ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၊ အမှတ်(၈၈)ဈေးကို အဆင့်မြှင့်တင်ပေးရန်စီစဉ်ထားအတွက် လွှတ်တော်ကိုယ်စားလှယ် အဆိုပြုသည့် မြေနေရာတွင် အဆင့်မီဈေး တည်ဆောက်ပေးရန် မသင့်ပါကြောင်း မြို့တော်ဝန်ဦးမောင်မောင်စိုးက ဖေဖေါ်ဝါရီ ၂၅ ရက်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) စတုတ္ထနေ့တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေး၏ မေးမြန်းထားမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်က “ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈)ရပ်ကွက်၊ ငွေဇင်ယော်လမ်းမကြီးနှင့် သုခိတာလမ်းမကြီးဆုံရာ လမ်းထောင့်တွင် မြို့တော်အင်္ဂါရပ်နှင့်အညီအဆင့်မီဈေးတည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/ မရှိ ” မေးမြန်းခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်ဝန်က “လွှတ်တော်ကိုယ်စားလှယ်တင်ပြလာသောမြေနေရာသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကစီမံ ခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာဖြစ်ပါကြောင်း၊ (၄၀ x ၆၀ ) ပေရှိ မြေကွက် (၄၀)ကွက်၊ (၅၅ x ၆၀ )ပေရှိ မြေကွက် (၂)ကွက်၊ (၄၆ x ၆၀)ပေ ရှိ မြေကွက် (၃)ကွက်၊ (၆၀ x ၆၀) ပေရှိ မြေကွက် (၂)ကွက်၊ ပုံသဏ္ဌာန်မမှန်သည့် မြေကွက်(၁)ကွက် စုစုပေါင်းမြေကွက်(၄၈)ကွက် ဖော်ထုတ်ထားသော မြေနေရာဖြစ်ပါကြောင်း၊ ပုံသဏ္ဌာန်မမှန်သည့် မြေကွက်အမှတ်(၁၅၃၈) သည် မြို့မြေစာရင်းတွင် အမည်ပေါက် World Vision ခေတ်သစ်လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့အမည်ဖြင့် (၁)နှစ် ယာယီလိုင်စင်မြေအသုံးပြုခွင့်ချထားပေးပြီးသော မြေနေရာဖြစ်ပါကြောင်း၊ အဆိုပြုလာသည့်မြေနေရာနှင့် ပေ (၂၅၀၀) ခန့်အကွာတွင် ဈေးများဌာနကွပ်ကဲမှုအောက်တွင်ရှိသော အမှတ်(၈၈)ဈေးဖွင့်လှစ်ထားပြီး လက်ရှိအခြေအနေတွင် စည်ကားမှုမရှိပါကြောင်း၊ အမှတ် (၈၈) ဈေးကိုလည်း မြှင့်တင်ပေးရန် စီစဉ်ထားသည့်အတွက် အဆိုပြုသည့် မြေနေရာတွင် အဆင့်မီဈေး တည်ဆောက်ပေးရန် မသင့်ပါကြောင်း " ပြန်လည်ဖြေကြားခဲ့သည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ အမွတ္(၈၈)ေဈးကို အဆင့္ျမွင့္တင္ေပးရန္စီစဥ္ထားအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ အဆိုျပဳသည့္ ေျမေနရာတြင္ အဆင့္မီေဈးတည္ေဆာက္ေပးရန္ မသင့္ပါေၾကာင္း ၿမိဳ့ေတာ္ဝန္ေျပာ
ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ ၊ အမွတ္(၈၈)ေဈးကို အဆင့္ျမွင့္တင္ေပးရန္စီစဥ္ထားအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ အဆိုျပဳသည့္ ေျမေနရာတြင္ အဆင့္မီေဈး တည္ေဆာက္ေပးရန္ မသင့္ပါေၾကာင္း ၿမိဳ့ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ေဖေဖၚဝါရီ ၂၅ ရက္က ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသၾကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး (၁/၂၀၂၀) စတုတၳေန႔တြင္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၂) ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဇင္မင္းေထြး၏ ေမးျမန္းထားမႈကို ေျဖၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါလႊတ္ေတာ္ကိုယ္စားလွယ္က “ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ အမွတ္(၈၈)ရပ္ကြက္၊ ေငြဇင္ေယာ္လမ္းမႀကီးႏွင့္ သုခိတာလမ္းမၾကီးဆုံရာ လမ္းေထာင့္တြင္ ၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္အညီအဆင့္မီေဈးတည္ေဆာက္ေပးနိုင္ပါရန္ အစီအစဥ္ ရွိ/ မရွိ ” ေမးျမန္းခဲ့ျခင္းျဖစ္သည္။
ရန္ကုန္ၿမိဳ့ေတာ္ဝန္က “လႊတ္ေတာ္ကိုယ္စားလွယ္တင္ျပလာေသာေျမေနရာသည္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကစီမံ ခန႔္ခြဲပိုင္ခြင့္ရွိေသာ ေျမေနရာျဖစ္ပါေၾကာင္း၊ (၄၀ x ၆၀ ) ေပရွိ ေျမကြက္ (၄၀)ကြက္၊ (၅၅ x ၆၀ )ေပရွိ ေျမကြက္ (၂)ကြက္၊ (၄၆ x ၆၀)ေပ ရွိ ေျမကြက္ (၃)ကြက္၊ (၆၀ x ၆၀) ေပရွိ ေျမကြက္ (၂)ကြက္၊ ပုံသဏၭာန္မမွန္သည့္ ေျမကြက္(၁)ကြက္ စုစုေပါင္းေျမကြက္(၄၈)ကြက္ ေဖာ္ထုတ္ထားေသာ ေျမေနရာျဖစ္ပါေၾကာင္း၊ ပံုသဏၭာန္မမွန္သည့္ ေျမကြက္အမွတ္(၁၅၃၈) သည္ ၿမိဳ႕ေျမစာရင္းတြင္ အမည္ေပါက္ World Vision ေခတ္သစ္လူထုအေျချပဳ ဖြံ့ၿဖိဳးေရးအဖြဲ႕အမည္ျဖင့္ (၁)ႏွစ္ ယာယီလိုင္စင္ေၿမအသုံးျပဳခြင့္ခ်ထားေပးၿပီးေသာ ေျမေနရာျဖစ္ပါေၾကာင္း၊ အဆိုျပဳလာသည့္ေျမေနရာႏွင့္ ေပ (၂၅၀၀) ခန႔္အကြာတြင္ ေဈးမ်ားဌာနကြပ္ကဲမႈေအာက္တြင္ရွိေသာ အမွတ္(၈၈)ေဈးဖြင့္လွစ္ထားၿပီး လက္ရွိအေၿခအေနတြင္ စည္ကားမႈမရွိပါေၾကာင္း၊ အမွတ္ (၈၈) ေဈးကိုလည္း ျမႇင့္တင္ေပးရန္စီစဥ္ထားသည့္အတြက္ အဆိုျပဳသည့္ ေျမေနရာတြင္ အဆင့္မီေဈး တည္ေဆာက္ေပးရန္ မသင့္ပါေၾကာင္း " ျပန္လည္ေျဖၾကားခဲ့သည္။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com