ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
ရန်ကုန်-မန္တလေး အမြန်လမ်းကို နိုင်ငံတကာ အဝေးပြေးလမ်းမကဲ့သို့ အဆင့်မြှင့်တင်ရေး စိတ်ဝင်စားသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။
လက်ရှိအချိန်တွင် ဝန်ကြီးဌာနက တာဝန်ယူပြုပြင်နေရပြီး ကုန်ကျစရိတ်များ၍ ပုဂ္ဂလိကကုမ္ပဏီများကို ဖိတ်ခေါ်ရန်စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
‘‘စိတ်ဝင်စားမှု ဖော်ပြလွှာ (EOI) ခေါ်ဖို့ရှိတယ်။ လမ်းကြီးကို အဆင့်မြှင့်တင်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ဖို့ရှိတယ်။အဲဒီအပေါ် မူတည်ပြီး မကြာခင်မှာ ပေါ်လာဖို့ရှိတယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
လက်ရှိတွင် ထိုအမြန်လမ်း နိုင်လွန်ကတ္တရာခင်းခြင်းကို ဝန်ကြီးဌာနက ဆောင်ရွက်နေပြီး ကုန်ကျစရိတ်များ၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရန် စီစဉ်ခြင်း ဖြစ်သည်။
ထိုစီမံကိန်းသည် ကန်ဒေါ် လာ သန်း ၉၆၀ ကျော်တန်ဖိုးရှိပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အပြီး ဆောင်ရွက်ရန်စီစဉ်ထားကြောင်း အစိုးရ၏ စီမံကိန်းဘဏ်တွင် ဖော်ပြထားသည်။
ထိုလမ်းကြီး အဆင့်မြှင့်တင်ရန် ပထမအကြိမ် ဖိတ်ခေါ်ရာတွင် ပြည်တွင်းကုမ္ပဏီများသာ လျှောက်ထားသဖြင့် စီမံကိန်းကို ရပ်ဆိုင်းခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဆိုထားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းကို လေးလမ်းသွားလမ်းမအဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်ထားသည်ဟု ဦးဟန်ဇော်က ဆိုသည်။ ထိုလမ်းမကြီးသည် မိုင် ၄၀၀ ခန့်ရှည်လျားပြီး ရန်ကုန်- နေပြည်တော်နှင့် မန္တလေးမြို့တို့ သို့ ချိတ်ဆက်ထားသည်။
ရန်ကုန်-ပဲခူးလမ်းပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီဖြင့် အဆင့်မြှင့်တင်ရန် စီစဉ်ထားပြီး မိုင် ၄၀ ခန့်ရှိသည်။ ကျန်လမ်းပိုင်းကို အဆင့်မြှင့်တင်ရေး လေ့လာဆန်းစစ်လေ့လာရန် ရှိသည်ဟု အစိုးရ၏ စီမံကိန်းဘဏ်တွင် ကြေညာထားသည်။
ထိုလမ်းမသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမြန်လမ်းဖြစ်ပြီး ပို့ဆောင်ရေးကွန်ရက် အဓိက သွေးကြောဖြစ်သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရန္ကုန္-မႏၲေလး အျမန္လမ္းကို ႏိုင္ငံတကာအဆင့္ အေဝးေျပးကားလမ္းမအျဖစ္ အဆင့္ျမႇင့္တင္ရန္ ကုမၸဏီမ်ားဖိတ္ေခၚမည္
ရန္ကုန္-မႏၲေလး အျမန္လမ္းကို ႏိုင္ငံတကာ အေဝးေျပးလမ္းမကဲ့သို႔ အဆင့္ျမႇင့္တင္ေရး စိတ္ဝင္စားသည့္ ကုမၸဏီမ်ားကို ဖိတ္ေခၚရန္ရွိေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ေျပာသည္။
လက္ရွိအခ်ိန္တြင္ ဝန္ႀကီးဌာနက တာဝန္ယူျပဳျပင္ေနရၿပီး ကုန္က်စရိတ္မ်ား၍ ပုဂၢလိကကုမၸဏီမ်ားကို ဖိတ္ေခၚရန္စီစဥ္ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။
‘‘စိတ္ဝင္စားမႈ ေဖာ္ျပလႊာ (EOI) ေခၚဖို႔ရွိတယ္။ လမ္းႀကီးကို အဆင့္ျမႇင့္တင္ဖို႔ စိတ္ဝင္စားတဲ့ ကုမၸဏီေတြကို ဖိတ္ေခၚဖို႔ရွိတယ္။အဲဒီအေပၚ မူတည္ၿပီး မၾကာခင္မွာ ေပၚလာဖို႔ရွိတယ္’’ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
လက္ရွိတြင္ ထိုအျမန္လမ္း ႏိုင္လြန္ကတၱရာခင္းျခင္းကို ဝန္ၾကီးဌာနက ေဆာင္႐ြက္ေနၿပီး ကုန္က်စရိတ္မ်ား၍ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈ ဖိတ္ေခၚရန္ စီစဥ္ျခင္း ျဖစ္သည္။
ထိုစီမံကိန္းသည္ ကန္ေဒၚ လာ သန္း ၉၆၀ ေက်ာ္တန္ဖိုးရွိၿပီး ၂၀၂၀-၂၁ ဘ႑ာႏွစ္မွ ၂၀၂၄-၂၅ ဘ႑ာႏွစ္အတြင္း အၿပီး ေဆာင္႐ြက္ရန္စီစဥ္ထားေၾကာင္း အစိုးရ၏ စီမံကိန္းဘဏ္တြင္ ေဖာ္ျပထားသည္။
ထိုလမ္းႀကီး အဆင့္ျမႇင့္တင္ရန္ ပထမအႀကိမ္ ဖိတ္ေခၚရာတြင္ ျပည္တြင္းကုမၸဏီမ်ားသာ ေလွ်ာက္ထားသျဖင့္ စီမံကိန္းကို ရပ္ဆိုင္းျခင္းျဖစ္သည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ဆိုထားသည္။ ရန္ကုန္-မႏၲေလး အျမန္လမ္းကို ေလးလမ္းသြားလမ္းမအျဖစ္ အဆင့္ျမႇင့္တင္ရန္ စီစဥ္ထားသည္ဟု ဦးဟန္ေဇာ္က ဆိုသည္။ ထိုလမ္းမႀကီးသည္ မိုင္ ၄၀၀ ခန႔္ရွည္လ်ားၿပီး ရန္ကုန္- ေနျပည္ေတာ္ႏွင့္ မႏၲေလးၿမိဳ႕တို႔ သို႔ ခ်ိတ္ဆက္ထားသည္။
ရန္ကုန္-ပဲခူးလမ္းပိုင္းကို အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) အကူအညီျဖင့္ အဆင့္ျမႇင့္တင္ရန္ စီစဥ္ထားၿပီး မိုင္ ၄၀ ခန႔္ရွိသည္။ က်န္လမ္းပိုင္းကို အဆင့္ျမႇင့္တင္ေရး ေလ့လာဆန္းစစ္ေလ့လာရန္ ရွိသည္ဟု အစိုးရ၏ စီမံကိန္းဘဏ္တြင္ ေၾကညာထားသည္။
ထိုလမ္းမသည္ ျမန္မာႏိုင္ငံ၏ တစ္ခုတည္းေသာ အျမန္လမ္းျဖစ္ၿပီး ပို႔ေဆာင္ေရးကြန္ရက္ အဓိက ေသြးေၾကာျဖစ္သည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com