ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက မြေငှားစာချုပ်ပေးပို့ရန်ကျန်ရှိနေသည့် စီမံကိန်းများအတွက် ပေးပို့သွားမည့် အခြေအနေနှင့် ပင်မစီမံကိန်းလုပ်ငန်းစတင်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါကော်မတီ၏ (၂/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှသိရသည်။
အဆိုပါကော်မတီ၏ (၂/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မတ်လ ၄ ရက်က ရုံးအမှတ် (၂၇)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ကနဦးစီမံကိန်းလုပ်ငန်းများအနက် မြေငှားစာချုပ်ပေးပို့ရန်ကျန်ရှိနေသည့် စီမံကိန်းများ အတွက် ပေးပို့သွားမည့် အခြေအနေနှင့် ပင်မစီမံကိန်း လုပ်ငန်းစတင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ပြီး အတည်ပြုရန် ကိစ္စများအားဆုံးဖြတ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အစည်းအဝေးကိုထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ၊ ဒေါက်တာထွန်းနိုင်၊ယင်းကော်မတီ၏ဒုတိယဥက္ကဋ္ဌ(၁) တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်း၊ SPV (မြန်မာ) မှ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ FERDမှညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊UAGO မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကျော်နိုင်၊ကော်မတီဝင်များ၊ဥပဒေရေးရာအထောက် အကူပြု အဖွဲ့ဝင်များနှင့် SCM Legal မှ ပြင်ပဥပဒေအကြံပေး Mr. Chris Hughes တို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သာ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက မြေငှားစာချုပ်ပေးပို့ရန်နှင့် ပင်မစီမံကိန်း လုပ်ငန်းစတင်နိုင်ရေး စီစဉ်ဆောင်ရွက်