ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
ပြည်တွင်း၌ လုပ်သား၂,၆၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၃) ခု ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီခွင့်ပြုခဲ့ကြောင်း ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မေလမ်းသွယ်ရှိ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ဖေဖေါ်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀)အရသိရသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃) ခုကို အတည်ပြုပေးခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇.၂၈၀ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၂,၆၅၅)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ျပည္တြင္း၌ လုပ္သား၂,၆၀၀ ေက်ာ္အတြက္ အလုပ္အကိုင္ အခြင့္အလမ္းဖန္တီးေပးနိုင္မည့္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ (၃) ခု ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီ ခြင့္ျပဳခဲ့
ျပည္တြင္း၌ လုပ္သား၂,၆၀၀ ေက်ာ္အတြက္ အလုပ္အကိုင္အခြင့္အလမ္းဖန္တီးေပးနိုင္မည့္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ (၃) ခု ရန္ကုန္တိုင္းေဒသၾကီး ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီခြင့္ျပဳခဲ့ေၾကာင္း ရန္ကင္းၿမိဳ႕နယ္၊ စိမ္းလဲ့ေမလမ္းသြယ္ရွိ တိုင္းေဒသႀကီးရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီ႐ုံး၊ အစည္းအေဝးခန္းမ၌ ေဖေဖၚဝါရီ ၂၆ ရက္က ျပဳလုပ္သည့္ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီ၏ အစည္းအေဝးအမွတ္စဥ္ (၄/၂၀၂၀)အရသိရသည္။ အဆိုပါ အစည္းအေဝးသို႔ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီ ဥကၠ႒၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္း၊ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳး၊ တိုင္းေဒသၾကီးအစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးမ်ိဳးေအာင္ေဌးႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။
ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီ ဥကၠ႒က ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈ ဥပေဒႏွင့္အညီ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဆာင္ရြက္မည့္နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္း (၃) ခုကို အတည္ျပဳေပးခဲ့ၿပီး နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္းမ်ား၏မတည္ေငြရင္း ပမာဏစုစုေပါင္းမွာ အေမရိကန္ေဒၚလာ ၇.၂၈၀ သန္းျဖစ္ၿပီး ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္း (၂,၆၅၅)ဦးအတြက္ ဖန္တီးေပးနိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com