ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံစီမံကိန်း တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာအုပ်စု ဘုရားကြီးစု ကျေးရွာအနီးရှိ တွံတေးတူးမြောင်း ရေမိုင်(၅.၅)မိုင် ဘေးတွင် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ တာဝန်ယူပြီး ဂျပန်ယန်း (၄.၁၇၆) ဘီလီယံဖြင့် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမှသိရသည်။
အဆိုပါ စီမံကိန်းအတွက် ဘုရားကြီးစုရွာရှိ လယ်မြေ (၁၈.၇၇၈) ဧက ကို နိုင်ငံတော်အစိုးရမှ ဝယ်ယူကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တွံတေးတူးမြောင်းအတွင်းရှိ ရေများကို အဆင့်ဆင့်သန့်စင်ပြီး တစ်နေ့လျှင် ရေဂါလန် (၃.၃) သန်းကို ဒလမြို့နယ်နှင့် တွံတေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အများသုံးရေနှင့် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ရေပိုက်လိုင်းဆက်သွယ်ခြင်းလုပ်ငန်းများ လက်ရှိလုပ်ဆောင်နေပြီး အဆိုပါ စက်ရုံ၏ ထုတ်လုပ်နိုင်မှုစွမ်းအားမှာ ဒလမြို့နယ် ရေပေးဝေရေးစနစ်သို့ သောက်သုံးရေပေးဝေရန် (၃.၃) သန်း နှင့် သောက်ရေသန့်ဗူး (ဝ.၀၆၆) သန်း ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရေသန့်စင်မှုနည်းပညာအနေဖြင့် Rapid Sand Filtration System (သဲအမြန် ရေစစ်ခြင်း) ကို အသုံးပြုသွားမည်ဖြစ်ပြီး၊ ရေသန့်စင်ခြင်း မှ ထွက်ရှိလာသော အနည်အနှစ်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ အမှိုက်စွန့်ပစ်မှုစနစ်ရှိ မြေသားဖြည့်ခြင်းတွင် အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နိုင္ငံတကာအဆင့္မီ ေရသန႔္စင္စက္႐ုံစီမံကိန္း တြံေတးၿမိဳ႕နယ္ ဘုရားႀကီးစုေက်းရြာ၌ ဂ်ပန္ယန္း (၄.၁၇၆) ဘီလီယံျဖင့္ တည္ေဆာက္သြားမည္
နိုင္ငံတကာအဆင့္မီ ေရသန႔္စင္စက္႐ုံစီမံကိန္း တြံေတးၿမိဳ႕နယ္၊ ပိတ္စြယ္ေက်းရြာအုပ္စု ဘုရားႀကီးစု ေက်းရြာအနီးရွိ တြံေတးတူးေျမာင္း ေရမိုင္(၅.၅)မိုင္ ေဘးတြင္ ဂ်ပန္နိုင္ငံအစိုးရ၏ အကူအညီျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီမွ တာဝန္ယူၿပီး ဂ်ပန္ယန္း (၄.၁၇၆) ဘီလီယံျဖင့္ အေကာင္အထည္ေဖာ္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးမွသိရသည္။
အဆိုပါ စီမံကိန္းအတြက္ ဘုရားႀကီးစုရြာရွိ လယ္ေၿမ (၁၈.၇၇၈) ဧက ကို နိုင္ငံေတာ္အစိုးရမွ ဝယ္ယူကာ အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိၿပီး တြံေတးတူးေျမာင္းအတြင္းရွိ ေရမ်ားကို အဆင့္ဆင့္သန႔္စင္ၿပီး တစ္ေန႔လၽွင္ ေရဂါလန္ (၃.၃) သန္းကို ဒလၿမိဳ႕နယ္ႏွင့္ တြံေတးၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား အမ်ားသုံးေရႏွင့္ ေသာက္သုံးေရမ်ား ျဖန႔္ေဝေပးနိုင္မည္ျဖစ္ေၾကာင္း သိရသည္။
စီမံကိန္းကို ၂၀၂၀ ျပည့္ႏွစ္တြင္ စတင္ၿပီး ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာအထိ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ရာ ေရပိုက္လိုင္းဆက္သြယ္ျခင္းလုပ္ငန္းမ်ား လက္ရွိလုပ္ေဆာင္ေနၿပီး အဆိုပါ စက္႐ုံ၏ ထုတ္လုပ္နိုင္မႈစြမ္းအားမွာ ဒလၿမိဳ႕နယ္ ေရေပးေဝေရးစနစ္သို႔ ေသာက္သုံးေရေပးေဝရန္ (၃.၃) သန္း ႏွင့္ ေသာက္ေရသန႔္ဗူး (၀.၀၆၆) သန္း ျဖန႔္ျဖဴးေပးနိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ေရသန႔္စင္မႈနည္းပညာအေနျဖင့္ Rapid Sand Filtration System (သဲအျမန္ ေရစစ္ျခင္း) ကို အသုံးျပဳသြားမည္ျဖစ္ၿပီး၊ ေရသန႔္စင္ျခင္း မွ ထြက္ရွိလာေသာ အနည္အႏွစ္မ်ားကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၏ အမွိုက္စြန႔္ပစ္မႈစနစ္ရွိ ေျမသားျဖည့္ျခင္းတြင္ အသုံးျပဳသြားမည္ ျဖစ္ေၾကာင္းသိရသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com