ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
ရန်ကုန်မြို့တော် အိမ်ခြံမြေသတင်းအချက်အလက်စနစ် လမ်းပြမြေပုံဆိုင်ရာ အစီရင်ခံစာအား ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးထံ ဖေဖော်ဝါရီ ၂၇ ရက်က Lexis Nexis ၏ အရှေ့တောင်အာရှဒေသတာဝန်ခံ၊ မန်နေဂျင်း ဒါရိုက်တာ Mrs. Gaythri Raman က လွှဲပြောင်း ပေးခဲ့ကြောင်းအပ်ခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှသိရသည်။
အဆိုပါအခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတက်ရောက်ကာ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက်ဆိုလျှင် မိမိတို့မှာ တိကျခိုင်မာသည့် အချက်အလက် information များရှိရမှာဖြစ်ပါကြောင်း၊ ရန်ကုန်သည် အိမ်ခြံမြေနှင့် ပတ်သက်ပြီး အတော်ကိုလှုပ်ခတ်ခဲ့သည့် အခြေအနေရှိပါကြောင်း၊ ယင်းအခြေအနေကိုတည်ငြိမ်သည့် အိမ်ခြံမြေဈေးကွက်နှင့် ဖွံ့ဖြိုးတိုးတက်သည့် မြို့ပြတစ်ခုဖြစ်နိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ကြောင်းပြောကြားသည်။
ထို့အပြင် JICA ၏အကူအညီဖြင့် Yangon Mapping ကိုလည်း ဆောင်ရွက်နေကြောင်း၊ ရန်ကုန်မြို့ဟောင်းကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ထိန်းညှိရင်းနှင့်တစ်ဖက်မှာ ရန်ကုန်မြို့၏ အနောက်ဘက်ခြမ်းကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားဖို့ မိမိတို့တိုင်းဒေသကြီးမှာ ရည်မှန်းချက်ရှိကြောင်း၊ အဆင့်မီ နည်းပညာများကို သုံးစွဲပြီး မြို့ပြ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တွက်ချက်ကြရမှာ ဖြစ်ကြောင်း၊ အချက်အလက်များ၊ information များကို စုစည်းနိုင်ဖို့အတွက် Lexis Nexis ကနေ အကူအညီ ပေးခြင်းအပေါ်မှာ အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် အိမ်ခြံမြေ သတင်းအချက်အလက်စနစ် တည်ထောင်ရေးဆိုင်ရာ အီလက်ထရောနစ် အခြေပြု မှတ်ပုံတင်စနစ်တစ်ရပ် တည်ထောင်နိုင်မည့် လမ်းပြမြေပုံကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အရှေ့တောင်အာရှဒေသ Lexis Nexis တို့၏ အစီအစဉ်ဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕ေတာ္ အိမ္ၿခံေျမသတင္းအခ်က္အလက္စနစ္ လမ္းျပေျမပုံဆိုင္ရာ အစီရင္ခံစာအား ရန္ကုန္ၿမိဳ့ေတာ္ဝန္ထံ လႊဲေျပာင္းေပးအပ္
ရန္ကုန္ၿမိဳ႕ေတာ္ အိမ္ၿခံေျမသတင္းအခ်က္အလက္စနစ္ လမ္းျပေျမပုံဆိုင္ရာ အစီရင္ခံစာအား ရန္ကုန္ၿမိဳ့ေတာ္ဝန္ဦးေမာင္ေမာင္စိုးထံ ေဖေဖာ္ဝါရီ ၂၇ ရက္က Lexis Nexis ၏ အေရွ႕ေတာင္အာရွေဒသတာဝန္ခံ၊ မန္ေနဂ်င္းဒါရိုက္တာ Mrs. Gaythri Raman က လႊဲေျပာင္း ေပးခဲ့ေၾကာင္းအပ္ခဲ့ေၾကာင္း ရန္ကုန္တိုင္းအစိုးရမွသိရသည္။
အဆိုပါအခမ္းအနားကို တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး၊ မဂၤလာခန္းမ၌ ျပဳလုပ္ခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းတက္ေရာက္ကာ အိမ္ၿခံေၿမ ဖြံ့ၿဖိဳးတိုးတက္နိုင္ဖို႔အတြက္ဆိုလၽွင္ မိမိတို႔မွာ တိက်ခိုင္မာသည့္ အခ်က္အလက္ information မ်ားရွိရမွာျဖစ္ပါေၾကာင္း၊ ရန္ကုန္သည္ အိမ္ၿခံေျမႏွင့္ ပတ္သက္ၿပီး အေတာ္ကိုလႈပ္ခတ္ခဲ့သည့္ အေျခအေနရွိပါေၾကာင္း၊ ယင္းအေျခအေနကိုတည္ၿငိမ္သည့္ အိမ္ၿခံေျမေဈးကြက္ႏွင့္ ဖြံ့ၿဖိဳးတိုးတက္သည့္ ၿမိဳ့ျပတစ္ခုျဖစ္နိုင္ဖို႔အတြက္ ဆက္လက္ေဆာင္ရြက္ၾကရမွာျဖစ္ေၾကာင္းေျပာၾကားသည္။
ထို႔အျပင္ JICA ၏အကူအညီျဖင့္ Yangon Mapping ကိုလည္း ေဆာင္ရြက္ေနေၾကာင္း၊ ရန္ကုန္ၿမိဳ့ေဟာင္းကို စနစ္တက် ဖြံ့ၿဖိဳးတိုးတက္ေအာင္ ထိန္းညႇိရင္းႏွင့္တစ္ဖက္မွာ ရန္ကုန္ၿမိဳ႕၏ အေနာက္ဘက္ျခမ္းကိုလည္း ဖြံ့ၿဖိဳးတိုးတက္ေအာင္ ဆက္လက္ေဆာင္ရြက္သြားဖို႔ မိမိတို႔တိုင္းေဒသႀကီးမွာ ရည္မွန္းခ်က္ရွိေၾကာင္း၊ အဆင့္မီနည္းပညာမ်ားကို သုံးစြဲၿပီး ၿမိဳ့ျပ၏ ဖြံ့ၿဖိဳးတိုးတက္ေရးကို တြက္ခ်က္ၾကရမွာ ျဖစ္ေၾကာင္း၊ အခ်က္အလက္မ်ား၊ information မ်ားကို စုစည္းနိုင္ဖို႔အတြက္ Lexis Nexis ကေန အကူအညီ ေပးျခင္းအေပၚမွာ အထူးပဲ ေက်းဇူးတင္ပါေၾကာင္း ေျပာၾကားခဲ့သည္။
ရန္ကုန္ၿမိဳ႕ေတာ္ အိမ္ၿခံေၿမ သတင္းအခ်က္အလက္စနစ္ တည္ေထာင္ေရးဆိုင္ရာ အီလက္ထေရာနစ္ အေျချပဳ မွတ္ပုံတင္စနစ္တစ္ရပ္ တည္ေထာင္နိုင္မည့္ လမ္းျပေျမပုံကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ အေရွ႕ေတာင္အာရွေဒသ Lexis Nexis တို႔၏ အစီအစဥ္ျဖင့္ ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com