ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မြန်မာနိုင်ငံနှင့်ကိုရီးယားနိုင်ငံကို တိုက်ရိုက်ပျံသန်းနေသည့် Korean လေကြောင်းလိုင်းက ရန်ကုန်-အင်ချွန်းခရီးစဉ် ကို မတ်လ ၅ ရက်မှ ဧပြီ ၂၅ ရက်အထိ ရပ်နားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
ကိုရီးယားနိုင်ငံအတွင်း COVID-19 ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားမှုမြင့်တက်လာနေခြင်းကြောင့် လေယာဉ်ခရီးစဉ်ကို ရပ်နားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုလေကြောင်းလိုင်းသည် ရန်ကုန်ခရီးစဉ်အပြင် ကမ္ဘာအနှံမှ ခရီးစဉ်အားလုံးကို တပြိုင်နက် ရပ်ဆိုင်းခြင်းဖြစ်သည်။ ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် COVID-19 ဗိုင်းရပ်စ်ရောဂါ အများဆုံးကူးစက်ခံရသည့် နိုင်ငံဖြစ်သည်။
Korean လေကြောင်းလိုင်းသည် ရန်ကုန်မြို့နှင့် ကိုရီးယားနိုင်ငံ အင်ချွန်းမြို့အကြား နေ့စဉ် ပျံသန်းနေသည့် လေကြောင်းလိုင်းဖြစ်သည်။
အလားတူ ရန်ကုန်မြို့နှင့် ဆိုးလ်မြို့အကြား တစ်ပတ်လျှင် လေးရက်ပျံသန်းသည့် MAI လေကြောင်းလိုင်းသည် တစ်ပတ်လျှင် သုံးရက်သာ ပျံသန်းတော့မည်ဖြစ်ကြောင်း မတ်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ခရီးစဉ်ဖျက်သိမ်းခြင်းနှင့် အကြိမ်အရေအတွက် လျှော့ချပျံသန်းသည် အဆိုပါလေကြောင်းလိုင်းနှစ်ခုသည် ခရီးစဉ်အတွက် လက်မှတ်ခငွေ ပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်၍ လေကြောင်းလိုင်းနှင့်ဆက်သွယ်ရန် ကြေညာ သည်။
မြန်မာအစိုးရသည် ကိုရီးယားနိုင်ငံသားများကို ၂၀၁၈ အောက်တိုဘာက စတင်ကာ ဗီဇာကင်းလွတ်ခွင့်ပြုခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ၂၀၁၉ ဇန်နဝါရီအတွင်း ကိုရီးယား ခရီးသွား ၁၄,၄၃၅ ဦး ဝင်ရောက် ပြီး ၂၀၂၀ ဇန်နဝါရီတွင် ၁၃,၀၆၂ ဦး ဝင်ရောက်ခဲ့သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ကိုရီးယားေလေၾကာင္းလိုင္း Korean Air က ရန္ကုန္- ကိုရီးယားပ်ံသန္းေနမူကို ရပ္ဆိုင္း
ျမန္မာႏိုင္ငံႏွင့္ကိုရီးယားႏိုင္ငံကို တိုက္႐ိုက္ပ်ံသန္းေနသည့္ Korean ေလေၾကာင္းလိုင္းက ရန္ကုန္-အင္ခြၽန္းခရီးစဥ္ ကို မတ္လ ၅ ရက္မွ ဧၿပီ ၂၅ ရက္အထိ ရပ္နားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္သည္။
ကိုရီးယားႏိုင္ငံအတြင္း COVID-19 ဗိုင္းရပ္စ္ ေရာဂါ ျဖစ္ပြားမႈျမင့္တက္လာေနျခင္းေၾကာင့္ ေလယာဥ္ခရီးစဥ္ကို ရပ္နားျခင္းျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထိုေလေၾကာင္းလိုင္းသည္ ရန္ကုန္ခရီးစဥ္အျပင္ ကမာၻအႏွံမွ ခရီးစဥ္အားလုံးကို တၿပိဳင္နက္ ရပ္ဆိုင္းျခင္းျဖစ္သည္။ ကိုရီးယားႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံၿပီးေနာက္ ကမာၻေပၚတြင္ COVID-19 ဗိုင္းရပ္စ္ေရာဂါ အမ်ားဆုံးကူးစက္ခံရသည့္ ႏိုင္ငံျဖစ္သည္။
Korean ေလေၾကာင္းလိုင္းသည္ ရန္ကုန္ၿမိဳ႕ႏွင့္ ကိုရီးယားႏိုင္ငံ အင္ခြၽန္းၿမိဳ႕အၾကား ေန႔စဥ္ ပ်ံသန္းေနသည့္ ေလေၾကာင္းလိုင္းျဖစ္သည္။
အလားတူ ရန္ကုန္ၿမိဳ႕ႏွင့္ ဆိုးလ္ၿမိဳ႕အၾကား တစ္ပတ္လွ်င္ ေလးရက္ပ်ံသန္းသည့္ MAI ေလေၾကာင္းလိုင္းသည္ တစ္ပတ္လွ်င္ သုံးရက္သာ ပ်ံသန္းေတာ့မည္ျဖစ္ေၾကာင္း မတ္လ ၄ ရက္တြင္ ထုတ္ျပန္ခဲ့သည္။
ခရီးစဥ္ဖ်က္သိမ္းျခင္းႏွင့္ အႀကိမ္အေရအတြက္ ေလွ်ာ့ခ်ပ်ံသန္းသည္ အဆိုပါေလေၾကာင္းလိုင္းႏွစ္ခုသည္ ခရီးစဥ္အတြက္ လက္မွတ္ခေငြ ျပန္လည္ေပးအပ္ျခင္းႏွင့္ ပတ္သက္၍ ေလေၾကာင္းလိုင္းႏွင့္ဆက္သြယ္ရန္ ေၾကညာ သည္။
ျမန္မာအစိုးရသည္ ကိုရီးယားႏိုင္ငံသားမ်ားကို ၂၀၁၈ ေအာက္တိုဘာက စတင္ကာ ဗီဇာကင္းလြတ္ခြင့္ျပဳခဲ့သည္။
ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ ၂၀၁၉ ဇန္နဝါရီအတြင္း ကိုရီးယား ခရီးသြား ၁၄,၄၃၅ ဦး ဝင္ေရာက္ ၿပီး ၂၀၂၀ ဇန္နဝါရီတြင္ ၁၃,၀၆၂ ဦး ဝင္ေရာက္ခဲ့သည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com