ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မတ်လ ၅ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်က လှုပ်ခတ်ခဲ့သော ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသမှာ အများဆုံးပျက်စီးခဲ့ကြောင်း၊ကွင်းဆင်းစာရင်း ကောက်ယူမှုအရ ဘုရားပုထိုး(၃၈၉) ဆူ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့အထိ အနည်းငယ်သာထိခိုက်ပျက်စီးသော ဘုရားပုထိုး(၂၂၄) ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီးဖြစ်သော (၁၄၉) ဆူ၊ စုစုပေါင်း (၃၇၃) ဆူကို လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကာ (၁၂)ဆူကို ပြုပြင်ထိန်းသိမ်းရေး ဆက်လက် ဆောင်ရွက်ဆဲဖြစ်ပြီး ပြုပြင်ထိန်းသိမ်းရန်ကျန်ရှိသည့် (၄) ဆူကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ပုဂံေဒသရွိ ငလ်င္ဒဏ္ခံ ေရွးေဟာင္းအေဆာက္အအုံမ်ား ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ၿပီးစီးမႈ အေျခအေနထုတ္ျပန္
ပုဂံေဒသရွိ ငလ်င္ဒဏ္ခံ ေရွးေဟာင္းအေဆာက္အအုံမ်ား ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ၿပီးစီးမႈ အေျခအေနကို မတ္လ ၅ ရက္က သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
၂၀၁၆ ခုႏွစ္၊ ၾသဂုတ္လ (၂၄)ရက္က လႈပ္ခတ္ခဲ့ေသာ ရစ္ခ်္စတာစေကး (၆.၈) အဆင့္ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသမွာ အမ်ားဆုံးပ်က္စီးခဲ့ေၾကာင္း၊ကြင္းဆင္းစာရင္း ေကာက္ယူမႈအရ ဘုရားပုထိုး(၃၈၉) ဆူ ပ်က္စီးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ (၂၉) ရက္ေန႔အထိ အနည္းငယ္သာထိခိုက္ပ်က္စီးေသာ ဘုရားပုထိုး(၂၂၄) ဆူႏွင့္ ေရွးမူမပ်က္ ထိန္းသိမ္းၿပီးျဖစ္ေသာ (၁၄၉) ဆူ၊ စုစုေပါင္း (၃၇၃) ဆူကို လုပ္ငန္းေဆာင္ရြက္ၿပီးျဖစ္ကာ (၁၂)ဆူကို ျပဳျပင္ထိန္းသိမ္းေရး ဆက္လက္ ေဆာင္ရြက္ဆဲျဖစ္ၿပီး ျပဳျပင္ထိန္းသိမ္းရန္က်န္ရွိသည့္ (၄) ဆူကိုလည္း သတ္မွတ္ကာလအတြင္း ၿပီးစီးနိုင္ေရး လ်ာထားေဆာင္ရြက္လ်က္ရွိေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com