ကိုရိုနာဗိုင်းရပ်စ်ကြောင့် စင်္ကာပူ၏စီးပွားရေး ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းမည်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စင်္ကာပူ၏စီးပွားရေး ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းမည် - Property News in Myanmar from iMyanmarHouse.com
4 Mar 2020 11:04 am တွင် တင်ခဲ့သည်
689 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ ဆိုးကျိုးများသည် တရုတ်ကို ကျော်လွန်၍ ရိုက်ခတ်မည်ဖြစ်ပြီး စင်္ကာပူက အထိခိုက်ဆုံးဖြစ်မည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းလိုက်ကြသည်။
တရုတ်နှင့်အဓိကကုန်သွယ်ဖက်ဖြစ်သည့် စင်္ကာပူ၏စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းမှ ၂၀၀၉ ခုနှစ်တွင် ပြန်လည်နာလန်ထူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခု ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်း ဖွံ့ဖြိုးနှုန်းကျဆင်းမည်ဟု ခန့်မှန်းထားကြကြောင်း သိရသည်။
စင်္ကာပူသာမက တောင်ကိုရီးယား၊ သြစတြေးလျ၊ ထိုင်းနှင့် ထိုင်ဝမ်တို့တွင်လည်း ယင်းကာလအတွင်း စီးပွားရေးအခြေအနေများကျဆင်းမည်ဟု ခန့်မှန်းထားကြကြောင်း ရိုက်တာစစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။
တောင်ကိုရီးယားတွင် ၂ ဒသမ ၁ ရာခိုင်နှုန်းသာ ဖွံ့ဖြိးပြီး ထိုင်းနှင့် ထိုင်ဝမ်တို့တွင် ဝ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၃ ရာခိုင်နှုန်းစီသာ အသီးသီး ဖွံ့ဖြိုးမည်ဟု ခန့်မှန်းထားသည်။ သြစတြေးလျစီးပွားရေးသည် ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့သည့် ဆယ်စုနှစ်သုံးခုနီးပါးကြာ ဖွံ့ဖြိုးမှုအလျင်ကို အဆုံးသတ်၍ တဖြည်းဖြည်းတန့်သွားမည်ဟု ခန့်မှန်းရသည်။
အင်ဒိုနီးရှားကမူ ၄ ဒသမ ၇ ရာခိုင်နှုန်း ဖွံ့ဖြိုးမည်ဟု ခန့်မှန်းချက်ဖြင့် သက်ရောက်မှုအနည်းဆုံးဖြစ်မည်ဟု ခန့်မှန်းခံထားရသည်။
“အာရှစီးပွားရေးတွေအပေါ် ကိုရိုနာဗိုင်းရပ်စ်ရဲ့သက်ရောက်မှုက တော်တော်လေးကြီးမားနိုင်ပါတယ်။ ဘာကြောင့်ဆို ‌ဒေသတွင်းခရီးသွားလုပ်ငန်းအတွက် အလွန်အထိနာလို့ပဲဖြစ်ပါတယ်။” ဟု စင်္ကာပူရှိ ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ ING ၏ သုတေသနခေါင်းဆောင်နှင့် စီးပွားရေးပညာရှင်ချုပ် ရောဘတ်ကာနဲလ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တစ်ပတ်ကျော်အတွင်း ထုတ်ပြန်ခဲ့သည့် အလားတူစစ်တမ်းတစ်ရပ်ကလည်း တရုတ်စီးပွားရေးသည် ယခုပထမသုံးလပတ်တွင် (ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းမှ ၂၀၀၉ ခုနှစ်တွင် ပြန်လည်နာလန်ထူခဲ့ပြီးနောက်) အ‌နှေးကွေးဆုံးနှုန်းဖြင့် ဖွံ့ဖြိုးမည်ဟု ခန့်မှန်းခဲ့သည်။ ယခုကပ်ဘေးကြောင့် တရုတ်စီးပွားရေးသည် ၃ ရာခိုင်နှုန်းနီးပါး သို့မဟုတ် ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ဖွံ့ဖြိုးမည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြသည်။ တရုတ်စီးပွားရေးသည် ပြီးခဲ့သည့်သုံးလပတ်ဖြစ်သော ၂၀၁၉ ခုနှစ် စတုတ္တသုံးလပတ်တွင် ၆ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့သည်။
မည်သို့ဆိုစေ ဒုတိယသုံးလပတ်တွင်မူ အဓိကအာရှစီးပွားရေးအများစု ပြန်လည်ဦးမော့မည် ခန့်မှန်းထားကြ‌ကြောင်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
The Crest
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service