ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ခန်းအိမ်ရာပိုင်ဆိုင်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မတ် လ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပုလဲခန်းမ၌သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှသိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဥပဒေကြမ်းကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
တိုက်ခန်းအိမ်ရာပိုင်ဆိုင်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေး