ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
လမ်းမတော် သံဈေးမီးလောင်မှုရဲ့စတင် လောင်ကျွမ်းရာဒုတိယထပ်ရဲ့အောက်ခြေမှာ ၆ပေလောက်နိမ့်ဆင်းသွားတာကြောင့် အန္တရာယ်ရှိအနေအထားရှိတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။
ဒါ့ကြောင့် ပြန်လည်အစားထိုးပြင်ဆင်ဖို့ အဆောက်အအုံကြံ့ခိုင်စေဖို့ ဦးစားပေးပြန်လည်လုပ်ဆောင်ပြီးမှ ဈေးသူဈေးသားတွေကို ပြန်လည်နေရာချထားပေးဖို့စီစဉ်နေတာလို့ဦးမောင်မောင်စိုးကဆိုပါတယ်။
ဒါ့ကြောင့် ပြန်လည်ပြင်ဆင်ပြီးမှသာဆိုင်ခန်းတွေကို ပြန်လည်နေရာချသွားပေးမယ်လို့ ရန်ကုန်မြို ့တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။
Level -5 အထိအဆင့်သတ်မှတ်ပြီးလောင်ကျွမ်းခဲ့တဲ့ သံဈေးမီးလောင်မှုရဲ့အကြောင်းအရင်းထွက်ပေါ်လာပြီးတဲ့နောက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စစ်ဆေးမှုတွေ အပြီးပြန်လည်ပြင်ဆင်မှုကိုလုပ်ဆောင်သွားမှာပါ။
သုံးနာရီကျော်ကြာလောင်ကျွမ်းခဲ့တဲ့သံဈေးမီးလောင်ကျွမ်းမှုကိုတစ်ပတ်ကျော်ကြာ စုံခုံဖွဲ့စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။
မတ်လ (၁) ရက်နေ့က ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ကမီးလောင်ရတဲ့အကြောင်းအရင်းကို ဝါယာရှော့ကြောင့် ဆိုပြီး အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
မီးလောင်ကျွမ်းတဲ့သံဈေးဒုတိယအလွှာပြန်လည် ပြင်ဆင်မယ်