ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
စင်္ကာပူ အစိုးရက အစီအစဉ်ဖြင့် ဆောက်လုပ်သော တန်ဖိုးနည်းအိမ်ရာ လူနေခန်းများဖြစ်သည့် HDB အခန်းများတွင် စပ်မျိုးခွေးများကို မွေးစားနိုင်သည့် အရပ်အမြင့်ကန့်သတ်ချက်ကို ဖြေလျော့ကာ မတ်လမှစတင်ပြီး အရပ်အမြင့် တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း စင်္ကာပူ အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တိမွေးကုဌာန (AVS) ၏ သတင်းထုတ်ပြန်ချက်တွင် Project Adore အမည်ရှိ လေလွင့်ခွေးများ မွေးစားခြင်းအစီအစဉ်အရ မူလက ခွင့်ပြုထားသော အရပ်အမြင့်ကို ၅ စင်တီမီတာ တိုးပေးလိုက်ရာ ယခုအခါ အရပ်အမြင့် ၅၅ စင်တီမီတာ (၂၁ ဒသမ ၆ လက်မ) အထိ ရှိသော စပ်မျိုးခွေးများ မွေးစားခွင့်ရရှိတော့မည် ဖြစ်သည်။
ခွေးမွေးစားခွင့်နှင့် စပ်လျဉ်းပြီး အလေးချိန်ကန့်သတ်ချက်ဖြစ်သော ၁၅ ကီလိုဂရမ်ဟူသည့်အချက်ကိုလည်း ပယ်ဖျက်ပေးလိုက်သည်။
ယခုကဲ့သို့ ဖြေလျော့ပေးသည့် အစီအစဉ်ကို AVS မှ ဦးဆောင်ကာ HDB နှင့် အခြားသော တိရ စ္ဆာန်စောင့်ရှောက်ရေးအဖွဲ့များ၏ ကူညီပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်သည့် ၂ နှစ်စီမံကိန်းတစ်ခု ဖြစ်သည်။
မွေးစားမည့်သူအားလုံးသည် ခွေးပိုင်ရှင်များတွင် ရှိရမည့်လိုအပ်ချက်များ ပြည့်မီရမည့်အပြင် AVS က ချမှတ်ထားသည့် ခွေးရှင်တို့ ပြုမူရမည့် စည်းမျဉ်းများကို လိုက်နာရန် လိုအပ်မည် ဖြစ်သည်။
လွန်ခဲ့သော ၈ နှစ်တာအတွင်းအကောင်အထည်ဖော်ခဲ့သည့် မွေးစားမှုဆိုင်ရာ စီမံကိန်းများ အောင်မြင်ခဲ့မှုကြောင့် ယခုအခါ ခွေးများကို ပိုမို မွေးစားခွင့်ပြုရန်ရည်ရွယ်ကာ Project Adore ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးနှင့် အမျိုးသားဖွံ့ဖြိုးရေး ဆိုင်ရာ ပါလီမန်အတွင်းဝန် မစ္စ စန်ရွှီလင်းက ပြောကြားသည်။
Project Adore ကို ၂၀၁၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး အလတ်စားအရွယ်ရှိ စပ်မျိုးခွေးများကို HDB အခန်းများ တွင် မွေးစားခွင့်ပြုခြင်းအားဖြင့် လမ်းပေါ်မှ လေလွင့်ခွေးကောင်ရေပမာဏ လျှော့ချနိုင်ရန် ရည်ရွယ်ခဲ့သည်။
အဆိုပါအစီအစဉ်ဖြင့် ၂၀၁၉ နှစ်ကုန်ပိုင်းတွင် စပ်မျိုးခွေးကောင်ရေ ၁၃၀၀ ကျော်အထိ မွေးစားခွင့် ပေးအပ်ခဲ့ပြီးလည်း ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
