ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ရန်ကုန်မြို့အိမ်၊ ခြံ၊ မြေ သတင်းအချက်အလက်စနစ် လမ်းပြမြေပုံဆိုင်ရာ အစီရင်ခံစာရေးဆွဲပြီးစီးသည့်အတွက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို လွှဲပြောင်းပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ကျင်းပသည့် အစီရင်ခံစာလွှဲပြောင်းပွဲမှ သိရသည်။
အဆိုပါ ရန်ကုန်မြို့အိမ်၊ ခြံ၊ မြေ သတင်းအချက်အလက်စနစ် လမ်းပြမြေပုံဆိုင်ရာ အစီရင်ခံစာကို Lexis Nexis ၏ အရှေ့တောင်အာရှဒေသတာဝန်ခံ၊ မန်းနေးဂျင်းဒါရိုက်တာ Mrs. Gaythri Raman က ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအစီရင်ခံစာမှတဆင့် အိမ်၊ ခြံ၊ မြေ ဖွံ့ဖြိုးတိုးတက်နိုင်ရန် တိကျခိုင်မာသည့်အချက်အလက် information များရှိရန် ရန်ကုန်သည် အိမ်၊ ခြံ၊ မြေနှင့် ပတ်သက်ပြီး လှုပ်ခတ်ခဲ့သည့် အခြေအနေရှိသောကြောင့် ယင်းအခြေအနေကို တည်ငြိမ်သည့် အိမ်၊ ခြံ၊ မြေ ဈေးကွက်နှင့် ဖွံ့ဖြိုးတိုးတက်သည့် မြို့ပြတစ်ခုဖြစ်နိုင်ရန် ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် JICA ၏အကူအညီဖြင့် Yangon Mapping ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့ဟောင်းကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန် ရန်ကုန်မြို့၏ အနောက်ဘက်ခြမ်းကိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်း အဆိုပါအစိုးရအဖွဲ့မှသိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕အိမ္၊ ျခံ၊ ေျမသတင္းအခ်က္အလက္စနစ္ အီလက္ထရြန္နစ္ လမ္းျပေျမပုံဆိုင္ရာ အစီရင္ခံစာလႊဲေျပာင္း
ရန္ကုန္ၿမိဳ႕အိမ္၊ ျခံ၊ ေျမ သတင္းအခ်က္အလက္စနစ္ လမ္းျပေျမပုံဆိုင္ရာ အစီရင္ခံစာေရးဆြဲၿပီးစီးသည့္အတြက္ ရန္ကုန္ျမိဳ့ေတာ္၀န္ ဦးေမာင္ေမာင္စိုးကုိ လႊဲေျပာင္းေပးခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕တြင္ က်င္းပသည့္ အစီရင္ခံစာလႊဲေျပာင္းပြဲမွ သိရသည္။
အဆိုပါ ရန္ကုန္ၿမိဳ႕အိမ္၊ ျခံ၊ ေျမ သတင္းအခ်က္အလက္စနစ္လမ္းျပေျမပုံဆိုင္ရာ အစီရင္ခံစာကုိ Lexis Nexis ၏ အေရွ႕ေတာင္အာရွေဒသတာဝန္ခံ၊ မန္းေနးဂ်င္းဒါ႐ိုက္တာ Mrs. Gaythri Raman က ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးထံ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္သည္။
ယင္းအစီရင္ခံစာမွတဆင့္ အိမ္၊ ျခံ၊ ေျမ ဖြံ႕ၿဖိဳးတိုးတက္ႏိုင္ရန္ တိက်ခိုင္မာသည့္အခ်က္အလက္ information မ်ားရွိရန္ ရန္ကုန္သည္ အိမ္၊ ျခံ၊ ေျမႏွင့္ ပတ္သက္ျပီး လႈပ္ခတ္ခဲ့သည့္ အေျခအေနရွိေသာေၾကာင့္ ယင္းအေျခအေနကိုတည္ၿငိမ္သည့္ အိမ္၊ ျခံ၊ ေျမ ေဈးကြက္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္သည့္ ၿမိဳ႕ျပတစ္ခုျဖစ္ႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအေနျဖင့္ JICA ၏အကူအညီျဖင့္ Yangon Mapping ကို ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ ရန္ကုန္ၿမိဳ႕ေဟာင္းကို စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္ရန္ ရန္ကုန္ၿမိဳ႕၏ အေနာက္ဘက္ျခမ္းကိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ ဆက္လက္ေဆာင္႐ြက္သြားရန္ရည္ရြယ္ထားေၾကာင္း အဆိုပါအစိုးရအဖြဲ့မွသိရသည္။
မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com