေၾကာင္း ကမာၻ႔အိမ္ၿခံေျမကုမၸဏီ Colliers International က ထုတ္ျပန္ခဲ့သည္။
အေပါင္ဆုံးေလလံတင္မႈမ်ားသည္ စုစုေပါင္း ၇၅၁ ခု ရွိခဲ့ၿပီး ၂၀၁၈ ကထက္ ၅၉ ဒသမ ၁ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ကာ ပိုင္ရွင္မ်ားကိုယ္တိုင္ေလလံတင္မႈမ်ားမွာ ၇၀၇ ခု ရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္ထက္ ၁၄ ဒသမ ၈ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။
ေလလံတင္မႈမ်ားတြင္ လူေနအိမ္ၿခံေျမမ်ားမွာ ၇၉၈ ခု ရွိခဲ့ေၾကာင္း သိရသည္။
လူေနအိမ္ၿခံေျမမ်ားသည္ စုစုေပါင္းအေပါင္ဆုံးေလလံတင္မႈမ်ား၏ ၅၇ ဒသမ ၅ ရာခိုင္ႏႈန္း (အေရအတြက္အားျဖင့္ ၄၃၂ ခု) လည္း ရွိေၾကာင္း သိရသည္။
ယင္းသို႔ ေလလံတင္စာရင္းျမင့္တက္လာေသာ္လည္း ေလလံပြဲမ်ားတြင္ ေရာင္းခ်ရသည့္ အိမ္ၿခံေျမအေရအတြက္သည္ ၂၀၁၈ ခုႏွစ္တြင္ ၃၅ ခု ရွိခဲ့ရာမွ ၂၀၁၉ တြင္ ၂၁ သာ ရွိခဲ့ၿပီး ၄၀ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။
ထို႔ေၾကာင့္ ၂၀၁၉ ေလလံေအာင္ႏႈန္းသည္ ရာခိုင္ႏႈန္းအားျဖင့္ ၁ ဒသမ ၄ ရာခိုင္ႏႈန္းသာ ရွိခဲ့ၿပီး ၂၀၁၈ ေလလံေအာင္ႏႈန္း ၃ ဒသမ ၂ ရာခိုင္ႏႈန္းေအာက္ ေလ်ာ့နည္းခဲ့ေပသည္။
ထိုကဲ့သို႔ က်ဆင္းလာေသာ ေလလံေအာင္ႏႈန္းသည္ ေရာင္းသူႏွင့္ဝယ္သူအၾကား ေဈးႏႈန္းကြာဟခ်က္ ဆက္လက္ျမင့္မားေနသည္ကို ၫြန္ျပခဲ့ျခင္းျဖစ္သည္ဟု Colliers International ၏ ေငြလုံးေငြရင္းေဈးကြက္အႀကီးတန္းဒါ႐ိုက္တာ စတီဗင္တန္က ေျပာၾကားခဲ့သည္။
ယခုႏွစ္တြင္ေရာင္းခ်ခဲ့ရသည့္ အိမ္ၿခံေျမ ၂၁ ခုအနက္ ၈ ခုသာလွ်င္ ၎တို႔၏အဖြင့္ေဈးထက္ ပိုမိုရရွိခဲ့ေၾကာင္း၊ ေလလံပြဲမ်ားအတြင္း ဝယ္လက္မ်ားက သတိထားရပ္တည္ခဲ့ၾကၿပီး ေရာင္းသူမ်ားကလည္း ေဈးမေလွ်ာ့ဘဲတင္းခံခဲ့ၾကသည္ဟုလည္း သူက ေျပာၾကားခဲ့သည္။
ဆက္လက္ၿပီးေတာ့လည္း Colliers International ၏ သုေတသနဌာနက “ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈႏွင့္အတူ မေရရာေသာစီးပြားေရးအေျခအေနေၾကာင့္ ေရာင္းထုတ္လာသည့္အိမ္ၿခံေျမမ်ားျပားလာသျဖင့္ ယခု ၂၀၂၀ ျပည့္ႏွစ္၏ စုစုေပါင္းေလလံတင္မႈသည္ ၁၀ ရာခိုင္ႏႈန္း ပိုမိုတိုးတက္လာမည္” ဟုလည္း ခန႔္မွန္းခဲ့ေၾကာင့္ သိရသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com