ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
အိန္ဒိယနိုင်ငံ၊ ဥတရာခန်းပြည်နယ်အပိုင် ဟိမဝန္တာ တောင်တန်းကြီး၏ တစ်ခုသော နေရာတွင် ရု(ပ်)ကင်အမည်ရှိ ရေကန်ကြီးတစ်ခု တည်ရှိသည်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၄၇၀ ရှိတောင်ကြားကလေး ၁ခုအတွင်း တည်ရှိကာ ထိုနေရာတွင် လူသူနေထိုင်ခြင်း မရှိချေ။
ထိုနေရာဝန်းကျင်တွင် နှင်းဖုံးတောင်တန်းများကိုသာ တွေ့မြင်ရမည် ဖြစ်သည်။
ရု(ပ်)ကင် ရေကန်၏ အနက်မှာ ၂ မီတာ (၆ ဒသမ ၅ ပေ) သာရှိသည်။
အရိုးစုရေကန်ကြီးတစ်ခု ရု(ပ်)ကင် ရေကန်နှင့် စပ်လျဉ်းပြီး လူသိများသည့်အချက်မှာ ရေကန်အောက်ခြေနှင့် ဘေးပတ်လည်တွင် လူအရိုးစုများ စုပုံ ဝန်းပတ်နေခြင်း ဖြစ်သည်။
အံ့အားသင့်ဖွယ်ရာမှာ ၎င်းတို့ သေဆုံးခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။
ရု(ပ်)ကင်ရေကန်ကို ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှ သစ်တောစောင့်တစ်ဦးဖြစ်သူ ဟာရီ ကီရှန် မက်ဒ်ဝဲလ်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုနှစ်နွေရာသီက ရေခဲများအရည်ပျော်မှုကြောင့် လူရိုးစုများပေါ်ထွက်လာခြင်းဖြစ်ပြီး ရေကန်အောက်ခြေနှင့် ရေကန်စပ်တို့တွင် တွေ့ရသည်။
ထိုနေရာတွင် ကြောက်မက်ဖွယ်ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်ခဲ့ပုံရသည်။
ခန့်မှန်းချက်အချို ့အရ ဂျပန်စစ်သားများ၏ အရိုးစုများဖြစ်သည်ဟု ခန့်မှန်းကြသည်။
အိန္ဒိယနိုင်ငံအတွင်း ပုန်းအောင်းနေစဉ် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။
အဆိုပါ ယူဆချက်မှန်၊ မမှန်သိနိုင်ရန်အတွက်ဗြိတိသျှ အစိုးရက စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ပင် စေလွှတ်ခဲ့သေးသည်။
သို့သော် စစ်ဆေးချက်များအရ တွေ့ရှိရသည်မှာ ဂျပန်စစ်သည်များ၏ အရိုးစုများမဟုတ်ကြောင်းနှင့် များစွာသက်တမ်းရင့်နေပြီဖြစ်သော အရိုးစုများဖြစ်ကြောင်း တွေ့ခဲ့သည်။
သို့သော် မည်သည့်ခေတ်ကာလကဖြစ်ကြောင်းနှင့် လူပေါင်း ၂၀၀ ကျော်ကို မည်သည့်အကြောင်းရပ်က သေဆုံးစေခဲ့သနည်း ဟူသည် ကို မဖော်ထုတ်နိုင်ခဲ့ပေ။
