ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှေးအရှုဆုံးကုမ္ပဏီ ၁၀၀ စာရင်းတွင် စင်္ကာပူအိမ်ခြံမြေ developer ၂ ခု ပါဝင်

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှေးအရှုဆုံးကုမ္ပဏီ ၁၀၀ စာရင်းတွင် စင်္ကာပူအိမ်ခြံမြေ developer ၂ ခု ပါဝင် - Property News in Myanmar from iMyanmarHouse.com
10 Mar 2020 10:53 am တွင် တင်ခဲ့သည်
627 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ယမန်နှစ်စာရင်းတွင် အဆင့် ၂၅ နှင့် ၃၃ တို့မှ ကျဆင်းခဲ့သော်ငြားလည်း စင်္ကာပူအိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) City Developments (CDL) နှင့် CapitaLand တို့သည် ၁၆ ကြိမ်မြောက်ဖြစ်သော ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှေးအရှုဆုံးကုမ္ပဏီ ၁၀၀ စာရင်းတွင် အဆင့် ၃၆ နှင့် ၆၃ တို့ဖြင့် ဆက်လက်နေရာယူထားနိုင်ခဲ့ကြောင်း သည်စထရိတ်တိုင်းမ်စ် စင်္ကာပူနေ့စဉ်ထုတ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ထိုစာရင်းသည် ကာဗွန်ထုတ်လွှတ်မှုလျှော့ချမှု၊ စွန့်ပစ်ပစ္စည်းလျှော့ချမှု၊ လူမှု-ပတ်ဝန်းကျင်အကျိုးပြုထုတ်ကုန်နှင့်ဝန်ဆောင်မှုများမှ ဝင်ငွေရရှိမှု၊ ကုမ္ပဏီခေါင်းဆောင်ပိုင်းများတွင် ကျားမအချိုးကွာဟမှုနှင့် စီအီးအိုမှသည် အောက်ခြေဝန်ထမ်း၏ လစာအချိုးစသည့် အတိုင်းအတာတို့အပေါ်အခြေခံ၍ ကမ္ဘာ့ကုမ္ပဏီကြီးများကို အကဲဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်စာရင်းကို တိုရွန်တိုအခြေစိုက် ပတ်ဝန်းကျင်အကျိုးရှေးရှုသည့် မဂ္ဂဇင်းနှင့်သုတေသနကုမ္ပဏီ Corporate Knights က စုစည်းခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီတစ်ခုချင်းစီ၏ စုစုပေါင်းရမှတ်များတွင် ၅၀ ရာခိုင်နှုန်းသည် လူမှု-ပတ်ဝန်းကျင်အကျိုးပြုထုတ်ကုန်နှင့်ဝန်ဆောင်မှုများမှ ဝင်ငွေရရှိမှုအပေါ် အခြေခံသည်။

၎င်းယခုနှစ်ထိပ်တန်းကုမ္ပဏီ ၁၀၀ သည် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ရှိကြသည့် ကော်ပိုရေးရှင်း ၇,၃၉၅ ခုအနက်မှ ဖြစ်သည်။

ထိုလေ့လာမှုတွင် အိမ်ခြံမြေကုမ္ပဏီ ၂၂၉ ခု ပါဝင်ခဲ့ပြီး ယင်းစင်္ကာပူကုမ္ပဏီနှစ်ခုဖြစ်သော City Developments (CDL) နှင့် CapitaLand တို့ကသာ အိမ်ခြံမြေကုမ္ပဏီအနေဖြင့် ပါဝင်ဖော်ပြခံရခြင်းဖြစ်သည်။

“ရာသီဥတုပြောင်းလဲမှုက ကျွန်တော်တို့အားလုံးအပေါ် အကျိုးသက်ရောက်ပါတယ်။ အဲ့ဒီသက်ရောက်မှုကို လျော့ပါးစေဖို့ ညီညီညွတ်ညွတ်ဆောင်ရွက်ကြဖို့ လိုပါတယ်။” ဟု CDL group ၏ အမှုဆောင်အရာရှိချုပ် ရှာမန်ကွက်ခ်က ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ငွေကြေးအကျိုးအမြတ်တင်မကဘဲ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံသူတွေ၊ ရှယ်ယာရှင်တွေနဲ့ လူ့အဖွဲ့အစည်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆီ ဆွဲခေါ်ဖို့အတွက်ပါ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ကြိုးပမ်းအားထုတ်မှုအတွက် အခုလိုအသိအမှတ်ပြုခံရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။” ဟုလည်း သူက ‌ပြောကြားခဲ့သည်။

CapitaLand ၏ လူမှုပတ်ဝန်းကျင်ရှေးရှုရေးအရာရှိချုပ် လင်းနက်လီယွန်ကလည်း “အာရှရဲ့အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းစုတစ်ခုအနေနဲ့ CapitaLand က ကြီးမားတဲ့လုပ်ငန်းတွေကတစ်ဆင့် ပိုပြီးအကျိုးရှိရှိလွှမ်းမိုးနိုင်ပါတယ်။” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ကမာၻ႔ပတ္ဝန္းက်င္ထိန္းသိမ္းေရးေရွးအရႈဆုံးကုမၸဏီ ၁၀၀ စာရင္းတြင္ စကၤာပူအိမ္ၿခံေျမ developer ၂ ခု ပါဝင္

