ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
တန်ဖိုးနည်း/တန်ဖိုးမျှတအိမ်ရာများ တည်ဆောက်ရန် စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီက မြန်မာနိုင်ငံတိုင်းရင်းသားများပိုင် ပြည်တွင်းကုမ္ပဏီများအား စိတ်ပါဝင်စားမှု ဖော်ပြခြင်း (EOI) အဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။
ကိုယ်ပိုင်မြေကွက် (တစ်ဦးတည်းပိုင်(သို့)ပူးတွဲပိုင်) များတွင် တန်ဖိုးနည်းအိမ်ရာများ(Low Cost Housing ) / တန်ဖိုး မျှတအိမ်ရာများ (Affordable Housing) (Mix – Used Development များကို) တည်ဆောက်ရန်အတွက် ရွှေပြည်သာမြို့နယ်၊ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ဗိုလ်ရန်ပြေလမ်းကြား၊ မြေတိုင်းရပ်ကွက်အမှတ် (၉ + ၁၀)၊မြေဧရိယာ (၁၀)ဧကခန့် (သာဓုကန်ဘူတာအနီး)ကို လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ရတနာပုံလမ်း၊မြေတိုင်းရပ်ကွက်အမှတ်(၁၄၅)၊မြေဧရိယာ(၈.၈၅၆) ဧကခန့်ကိုလည်းကောင်း၊ (၁၀)ဧကနှင့် အထက် မြေကွက်များ (တစ်ဦးတည်းပိုင် (သို့) ပူးတွဲပိုင် (သို့) အစိုးရပိုင်)ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တင်ဒါလက်ခံ ရေးနှင့် စိစစ်ရေးကော်မတီမှ အဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ် ခြင်းဖြစ်သည်။
EOI အဆိုပြုလွှာ စာရွက်စာတမ်းများကို ၂၀၂၀ ခုနှစ် မတ်လ ၃ ရက် (အင်္ဂါနေ့) မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၄ လမ်းနှင့် စည်ပင်လမ်းထောင့်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဆယ်ထပ်ရုံး၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ ၈လွှာတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း၊ ယင်းစာရွက်စာတမ်းအပြည့်အစုံကို ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုသော အချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အ အုံ)၊ တယ်လီဖုန်းအမှတ် ၀၁-၃၇၄၃၆၆၊ ၀၁-၃၇၈၁၅၇ သို့ ရုံးချိန်အတွင်း မေးမြန်းနိုင်ကြောင်းသိရသည်။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
တန္ဖိုးနည္း/တန္ဖိုးမၽွတအိမ္ရာမ်ား တည္ေဆာက္ရန္ စိတ္ပါဝင္စားမႈေဖာ္ျပျခင္း အဆိုျပဳလႊာမ်ား ရန္ကုန္စည္ပင္ဖိတ္ေခၚ
တန္ဖိုးနည္း/တန္ဖိုးမၽွတအိမ္ရာမ်ား တည္ေဆာက္ရန္ စိတ္ပါဝင္စားမႈေဖာ္ျပျခင္း အဆိုျပဳလႊာမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တင္ဒါလက္ခံေရးႏွင့္စိစစ္ေရးေကာ္မတီက ျမန္မာနိုင္ငံတိုင္းရင္းသားမ်ားပိုင္ ျပည္တြင္းကုမၸဏီမ်ားအား စိတ္ပါဝင္စားမႈ ေဖာ္ျပျခင္း (EOI) အဆိုျပဳလႊာမ်ား တင္သြင္းရန္ ဖိတ္ေခၚထားေၾကာင္းသိရသည္။
ကိုယ္ပိုင္ေျမကြက္ (တစ္ဦးတည္းပိုင္(သို႔)ပူးတြဲပိုင္) မ်ားတြင္ တန္ဖိုးနည္းအိမ္ရာမ်ား(Low Cost Housing ) / တန္ဖိုး မၽွတအိမ္ရာမ်ား (Affordable Housing) (Mix – Used Development မ်ားကို) တည္ေဆာက္ရန္အတြက္ ေရႊျပည္သာၿမိဳ႕နယ္၊ ရန္ကုန္-ျပည္ မီးရထားလမ္းႏွင့္ ဗိုလ္ရန္ေျပလမ္းၾကား၊ ေျမတိုင္းရပ္ကြက္အမွတ္ (၉ + ၁၀)၊ေျမဧရိယာ (၁၀)ဧကခန႔္ (သာဓုကန္ဘူတာအနီး)ကို လည္းေကာင္း၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ရတနာပုံလမ္း၊ေျမတိုင္းရပ္ကြက္အမွတ္(၁၄၅)၊ေျမဧရိယာ(၈.၈၅၆) ဧကခန႔္ကိုလည္းေကာင္း၊ (၁၀)ဧကႏွင့္ အထက္ ေျမကြက္မ်ား (တစ္ဦးတည္းပိုင္ (သို႔) ပူးတြဲပိုင္ (သို႔) အစိုးရပိုင္)ကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ တင္ဒါလက္ခံေရးႏွင့္ စိစစ္ေရးေကာ္မတီမွ အဆိုျပဳလႊာမ်ား တင္သြင္းရန္ ဖိတ္ေခၚျခင္းျဖစ္သည္။
EOI အဆိုျပဳလႊာ စာရြက္စာတမ္းမ်ားကို ၂၀၂၀ ခုႏွစ္ မတ္လ ၃ ရက္ (အဂၤါေန႔) မွစ၍ ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ၃၄ လမ္းႏွင့္ စည္ပင္လမ္းေထာင့္ရွိ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ဆယ္ထပ္႐ုံး၊ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ)၊ ၈လႊာတြင္ ႐ုံးခ်ိန္အတြင္း ဝယ္ယူနိုင္ေၾကာင္း၊ ယင္းစာရြက္စာတမ္းအျပည့္အစုံကို ၂၀၂၀ ခုႏွစ္ မတ္လ ၃၁ ရက္ေနာက္ဆုံးထားေပးပို႔ရမည္ျဖစ္ၿပီး အေသးစိတ္သိရွိလိုေသာ အခ်က္မ်ားကို ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ အင္ဂ်င္နီယာဌာန(အေဆာက္အ အုံ)၊ တယ္လီဖုန္းအမွတ္ ၀၁-၃၇၄၃၆၆၊ ၀၁-၃၇၈၁၅၇ သို႔ ႐ုံးခ်ိန္အတြင္း ေမးျမန္းနိုင္ေၾကာင္းသိရသည္။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com