ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
ထိုင်းအစိုးရပိုင်ရေနံကုမ္ပဏီ PTTEP က ဧရာဝတီတိုင်း ၊ ကျိုက်လတ်မြို့တွင် ပြည်တွင်းထုတ် သဘာဝဓါတ်ငွေ့များကို အသုံးပြု၍ ၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် အဆိုပြုလာကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါစက်ရုံနှင့်အတူ ၂၃၀ကေဗီ ဓါတ်အားလိုင်းပါတည်ဆောက်၍ မဟာဓါတ်အားလိုင်းကို ချိတ်ဆက်ပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ် ရောင်းချသွားရန်ဖြစ်သည်ဟုဆိုသည်။ ထိုစက်ရုံကို မြန်မာ့ကမ်းလွန် သဘာဝဓါတ်ငွေ့လုပ်ကွက် M-3 နှင့် ဇောတိက စီမံကိန်းတို့မှ သဘာဝဓါတ်ငွေ့ ရယူပြီး ကန်ပေါက်နှင့် ဒေါ်ငြိမ်း ဒေသများရှိ ဓါတ်ငွေ့ လက်ခံရေးစခန်းများမှတဆင့် ကျိုက်လတ်မြို့သို့ ပို့လွှတ်မည်ဖြစ်သည်။
ထိုစီမံကိန်းနှင့်အတူ ကျိုက်လတ်မြို့ မှတဆင့် ရန်ကုန်မြို့သို့ သဘာဝဓါတ်ငွေ့ပို့လွှတ်မည့် စီမံကိန်းကိုလည်း ထိုင်းကုမ္ပဏီက ရင်းနှီးမြှပ်နှံလိုကြောင်း ဝန်ကြီးဌာနကဆိုသည်။
ဝန်ကြီးဌာနဘက်က ထိုစီမံကိန်းများနှင့်ပတ်သတ်ပြီးစီမံကိန်းဆက်လက်ဆောင်စွက်သွားမည့် ပုံစံ၊ အသုံးပြုမည့် ဘဏ္ဍာရေးငွေကြေးပုံစံများကို မေးမြန်းခဲ့သည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံ ဆောက်လုပ်ရန် လေ့လာမှုများကို ထိုင်းရေနံနှင့် သဘာဝဓာတ် ငွေ့ကုမ္ပဏီ PTT နှင့် ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat)တို့ ပူးပေါင်းဆောင်ရွက်မည်ဟု ၂၀၁၈ ဖေဖော်ဝါရီလတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
Egat နှင့် PTT တို့သည် အကျိုးတူပူးပေါင်း၍ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ပြီး မြန်မာနှင့် ထိုင်းနိုင်ငံသို့ လျှပ်စစ်ရောင်းချရန် စီစဉ်ခြင်းဖြစ်သည်။
ထိုင်း PTT ကုမ္ပဏီသည် PTTEP အဖြစ် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ရှာဖွေခွင့်နှင့် ထုတ်လုပ်ခွင့်အတွက် လုပ်ကွက် ရှစ်ခုရရှိထားပြီး ဇောတိကရေနံ နှင့် သဘာဝတ်ဓာတ်ငွေ့လုပ်ကွက် ကုန်းတွင်းလုပ်ကွက်နှစ်ခု ၌ အဓိကရေနံတူးဖော်သူအဖြစ် လုပ်ကိုင်ခွင့်ရထားသည်။ ရဲတံခွန်နှင့် ရတနာကမ်းလွန်လုပ်ကွက်များတွင် အကျိုးတူဆောင် ရွက်နေသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ထိုင္းအစိုးရပိုင္ ေရနံကုမၸဏီက က်ိဳက္လတ္ၿမိဳ႕တြင္ မဂၢါဝပ္ ၆၀၀ ထုတ္မည့္ ဓါတ္အားေပးစက္ရုံေဆာက္ရန္ စီစဥ္