စကၤာပူ HDB လူေနခန္းမ်ားတြင္ ေမြးျမဴႏိုင္သည့္ ေခြးမ်ား၏ အရပ္အျမင့္ သတ္မွတ္ခ်က္ ေျဖေလ်ာ့ေပး
စကၤာပူအစိုးရက အစီအစဥ္ျဖင့္ ေဆာက္လုပ္ေသာ တန္ဖိုးနည္းအိမ္ရာ လူေနခန္းမ်ားျဖစ္သည့္ HDB အခန္းမ်ားတြင္ စပ္မ်ိဳးေခြးမ်ားကို ေမြးစားႏိုင္သည့္ အရပ္အျမင့္ကန႔္သတ္ခ်က္ကို ေျဖေလ်ာ့ကာ မတ္လမွစတင္ၿပီး အရပ္အျမင့္ တိုးျမႇင့္ေပးလိုက္ၿပီျဖစ္ေၾကာင္း စကၤာပူ အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
တိေမြးကုဌာန (AVS) ၏ သတင္းထုတ္ျပန္ခ်က္တြင္ Project Adore အမည္ရွိ ေလလြင့္ေခြးမ်ား ေမြးစားျခင္းအစီအစဥ္အရ မူလက ခြင့္ျပဳထားေသာ အရပ္အျမင့္ကို ၅ စင္တီမီတာ တိုးေပးလိုက္ရာ ယခုအခါ အရပ္အျမင့္ ၅၅ စင္တီမီတာ (၂၁ ဒသမ ၆ လက္မ) အထိ ရွိေသာ စပ္မ်ိဳးေခြးမ်ား ေမြးစားခြင့္ရရွိေတာ့မည္ ျဖစ္သည္။
ေခြးေမြးစားခြင့္ႏွင့္ စပ္လ်ဥ္းၿပီး အေလးခ်ိန္ကန႔္သတ္ခ်က္ျဖစ္ေသာ ၁၅ ကီလိုဂရမ္ဟူသည့္အခ်က္ကိုလည္း ပယ္ဖ်က္ေပးလိုက္သည္။
ယခုကဲ့သို႔ ေျဖေလ်ာ့ေပးသည့္ အစီအစဥ္ကို AVS မွ ဦးေဆာင္ကာ HDB ႏွင့္ အျခားေသာ တိရ စာၦန္ေစာင့္ေရွာက္ေရးအဖြဲ႕မ်ား၏ ကူညီပံ့ပိုးမႈျဖင့္ အေကာင္အထည္ေဖာ္သည့္ ၂ ႏွစ္စီမံကိန္းတစ္ခု ျဖစ္သည္။
ေမြးစားမည့္သူအားလုံးသည္ ေခြးပိုင္ရွင္မ်ားတြင္ ရွိရမည့္လိုအပ္ခ်က္မ်ား ျပည့္မီရမည့္အျပင္ AVS က ခ်မွတ္ထားသည့္ ေခြးရွင္တို႔ ျပဳမူရမည့္ စည္းမ်ဥ္းမ်ားကို လိုက္နာရန္ လိုအပ္မည္ ျဖစ္သည္။
လြန္ခဲ့ေသာ ၈ ႏွစ္တာအတြင္းအေကာင္အထည္ေဖာ္ခဲ့သည့္ ေမြးစားမႈဆိုင္ရာ စီမံကိန္းမ်ား ေအာင္ျမင္ခဲ့မႈေၾကာင့္ ယခုအခါ ေခြးမ်ားကို ပိုမို ေမြးစားခြင့္ျပဳရန္ရည္႐ြယ္ကာ Project Adore ကို အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ထဲေရးႏွင့္ အမ်ိဳးသားဖြံ႕ၿဖိဳးေရး ဆိုင္ရာ ပါလီမန္အတြင္းဝန္ မစၥ စန္႐ႊီလင္းက ေျပာၾကားသည္။
Project Adore ကို ၂၀၁၂ ခုႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ၿပီး အလတ္စားအ႐ြယ္ရွိ စပ္မ်ိဳးေခြးမ်ားကို HDB အခန္းမ်ား တြင္ ေမြးစားခြင့္ျပဳျခင္းအားျဖင့္ လမ္းေပၚမွ ေလလြင့္ေခြးေကာင္ေရပမာဏ ေလွ်ာ့ခ်ႏိုင္ရန္ ရည္႐ြယ္ခဲ့သည္။
အဆိုပါအစီအစဥ္ျဖင့္ ၂၀၁၉ ႏွစ္ကုန္ပိုင္းတြင္ စပ္မ်ိဳးေခြးေကာင္ေရ ၁၃၀၀ ေက်ာ္အထိ ေမြးစားခြင့္ ေပးအပ္ခဲ့ၿပီးလည္း ျဖစ္သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com