ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆)ခု အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြုခဲ့ကြောင်း မတ်လ ၆ ရက်က ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ပြုလုပ်သော (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှသိရသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ဆဲလုပ်ငန်း (၉) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊မွေးမြူရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် (၆) ခုကို ခွင့်ပြုခဲ့ကြောင်း၊အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာ (၁၃၁.၁၂၅) သန်းနှင့် ကျပ် (၁၁၃,၈၁၀.၃၃၅) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၂,၈၅၀) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်နိုင်ငံပေါင်း (၅၀)မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၇၀ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၄၅ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၀၃ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားပြီး ယခုနှစ် ဇန်နဝါရီလကုန်အထိ စင်ကာပူ၊ တရုတ်နှင့် ထိုင်း နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားကြောင်းသိရသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရင္းႏွီးျမႇုဳပ္ႏွံမႈလုပ္ငန္း (၆)ခု အား ျမန္မာနိုင္ငံရင္းႏွီးျမႇုဳပ္ႏွံမႈေကာ္မရွင္မွခြင့္ျပဳ
ရင္းႏွီးျမႇုဳပ္ႏွံမႈလုပ္ငန္း (၆)ခု အား ျမန္မာနိုင္ငံရင္းႏွီးျမႇုဳပ္ႏွံမႈေကာ္မရွင္မွခြင့္ျပဳခဲ့ေၾကာင္း မတ္လ ၆ ရက္က ရန္ကုန္ၿမိဳ႕ရွိ ေကာ္မရွင္အစည္းအေဝးခန္းမ၌ ျပဳလုပ္ေသာ (၄/၂၀၂၀) ႀကိမ္ေျမာက္ အစည္းအေဝးမွသိရသည္။
အစည္းအေဝးသို႔ ျမန္မာနိုင္ငံ ရင္းႏွီးျမႇုဳပ္ႏွံမႈေကာ္မရွင္ ဥကၠ႒ ဦးေသာင္းထြန္း၊ ဒုတိယဥကၠ႒ ေဒါက္တာသန္းျမင့္ႏွင့္ အဖြဲ႕ဝင္ (၉)ဦး တက္ေရာက္ခဲ့ၾကၿပီး ေဆာင္ရြက္ဆဲလုပ္ငန္း (၉) ခုမွ မတည္ေငြရင္း တိုးျမႇင့္ျခင္းအပါအဝင္ ကုန္ထုတ္လုပ္မႈက႑၊ေမြးျမဴေရးက႑၊ စိုက္ပ်ိဳးေရးက႑ႏွင့္ အျခားဝန္ေဆာင္မႈက႑တို႔မွ လုပ္ငန္းအသစ္ (၆) ခုကို ခြင့္ျပဳခဲ့ေၾကာင္း၊အဆိုပါလုပ္ငန္းမ်ား၏ ရင္ႏွီးျမႇုဳပ္ႏွံမႈပမာဏမွာအေမရိကန္ေဒၚလာ (၁၃၁.၁၂၅) သန္းႏွင့္ က်ပ္ (၁၁၃,၈၁၀.၃၃၅) သန္းရွိၿပီး ျပည္တြင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၂,၈၅၀) ေနရာကို ဖန္တီးေပးနိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္နိုင္ငံေပါင္း (၅၀)မွ စီးပြားေရးက႑ (၁၂) ခုတြင္ အမ်ားဆုံး ရင္းႏွီးျမႇုဳပ္ႏွံထားၿပီး ေရနံႏွင့္သဘာဝဓါတ္ေငြ႔က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇုဳပ္ႏွံမႈ၏ (၂၆.၇၀ ရာခိုင္ႏႈန္း)ျဖင့္လည္းေကာင္း၊ လၽွပ္စစ္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇုဳပ္ႏွံမႈ၏ (၂၆.၄၅ ရာခိုင္ႏႈန္း)ျဖင့္ လည္းေကာင္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇုဳပ္ႏွံမႈ၏ (၁၄.၀၃ ရာခိုင္ႏႈန္း) ျဖင့္လည္းေကာင္း ရင္းႏွီးျမဳႇုပ္ႏွံထားၿပီး ယခုႏွစ္ ဇန္နဝါရီလကုန္အထိ စင္ကာပူ၊ တ႐ုတ္ႏွင့္ ထိုင္း နိုင္ငံတို႔မွ ရင္းႏွီးျမႇုဳပ္ႏွံမႈအမ်ားဆုံး ျပဳလုပ္ထားေၾကာင္းသိရသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com