ထိုင္းအစိုးရပိုင္ေရနံကုမၸဏီ PTTEP က ဧရာဝတီတိုင္း ၊ က်ိဳက္လတ္ၿမိဳ႕ တြင္ ျပည္တြင္းထုတ္ သဘာဝဓါတ္ေငြ႕မ်ားကို အသုံးျပဳ၍ ၆၀၀ မဂၢါဝပ္ ထုတ္လုပ္မည့္ ဓါတ္အားေပးစက္႐ုံ တည္ေဆာက္ရန္ အဆိုျပဳလာေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္သည္။
အဆိုပါစက္႐ုံႏွင့္အတူ ၂၃၀ေကဗီ ဓါတ္အားလိုင္းပါတည္ေဆာက္၍ မဟာဓါတ္အားလိုင္းကို ခ်ိတ္ဆက္ၿပီး လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ ေရာင္းခ်သြားရန္ျဖစ္သည္ဟုဆိုသည္။ ထိုစက္႐ုံကို ျမန္မာ့ကမ္းလြန္ သဘာဝဓါတ္ေငြ႕လုပ္ကြက္ M-3 ႏွင့္ ေဇာတိက စီမံကိန္းတို႔မွသဘာဝဓါတ္ေငြ႕ ရယူၿပီး ကန္ေပါက္ႏွင့္ ေဒၚၿငိမ္း ေဒသမ်ားရွိ ဓါတ္ေငြ႕ လက္ခံေရးစခန္းမ်ားမွတဆင့္ က်ိဳက္လတ္ၿမိဳ႕သို႔ ပို႔လႊတ္မည္ျဖစ္သည္။
ထိုစီမံကိန္းႏွင့္အတူ က်ိဳက္လတ္ၿမိဳ႕ မွတဆင့္ ရန္ကုန္ၿမိဳ႕သို႔ သဘာဝဓါတ္ေငြ႕ပို႔လႊတ္မည့္ စီမံကိန္းကိုလည္း ထိုင္းကုမၸဏီက ရင္းႏွီးျမႇပ္ႏွံလိုေၾကာင္း ဝန္ႀကီးဌာနကဆိုသည္။
ဝန္ႀကီးဌာနဘက္က ထိုစီမံကိန္းမ်ားႏွင့္ပတ္သတ္ၿပီးစီမံကိန္းဆက္လက္ေဆာင္စြက္သြားမည့္ ပုံစံ၊ အသုံးျပဳမည့္ဘ႑ာေရးေငြေၾကးပုံစံမ်ားကို ေမးျမန္းခဲ့သည္ဟုဆိုသည္။
ျမန္မာႏိုင္ငံတြင္ သဘာဝဓာတ္ေငြ႕သုံး လွ်ပ္စစ္စက္႐ုံ ေဆာက္လုပ္ရန္ ေလ့လာမႈမ်ားကို ထိုင္းေရနံႏွင့္ သဘာဝဓာတ္ ေငြ႕ကုမၸဏီ PTT ႏွင့္ ထိုင္းလွ်ပ္စစ္ထုတ္လုပ္ေရး အာဏာပိုင္အဖြဲ႕ (Egat)တို႔ပူးေပါင္းေဆာင္႐ြက္မည္ဟု ၂၀၁၈ ေဖေဖာ္ဝါရီလတြင္ သေဘာတူလက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။
Egat ႏွင့္ PTT တို႔သည္ အက်ိဳးတူပူးေပါင္း၍ ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ေဆာက္လုပ္ၿပီး ျမန္မာႏွင့္ ထိုင္းႏိုင္ငံသို႔ လွ်ပ္စစ္ေရာင္းခ်ရန္ စီစဥ္ျခင္းျဖစ္သည္။
ထိုင္း PTT ကုမၸဏီသည္ PTTEP အျဖစ္ ျမန္မာႏိုင္ငံတြင္ သဘာဝဓာတ္ေငြ႕ ရွာေဖြခြင့္ႏွင့္ ထုတ္လုပ္ခြင့္အတြက္ လုပ္ကြက္ ရွစ္ခုရရွိထားၿပီး ေဇာတိကေရနံ ႏွင့္ သဘာဝတ္ဓာတ္ေငြ႕လုပ္ကြက္ ကုန္းတြင္းလုပ္ကြက္ႏွစ္ခု ၌ အဓိကေရနံတူးေဖာ္သူအျဖစ္ လုပ္ကိုင္ခြင့္ရထားသည္။ ရဲတံခြန္ႏွင့္ ရတနာကမ္းလြန္လုပ္ကြက္မ်ားတြင္ အက်ိဳးတူေဆာင္ ႐ြက္ေနသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com