ခန့်မှန်းချက်အမျိုးမျိုးပေါ်ထွက်ခဲ့ရာ ရောဂါကပ် ၊ မြေပြိုခြင်းနှင့် ယဇ်ပူဇော်ရန် မိမိကိုယ်ကို အဆုံးစီရင်ခြင်းမျိုး ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
ယင်းနောက်ပိုင်း ဆယ်စုနှစ်ပေါင်းများစွာကြာသည်အထိ အံ့ဖွယ်အရိုးစုရေကန်ကြီးအကြောင်း အတိအကျ ဖော်ထုတ်နိုင်သူ တစ်ဦးမှမရှိခဲ့။
သို့သော် ၂၀၀၄ခုနှစ်တွင်မူ ထိုနေရာသို့ရောက်ရှိခဲ့သည့် လေ့လာရေးအဖွဲ့တစ်ဖွဲ့က လူတို့သေဆုံးခဲ့ရသည့်အကြောင်းအရင်းကို အတိအကျ ဖော်ထုတ်နိုင်ခဲ့သည်။
တွေ့ရှိလာရသည့် အချက်မှာ လူအများ ခန့်မှန်းခဲ့သည်များထက် များစွာဆန်းပြားနေသည်။
အဆိုပါ အရိုးစုများသည် အေဒီ ၈၅၀ ခန့်က ဖြစ်သည်ဟုဆိုသည်။ (မြန်မာပြည်တွင် ပုဂံခေတ်မတိုင်မီ ပျူခေတ် နှောင်းပိုင်းကာလ ဖြစ်သည်)။
DNA စစ်ဆေးချက်များအရ လူအုပ်စု ၂ စု၏ အရိုးစုများဖြစ်ပြီး တစ်စုမှာ မိသားစုကြီး (သို့မဟုတ်) မျိုးနွယ်စုတစ်စုဖြစ်ပြီး ကျန်အုပ်စုမှာ ဒေသခံလူနည်းစုအုပ်စုဖြစ်ကာ ၎င်းတို့ကို အထမ်းအပိုးသမားများ (သို့မဟုတ်) လမ်းပြများအဖြစ် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။
ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းသည်မှာ ဘုရားဖူးအုပ်စုဖြစ်ပြီး ဒေသခံလမ်းပြများ၏ အကူအညီဖြင့် တောင်ကြားကို ဖြတ်သန်းခြင်း ဖြစ်ကြောင်း ခန့်မှန်းကြသည်။
၎င်းတို့အားလုံးသည် သေဆုံးရပုံအကြောင်းရင်း တူညီကြပြီး ဦးခေါင်းတွင် ဒဏ်ရာရကာ သေဆုံးကြရခြင်းဖြစ်သည်။
ဦးခေါင်းခွံများတွင် တွေ့ရှိရချက်အရ ဓားလှံလက်နက်တို့ကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ လုံးဝန်းသောအရာတစ်ခုခုဖြင့် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
ပုခုံးရိုးများတွင်လည်း ဒဏ်ရာများတွေ့ရှိရရာ အပေါ်ဖက်မှ ထိခိုက်ခံရခြင်းဖြစ်သည်။
အခြားဆန်းကြယ်သော အချက်တစ်ခုမှာ ဟိမဝန္တာ တောင်တန်းပေါ်ရှိ အမျိုးသမီးများကြားတွင် ယနေ့တိုင် ပျံ့နှံ့နေသော ရှေးရိုးတေးချင်းတစ်ပုဒ် ရှိနေခြင်း ဖြစ်သည်။
စာသားမှာ နတ်ဘုရားမသည် ပြင်ပမှ ဝင်ရောက်လာသူများကို အမျက်ထွက်နေကြောင်း၊ ထိုသူများသည် သူမ၏ ဟိမန္တာတောင်တန်း မြေကို ဖျက်ဆီးကြကြောင်း၊ ထို့ကြောင့် မိုးသီးများရွာသွန်းကာ သတ်ဖြတ်ခဲ့ကြောင်းနှင့် မိုးသီးများမှာ သံမဏိကဲ့သို့ မာကျောလှကြောင်း ဖွဲ့ဆိုထားခြင်း ဖြစ်သည်။
