ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ကယားပြည်နယ် ၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ လူထုတွေ့ဆုံပွဲနှင့် မြို့မြေငှားဂရန် ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာအရသိရသည်။
အဆိုပါ လူထုတွေ့ဆုံပွဲနှင့်မြို့မြေငှားဂရန် ပေးအပ်ပွဲကို မတ်လ ၂ ရက်က ဖားဆောင်းမြို့ ဖားစည်သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဖားဆောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ ဒေသခံပြည်သူများ စုစုပေါင်း အင်အား(၃၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိရေးအတွက်လည်း မြို့မြေငှားဂရန်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချထားပေးလျက်ရှိကြောင်း၊ ပြည်သူများ လိုအပ်ချက်များရှိက ပွင့်လင်းမြင်သာစွာ တင်ပြစေလိုကြောင်းပြောကြားခဲ့သည်။
မြေငှားဂရန် လျှောက်ထားရာတွင် လူနေထိုင်ရန်အတွက် လျှောက်ထားသူ(၁၃၀)ဦးနှင့် စက်မှုလုပ်ငန်းအတွက် မြေငှားဂရန် လျှောက်ထားသူ (၁)ဦး စုစုပေါင်း (၁၃၁)ဦးတို့အား မြို့မြေငှားဂရန်များ ပေးအပ်ခဲ့ကြောင်း MOI အရသိရသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ဖားေဆာင္းၿမိဳ႕နယ္၌ လူထုေတြ႕ဆုံပြဲႏွင့္ ၿမိဳ႕ေျမငွားဂရန္ ေပးအပ္ပြဲ က်င္းပျပဳလုပ္ခဲ့
ကယားျပည္နယ္၊ ေဘာလခဲခရိုင္၊ ဖားေဆာင္းၿမိဳ႕နယ္၌ လူထုေတြ႕ဆုံပြဲႏွင့္ ၿမိဳ႕ေျမငွားဂရန္ ေပးအပ္ပြဲ က်င္းပျပဳလုပ္ခဲ့ေၾကာင္း ႏိုင္ငံပိုင္သတင္းစာအရသိရသည္။
အဆိုပါ လူထုေတြ႕ဆုံပြဲႏွင့္ၿမိဳ့ေျမငွားဂရန္ ေပးအပ္ပြဲကို မတ္လ ၂ ရက္က ဖားေဆာင္းၿမိဳ့ ဖားစည္သံလြင္ခန္းမ၌ က်င္းပျပဳလုပ္ခဲ့ရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရွိုႏွင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး၊ ျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမႉး၊ ဖားေဆာင္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္နယ္၊ ခရိုင္၊ ၿမိဳ့နယ္အဆင့္ ဌာနဆိုင္ရာအႀကီးအကဲႏွင့္ ဝန္ထမ္းမ်ား ေဒသခံျပည္သူမ်ား စုစုေပါင္း အင္အား(၃၅၀) ဦး တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ျပည္နယ္ဝန္ႀကီးခ်ဳပ္က အဖြင့္အမွာစကား ေျပာၾကားရာတြင္ ကယားျပည္နယ္ အစိုးရအဖြဲ႕အေနျဖင့္ ျပည္သူမ်ား စိတ္ပိုင္းႏွင့္႐ုပ္ပိုင္းဆိုင္ရာ လုံျခဳံမႈရရွိေရးအတြက္လည္း ၿမိဳ႕ေျမငွားဂရန္မ်ားကို လုပ္ထုံးလုပ္နည္းႏွင့္အညီ ခြင့္ျပဳခ်ထားေပးလ်က္ရွိေၾကာင္း၊ ျပည္သူမ်ား လိုအပ္ခ်က္မ်ားရွိက ပြင့္လင္းျမင္သာစြာ တင္ျပေစလိုေၾကာင္းေျပာၾကားခဲ့သည္။
ေျမငွားဂရန္ ေလၽွာက္ထားရာတြင္ လူေနထိုင္ရန္အတြက္ ေလွ်ာက္ထားသူ(၁၃၀)ဦးႏွင့္ စက္မႈလုပ္ငန္းအတြက္ ေျမငွားဂရန္ ေလၽွာက္ထားသူ (၁)ဦး စုစုေပါင္း (၁၃၁)ဦးတို႔အား ၿမိဳ႕ေျမငွားဂရန္မ်ား ေပးအပ္ခဲ့ေၾကာင္း MOI အရသိရသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com