ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
မြေတိုင်းတာခြင်းနှင့် စကေးကိုက်မြေပုံ ရေးဆွဲထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် တင်ဒါဖွင့်ဖောက်ခြင်းကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ မတ်လ ၄ ရက်က ကျင်းပရာ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဌာနကြီးမှူး ဦးမင်းမင်းဇော်၊ ဌာနမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဒါစည်းကမ်းချက်များနှင့်ပတ်သက်၍ တင်ဒါကော်မတီ အတွင်းရေးမှူး၊ ဌာနမှူး ဦးစိုးနိုင်က ရှင်းပြခဲ့ပြီး တင်ဒါတင်သွင်းသော ကုမ္ပဏီများမှ မြေတိုင်းတာပုံထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်နှင့် မြို့မြေတိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း၊ယင်းနောက် ဈေးနှုန်းအဆိုပြုလွှာများအား တင်ဒါကော်မတီများ၏ ရှေ့မှောက်တွင် တင်သွင်းကြရာ တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
မြေကွက်များအား မြေတိုင်းတာခြင်းနှင့် စကေးကိုက်မြေပုံ ရေးဆွဲထုတ်ပေးခြင်းလုပ်ငန်းလုပ်ဆောင်မည့် မြို့နယ်များမှာ နေပြည်တော်ရှိ ပျဉ်းမနားမြို့၊ ဇေယျာသီရိမြို့၊ ပုဗ္ဗသီရိမြို့၊ ဒက္ခိဏသီရိမြို့တို့ရှိ မြေကွက်များအား လုပ်ဆောင်ရန်အတွက်ဖြစ်ကြောင်းနေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ေျမတိုင္းတာျခင္းႏွင့္ စေကးကိုက္ေျမပုံ ေရးဆြဲထုတ္ေပးျခင္းလုပ္ငန္း ေဆာင္ရြက္ရန္အတြက္ တင္ဒါဖြင့္ေဖာက္ျခင္းျပဳလုပ္
ေျမတိုင္းတာျခင္းႏွင့္ စေကးကိုက္ေျမပုံ ေရးဆြဲထုတ္ေပးျခင္းလုပ္ငန္း ေဆာင္ရြက္ရန္အတြက္ တင္ဒါဖြင့္ေဖာက္ျခင္းကို ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီအစည္းအေဝးခန္းမ၌ မတ္လ ၄ ရက္က က်င္းပရာအခမ္းအနားသို႔ အျမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္၊ ဌာနႀကီးမႉး ဦးမင္းမင္းေဇာ္၊ ဌာနမႉးမ်ား၊ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ တင္ဒါတင္သြင္းသည့္ ကုမၸဏီမ်ားတက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
တင္ဒါစည္းကမ္းခ်က္မ်ားႏွင့္ပတ္သက္၍ တင္ဒါေကာ္မတီ အတြင္းေရးမႉး၊ ဌာနမႉး ဦးစိုးနိုင္က ရွင္းျပခဲ့ၿပီး တင္ဒါတင္သြင္းေသာကုမၸဏီမ်ားမွ ေျမတိုင္းတာပုံထုတ္ျခင္းလုပ္ငန္း ေဆာင္ရြက္မည့္အစီအစဥ္ႏွင့္ ၿမိဳ႕ေျမတိုင္းတာျခင္းလုပ္ငန္းေဆာင္ရြက္ခဲ့မႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပခဲ့ၾကေၾကာင္း၊ယင္းေနာက္ ေဈးႏႈန္းအဆိုျပဳလႊာမ်ားအား တင္ဒါေကာ္မတီမ်ား၏ ေရွ႕ေမွာက္တြင္ တင္သြင္းၾကရာ တာဝန္ရွိသူမ်ားက ဖြင့္ေဖာက္စစ္ေဆးမွတ္တမ္းတင္ခဲ့ေၾကာင္း သိရသည္။
ေျမကြက္မ်ားအား ေျမတိုင္းတာျခင္းႏွင့္ စေကးကိုက္ေျမပုံ ေရးဆြဲထုတ္ေပးျခင္းလုပ္ငန္းလုပ္ေဆာင္မည့္ ၿမိဳ့နယ္မ်ားမွာ ေနျပည္ေတာ္ရွိ ပ်ဥ္းမနားၿမိဳ႕၊ ေဇယ်ာသီရိၿမိဳ႕၊ ပုဗၺသီရိၿမိဳ႕၊ ဒကၡိဏသီရိၿမိဳ႕တို႔ရွိ ေျမကြက္မ်ားအား လုပ္ေဆာင္ရန္အတြက္ျဖစ္ေၾကာင္းေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com