ယမန္ႏွစ္စာရင္းတြင္ အဆင့္ ၂၅ ႏွင့္ ၃၃ တို႔မွ က်ဆင္းခဲ့ေသာ္ျငားလည္း စကၤာပူအိမ္ၿခံေျမ developer (ေျမယာဝယ္ယူ၍ အေဆာက္အအုံေဆာက္လုပ္ေရာင္းခ်ေရးကုမၸဏီ) City Developments (CDL) ႏွင့္ CapitaLand တို႔သည္ ၁၆ ႀကိမ္ေျမာက္ျဖစ္ေသာ ၂၀၂၀ ျပည့္ႏွစ္ ကမာၻ႔ပတ္ဝန္းက်င္ထိန္းသိမ္းေရးေရွးအရႈဆုံးကုမၸဏီ ၁၀၀ စာရင္းတြင္ အဆင့္ ၃၆ ႏွင့္ ၆၃ တို႔ျဖင့္ ဆက္လက္ေနရာယူထားႏိုင္ခဲ့ေၾကာင္း သည္စထရိတ္တိုင္းမ္စ္ စကၤာပူေန႔စဥ္ထုတ္သတင္းစာ၏ ေဖာ္ျပခ်က္အရ သိရသည္။

ထိုစာရင္းသည္ ကာဗြန္ထုတ္လႊတ္မႈေလွ်ာ့ခ်မႈ၊ စြန႔္ပစ္ပစၥည္းေလွ်ာ့ခ်မႈ၊ လူမႈ-ပတ္ဝန္းက်င္အက်ိဳးျပဳထုတ္ကုန္ႏွင့္ဝန္ေဆာင္မႈမ်ားမွ ဝင္ေငြရရွိမႈ၊ ကုမၸဏီေခါင္းေဆာင္ပိုင္းမ်ားတြင္ က်ားမအခ်ိဳးကြာဟမႈႏွင့္ စီအီးအိုမွသည္ ေအာက္ေျခဝန္ထမ္း၏ လစာအခ်ိဳးစသည့္ အတိုင္းအတာတို႔အေပၚအေျခခံ၍ ကမာၻ႔ကုမၸဏီႀကီးမ်ားကို အကဲျဖတ္ခဲ့ျခင္းျဖစ္သည္။ ယခုႏွစ္စာရင္းကို တို႐ြန္တိုအေျခစိုက္ ပတ္ဝန္းက်င္အက်ိဳးေရွးရႈသည့္ မဂၢဇင္းႏွင့္သုေတသနကုမၸဏီ Corporate Knights က စုစည္းခဲ့ျခင္းျဖစ္သည္။

ကုမၸဏီတစ္ခုခ်င္းစီ၏ စုစုေပါင္းရမွတ္မ်ားတြင္ ၅၀ ရာခိုင္ႏႈန္းသည္ လူမႈ-ပတ္ဝန္းက်င္အက်ိဳးျပဳထုတ္ကုန္ႏွင့္ဝန္ေဆာင္မႈမ်ားမွ ဝင္ေငြရရွိမႈအေပၚ အေျခခံသည္။

၎ယခုႏွစ္ထိပ္တန္းကုမၸဏီ ၁၀၀ သည္ ဝင္ေငြ အေမရိကန္ေဒၚလာ ၁ ဘီလ်ံေက်ာ္ရွိၾကသည့္ ေကာ္ပိုေရးရွင္း ၇,၃၉၅ ခုအနက္မွ ျဖစ္သည္။

ထိုေလ့လာမႈတြင္ အိမ္ၿခံေျမကုမၸဏီ ၂၂၉ ခု ပါဝင္ခဲ့ၿပီး ယင္းစကၤာပူကုမၸဏီႏွစ္ခုျဖစ္ေသာ City Developments (CDL) ႏွင့္ CapitaLand တို႔ကသာ အိမ္ၿခံေျမကုမၸဏီအေနျဖင့္ ပါဝင္ေဖာ္ျပခံရျခင္းျဖစ္သည္။

“ရာသီဥတုေျပာင္းလဲမႈက ကြၽန္ေတာ္တို႔အားလုံးအေပၚ အက်ိဳးသက္ေရာက္ပါတယ္။ အဲ့ဒီသက္ေရာက္မႈကို ေလ်ာ့ပါးေစဖို႔ ညီညီၫြတ္ၫြတ္ေဆာင္႐ြက္ၾကဖို႔ လိုပါတယ္။” ဟု CDL group ၏ အမႈေဆာင္အရာရွိခ်ဳပ္ ရွာမန္ကြက္ခ္က ေျပာၾကားခဲ့သည္။

စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ ေငြေၾကးအက်ိဳးအျမတ္တင္မကဘဲ သက္ဆိုင္ရာရင္းႏွီးျမႇဳပ္ႏွံသူေတြ၊ ရွယ္ယာရွင္ေတြနဲ႔ လူ႔အဖြဲ႕အစည္းကို သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆီ ဆြဲေခၚဖို႔အတြက္ပါ တာဝန္ရွိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ႀကိဳးပမ္းအားထုတ္မႈအတြက္ အခုလိုအသိအမွတ္ျပဳခံရတဲ့အတြက္လည္း ဂုဏ္ယူမိပါတယ္။” ဟုလည္း သူက ‌ေျပာၾကားခဲ့သည္။

CapitaLand ၏ လူမႈပတ္ဝန္းက်င္ေရွးရႈေရးအရာရွိခ်ဳပ္ လင္းနက္လီယြန္ကလည္း “အာရွရဲ႕အႀကီးဆုံးအိမ္ၿခံေျမလုပ္ငန္းစုတစ္ခုအေနနဲ႔ CapitaLand က ႀကီးမားတဲ့လုပ္ငန္းေတြကတစ္ဆင့္ ပိုၿပီးအက်ိဳးရွိရွိလႊမ္းမိုးႏိုင္ပါတယ္။” ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service