သုတေသနပြုလုပ်ချက်များအရ ၂၀၀၄ ခုနှစ်တွင် အပြီးသတ်ကောက်ချက်ဆွဲနိုင်ခဲ့သည်မှာ အဆိုပါ လူ ၂၀၀ ကျော်သည် ပြင်းထန်သည့် နှင်းသီးမုန်တိုင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အဖြေထုတ်နိုင်ခဲ့သည်။
တောင်ကြားထဲတွင် ပုန်းခိုစရာနေရာမရှိဘဲ ပိတ်မိကာ ခရစ်ကက်ဘောလုံးအရွယ်အစား (လုံးပတ် ၉ လက်မ) ခန့်ရှိသော သံမဏိတမျှ မာကြောလှသည့် နှင်းသီးလုံး ထောင်ပေါင်းများစွာဖြင့် ထိခိုက်ခံခဲ့ရကာ သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့၏ အရိုးစုများသည် အဆိုပါတောင်ကြားရေကန်ကြီးထဲတွင် နှစ်ပေါင်း ၁၂၀၀ ခန့် လဲလျောင်းနေခဲ့ကြခြင်း ဖြစ်သည်။
(ထိုနေရာသို့ သွားရောက်လေ့လာမည်ဆိုလျှင် သိထားရမည်မှာ)
အဆိုပါရေကန်သို့ ပေါက်သည့် လမ်းမရှိချေ။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၊ ချန်မိုလီခရိုင်၊ ဂွါဒမ်မြို့မှ သွားရောက်မည်ဆိုလျှင် ၃ရက်မှ ၄ ရက်အထိ ခြေလျင်ခရီးနှင်ရမည် ဖြစ်သည်။
အရိုးစုကန်သည် တစ်နှစ်တာ၏ အချိန်အများစု ရေခဲနေလေ့ရှိသော ရေကန်ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ဟိမဝႏၱာေတာင္တန္းၾကီးေပၚက ဆန္းၾကယ္ေရကန္
အိႏိၵယႏိုင္ငံ၊ ဥတရာခန္းျပည္နယ္အပိုင္ ဟိမဝႏၱာ ေတာင္တန္းၾကီး၏ တစ္ခုေသာ ေနရာတြင္ ရု(ပ္)ကင္အမည္ရွိ ေရကန္ၾကီးတစ္ခု တည္ရွိသည္။
ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ ၁၆၄၇၀ ရွိေတာင္ၾကားကေလး ၁ခုအတြင္း တည္ရွိကာ ထိုေနရာတြင္ လူသူေနထိုင္ျခင္း မရွိေခ်။
ထိုေနရာဝန္းက်င္တြင္ ႏွင္းဖံုးေတာင္တန္းမ်ားကိုသာ ေတြ႔ျမင္ရမည္ ျဖစ္သည္။
ရု(ပ္)ကင္ ေရကန္၏ အနက္မွာ ၂ မီတာ (၆ ဒသမ ၅ ေပ) သာရွိသည္။
အရိုးစုေရကန္ၾကီးတစ္ခု ရု(ပ္)ကင္ ေရကန္ႏွင့္ စပ္လ်ဥ္းျပီး လူသိမ်ားသည့္အခ်က္မွာ ေရကန္ေအာက္ေျခႏွင့္ ေဘးပတ္လည္တြင္ လူအရိုးစုမ်ား စုပံု ဝန္းပတ္ေနျခင္း ျဖစ္သည္။
အံ့အားသင့္ဖြယ္ရာမွာ ၎တို႔ ေသဆံုးခဲ့ရသည့္ အေၾကာင္းရင္းျဖစ္သည္။
