ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
မန္တလေးမြို့ မင်္ဂလာဈေးသစ်တည်ဆောက်နိုင်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မည့် စီမံကိန်းဧရိယာကို ဖေဖေါ်ဝါရီ ၂၉ ရက်က သတ်မှတ်လိုက်ကြောင်းသိရသည်။
အဆိုပါ မင်္ဂလာဈေးသစ် တည်ဆောက်ခြင်း နှင့် မြို့ပြဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်မည့်စီမံကိန်းဧရိယာမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊အကွက်အမှတ်(၇၃၉)၊လမ်း ၃၀ နှင့် ၃၁ လမ်းကြား၊၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ မင်္ဂလာဈေးဧရိယာစုစုပေါင်း (၃ ဒသမ ၇၀၀၆) ဧကအနက် ဘုရားနှင့်ဓမ္မာရုံဧရိယာ(၀ ဒသမ ၁၂၇၂ )ဧကအား ချန်လှပ်၍ ယခင်အသုံးပြုသော မင်္ဂလာဈေးဧရိယာ(၂ ဒသ မ ၆၅၄၃ ဧက)၊မြို့တော်ဝန်နေအိမ်ဧရိယာ(၀ ဒသမ ၆၇၇၇)ဧက၊လူနေဆိုင်ခန်း (၉) ခန်း ဧရိယာ(၀ ဒသမ ၁၅၄၃)ဧကနှင့် ကျန်မြေဧရိယာ (၀ ဒသမ ၀၈၇၁)ဧက၊စုစုပေါင်းမြေဧရိယာ(၃ ဒသမ ၅၇၃၄)ဧကကို မန္တလေးစည်ပင်သာယာရေးကော်မတီအနေဖြင့် ဥပဒေအရ အပ်နှင့်ထားသောလုပ်ပိုင်ခွင့်အရ မင်္ဂလာဈေးသစ် စီမံကိန်းဧရိယာအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
မန္တလေးမြို့ မင်္ဂလာဈေးသစ် စီမံကိန်းဧရိယာသတ်မှတ်