ရု(ပ္)ကင္ေရကန္ကို ဒုတိယကမၻာစစ္အတြင္း ၁၉၄၂ ခုႏွစ္တြင္ ျဗိတိသွ် သစ္ေတာေစာင့္တစ္ဦးျဖစ္သူ ဟာရီ ကီရွန္ မက္ဒ္ဝဲလ္က ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
ထုိႏွစ္ေႏြရာသီက ေရခဲမ်ားအရည္ေပ်ာ္မႈေၾကာင့္ လူရိုးစုမ်ားေပၚထြက္လာျခင္းျဖစ္ျပီး ေရကန္ေအာက္ေျခႏွင့္ ေရကန္စပ္တို႔တြင္ ေတြ႔ရသည္။
ထိုေနရာတြင္ ေၾကာက္မက္ဖြယ္ျဖစ္ရပ္ၾကီးတစ္ခု ေပၚေပါက္ခဲ့ပံုရသည္။
ခန္႔မွန္းခ်က္အခ်ိဳ ့အရ ဂ်ပန္စစ္သားမ်ား၏ အရုိးစုမ်ားျဖစ္သည္ဟု ခန္႔မွန္းၾကသည္။
အိႏိၵယႏိုင္ငံအတြင္း ပုန္းေအာင္းေနစဥ္ က်ဆံုးခဲ့ျခင္းျဖစ္သည္ဟု ယူဆၾကသည္။
အဆုိပါ ယူဆခ်က္မွန္၊ မမွန္သိႏိုင္ရန္အတြက္ျဗိတိသွ် အစိုးရက စံုစမ္းေရးအဖြဲ႔တစ္ဖြဲ ့ပင္ ေစလႊတ္ခဲ့ေသးသည္။
သုိ႔ေသာ္ စစ္ေဆးခ်က္မ်ားအရ ေတြ ့ရွိရသည္မွာ ဂ်ပန္စစ္သည္မ်ား၏ အရိုးစုမ်ားမဟုတ္ေၾကာင္းႏွင့္ မ်ားစြာသက္တမ္းရင့္ေနျပီျဖစ္ေသာ အရိုးစုမ်ားျဖစ္ေၾကာင္း ေတြ႔ခဲ့သည္။
သို႔ေသာ္ မည္သည့္ေခတ္ကာလကျဖစ္ေၾကာင္းႏွင့္ လူေပါင္း ၂၀၀ ေက်ာ္ကို မည္သည့္အေၾကာင္းရပ္က ေသဆံုးေစခဲ့သနည္း ဟူသည္ ကို မေဖာ္ထုတ္ႏိုင္ခဲ့ေပ။
ခန္႔မွန္းခ်က္အမ်ိဳးမိ်ဳးေပၚထြက္ခဲ့ရာ ေရာဂါကပ္ ၊ ေျမျပိဳျခင္းႏွင့္ ယဇ္ပူေဇာ္ရန္ မိမိကိုယ္ကုိ အဆံုးစီရင္ျခင္းမ်ိဳး ျဖစ္ႏိုင္သည္ဟု ခန္႔မွန္းၾကသည္။
ယင္းေနာက္ပိုင္း ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာသည္အထိ အံ့ဖြယ္အရုိးစုေရကန္ၾကီးအေၾကာင္း အတိအက် ေဖာ္ထုတ္ႏိုင္သူ တစ္ဦးမွမရွိခဲ့။
သုိ႔ေသာ္ ၂၀၀၄ခုႏွစ္တြင္မူ ထုိေနရာသုိ႔ေရာက္ရွိခဲ့သည့္ ေလ့လာေရးအဖြဲ႔တစ္ဖြဲ ့က လူတို ့ေသဆံုးခဲ့ရသည့္အေၾကာင္းအရင္းကို အတိအက် ေဖာ္ထုတ္ႏိုင္ခဲ့သည္။
ေတြ႔ရွိလာရသည့္ အခ်က္မွာ လူအမ်ား ခန္႔မွန္းခဲ့သည္မ်ားထက္ မ်ားစြာဆန္းျပားေနသည္။
အဆိုပါ အ႐ိုးစုမ်ားသည္ ေအဒီ ၈၅၀ ခန႔္က ျဖစ္သည္ဟုဆိုသည္။ (ျမန္မာျပည္တြင္ ပုဂံေခတ္မတိုင္မီ ပ်ဴေခတ္ ေနွာင္းပိုင္းကာလ ျဖစ္သည္)။
DNA စစ္ေဆးခ်က္မ်ားအရ လူအုပ္စု ၂ စု၏ အရုိးစုမ်ားျဖစ္ျပီး တစ္စုမွာ မိသားစုၾကီး (သုိ႔မဟုတ္) မ်ဳိးႏြယ္စုတစ္စုျဖစ္ျပီး က်န္အုပ္စုမွာ ေဒသခံလူနည္းစုအုပ္စုျဖစ္ကာ ၎တို႔ကို အထမ္းအပိုးသမားမ်ား (သုိ႔မဟုတ္) လမ္းျပမ်ားအျဖစ္ ေခၚေဆာင္လာခဲ့ျခင္းျဖစ္သည္ ဟုဆိုသည္။
ကၽြမ္းက်င္ပညာရွင္မ်ားက ခန္႔မွန္းသည္မွာ ဘုရားဖူးအုပ္စုျဖစ္ျပီး ေဒသခံလမ္းျပမ်ား၏ အကူအညီျဖင့္ ေတာင္ၾကားကို ျဖတ္သန္းျခင္း ျဖစ္ေၾကာင္း ခန္႔မွန္းၾကသည္။
၎တို ့အားလံုးသည္ ေသဆံုးရပံုအေၾကာင္းရင္း တူညီၾကျပီး ဦးေခါင္းတြင္ ဒဏ္ရာရကာ ေသဆံုးၾကရျခင္းျဖစ္သည္။
ဦးေခါင္းခြံမ်ားတြင္ ေတြ႔ရွိရခ်က္အရ ဓားလွံလက္နက္တို႔ေၾကာင့္ ေသဆံုးရျခင္းမဟုတ္ဘဲ လံုးဝန္းေသာအရာတစ္ခုခုျဖင့္ ထိခိုက္ေသဆံုးခဲ့ျခင္းျဖစ္သည္။
ပုခံုးရိုးမ်ားတြင္လည္း ဒဏ္ရာမ်ားေတြ႔ရွိရရာ အေပၚဖက္မွ ထိခိုက္ခံရျခင္းျဖစ္သည္။
အျခားဆန္းၾကယ္ေသာ အခ်က္တစ္ခုမွာ ဟိမဝႏၱာ ေတာင္တန္းေပၚရွိ အမ်ိဳးသမီးမ်ားၾကားတြင္ ယေန႔တိုင္ ပ်ံ ႔ႏွံ႔ေနေသာ ေရွးရိုးေတးခ်င္းတစ္ပုဒ္ ရွိေနျခင္း ျဖစ္သည္။
စာသားမွာ နတ္ဘုရားမသည္ ျပင္ပမွ ဝင္ေရာက္လာသူမ်ားကို အမ်က္ထြက္ေနေၾကာင္း၊ ထိုသူမ်ားသည္ သူမ၏ ဟိမႏၱာေတာင္တန္း ေျမကို ဖ်က္ဆီးၾကေၾကာင္း၊ ထို႔ေၾကာင့္ မိုးသီးမ်ားရြာသြန္းကာ သတ္ျဖတ္ခဲ့ေၾကာင္းႏွင့္ မိုးသီးမ်ားမွာ သံမဏိကဲ့သို႔ မာေက်ာလွေၾကာင္း ဖြဲ႔ဆိုထားျခင္း ျဖစ္သည္။
သုေတသနျပဳလုပ္ခ်က္မ်ားအရ ၂၀၀၄ ခုႏွစ္တြင္ အျပီးသတ္ေကာက္ခ်က္ဆြဲႏိုင္ခဲ့သည္မွာ အဆိုပါ လူ ၂၀၀ ေက်ာ္သည္ ျပင္းထန္သည့္ ႏွင္းသီးမုန္တိုင္းေၾကာင့္ ေသဆံုးခဲ့ျခင္းျဖစ္သည္ဟု အေျဖထုတ္ႏိုင္ခဲ့သည္။
ေတာင္ၾကားထဲတြင္ ပုန္းခိုစရာေနရာမရွိဘဲ ပိတ္မိကာ ခရစ္ကက္ေဘာလံုးအရြယ္အစား (လံုးပတ္ ၉ လက္မ) ခန္႔ရွိေသာ သံမဏိတမွ် မာေၾကာလွသည့္ ႏွင္းသီးလံုး ေထာင္ေပါင္းမ်ားစြာျဖင့္ ထိခိုက္ခံခဲ့ရကာ ေသဆံုးခဲ့ၾကျခင္း ျဖစ္သည္။
၎တို႔၏ အရိုးစုမ်ားသည္ အဆိုပါေတာင္ၾကားေရကန္ၾကီးထဲတြင္ ႏွစ္ေပါင္း ၁၂၀၀ ခန္႔ လဲေလ်ာင္းေနခဲ့ၾကျခင္း ျဖစ္သည္။
(ထိုေနရာသို႔ သြားေရာက္ေလ့လာမည္ဆိုလွ်င္ သိထားရမည္မွာ)
အဆိုပါေရကန္သုိ႔ ေပါက္သည့္ လမ္းမရွိေခ်။ ထို႔ေၾကာင့္ အိႏိၵယႏိုင္ငံ၊ ခ်န္မိုလီခရိုင္၊ ဂြါဒမ္ျမိဳ ႔မွ သြားေရာက္မည္ဆိုလွ်င္ ၃ရက္မွ ၄ ရက္အထိ ေျခလ်င္ခရီးႏွင္ရမည္ ျဖစ္သည္။
အရိုးစုကန္သည္ တစ္ႏွစ္တာ၏ အခ်ိန္အမ်ားစု ေရခဲေနေလ့ရွိေသာ ေရကန္ျဖစ္သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com