ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
ထိုင်း - မြန်မာ - အိန္ဒိယ သုံးနိုင်ငံကို ဖြတ်သန်းမည့်မိုင် ၅,၀၀၀ ခန့်ရှည်လျားသည့် မဟာဓာတ်အားလိုင်းတည်ဆောက်ရန်သဘောတူခဲ့ကြောင်း ဘင်းမ်စတက် (BIMSTEC) အဖွဲ့ဝင် နိုင်ငံများ၏ စွမ်းအင်ညီလာခံတွင် ထုတ်ပြန်ကြေညာသည်။
ဘင်းမ်စတက် အဖွဲ့သည် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆေင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ နီပေါ၊ ဘူတန်နှင့် ထိုင်းနိုင်ငံတို့ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် အခြေစိုက်သည်။
ထိုအစီအစဉ်ကို ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ်၏ စွမ်းအင်ဆိုင်ရာ အကြံပေးက ဖေဖော်ဝါရီ ၂၅ ရက်တွင် အထက်ပါအစည်းအဝေး၌ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ကြေညာချက်တွင် ယခုဓာတ်အားလိုင်းသည် သက်ဆိုင် ရာနိုင်ငံများ၏ ဓာတ်အားလိုအပ်ချက်ဖြည့်တင်းရန် အထောက်အကူဖြစ်မည်ဟု ဆိုသည်။
ထိုအတွက် ချေးငွေကို အာ ရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့်အ ရှေ့တောင်အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တို့ကငွေကြေးထာက်ပံ့ရန် စိတ်ဝင်စားနေသည်ဟုဆိုသည်။
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြားလျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းရန် ၂၀၁၈ ကတည်းက သဘောတူညီမှုရရှိထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံက တရုတ်၊ လာအိုနိုင်ငံတို့နှင့် လျှပ်စစ်ဓာတ်အား ကုန်သွယ်ရန် ဆွေးနွေးမှုများရှိသည်။ မဟာဓာတ်အားလိုင်းဖြင့် ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို ကန့်လန့်ဖြတ်ဖြတ်သန်းပြီး တရုတ်က ဘင်္ဂလားဒေ့ရှ်သို့ လျှပ်စစ်မဂ္ဂါဝပ် ၁,၅၀၀ ရောင်းချမည့် ကိစ္စကို မြန်မာအစိုးရကသဘောတူထားသည်။
မြန်မာ - တရုတ် - ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံ လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးသဘောတူစာချုပ်ကို နေပြည်တော်တွင် ပြီးခဲ့သည့် ၂၀၁၈ အတွင်း ဝန်ကြီးအဆင့်လက်မှတ်ရေးထိုးခဲ့သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ထိုင္း-ျမန္မာ-အိႏၵိယတို႔ကိုျဖတ္သန္းမည့္ မိုင္ ၅၀၀၀ ရွည္လ်ားသည့္ မဟာဓါတ္အားလိုင္းတည္ေဆာက္မည္
ထိုင္း - ျမန္မာ - အိႏၵိယ သုံးႏိုင္ငံကို ျဖတ္သန္းမည့္မိုင္ ၅,၀၀၀ ခန႔္ရွည္လ်ားသည့္ မဟာဓာတ္အားလိုင္းတည္ေဆာက္ရန္သေဘာတူခဲ့ေၾကာင္း ဘင္းမ္စတက္ (BIMSTEC) အဖြဲ႕ဝင္ ႏိုင္ငံမ်ား၏ စြမ္းအင္ညီလာခံတြင္ ထုတ္ျပန္ေၾကညာသည္။
ဘင္းမ္စတက္ အဖြဲ႕သည္ ဘဂၤလားပင္လယ္ေအာ္ေဒသတြင္း က႑စုံနည္းပညာႏွင့္ စီးပြားေရးပူးေပါင္းေဆင္႐ြက္ရန္ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ ျမန္မာ၊ သီရိလကၤာ၊ နီေပါ၊ ဘူတန္ႏွင့္ ထိုင္းႏိုင္ငံတို႔ ဖြဲ႕စည္းထားျခင္း ျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕တြင္ အေျခစိုက္သည္။
ထိုအစီအစဥ္ကို ဘဂၤလား ေဒ့ရွ္ဝန္ႀကီးခ်ဳပ္၏ စြမ္းအင္ဆိုင္ရာ အႀကံေပးက ေဖေဖာ္ဝါရီ ၂၅ ရက္တြင္ အထက္ပါအစည္းအေဝး၌ ထုတ္ျပန္ေၾကညာခဲ့ျခင္း ျဖစ္သည္။ ေၾကညာခ်က္တြင္ ယခုဓာတ္အားလိုင္းသည္ သက္ဆိုင္ရာႏိုင္ငံမ်ား၏ ဓာတ္အားလိုအပ္ခ်က္ျဖည့္တင္းရန္ အေထာက္အကူျဖစ္မည္ဟု ဆိုသည္။
ထိုအတြက္ ေခ်းေငြကို အာ ရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ႏွင့္အ ေရွ႕ေတာင္အာရွ အေျခခံအေဆာက္အအုံရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ (AIIB) တို႔ကေငြေၾကးထာက္ပံ့ရန္ စိတ္ဝင္စားေနသည္ဟုဆိုသည္။
ဘင္းမ္စတက္အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကားလွ်ပ္စစ္ဓာတ္အား လိုင္းသြယ္တန္းရန္ ၂၀၁၈ ကတည္းက သေဘာတူညီမႈရရွိထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံက တ႐ုတ္၊ လာအိုႏိုင္ငံတို႔ႏွင့္ လွ်ပ္စစ္ဓာတ္အား ကုန္သြယ္ရန္ ေဆြးေႏြးမႈမ်ားရွိသည္။ မဟာဓာတ္အားလိုင္းျဖင့္ ရွမ္းျပည္နယ္၊ ျမန္မာႏိုင္ငံအလယ္ပိုင္းႏွင့္ ရခိုင္ျပည္နယ္တို႔ကို ကန႔္လန႔္ျဖတ္ျဖတ္သန္းၿပီး တ႐ုတ္က ဘဂၤလားေဒ့ရွ္သို႔ လွ်ပ္စစ္မဂၢါဝပ္ ၁,၅၀၀ ေရာင္းခ်မည့္ ကိစၥကို ျမန္မာအစိုးရကသေဘာတူထားသည္။
ျမန္မာ - တ႐ုတ္ - ဘဂၤလားေဒ့ရွ္သုံးႏိုင္ငံ လွ်ပ္စစ္ဓာတ္အားကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ကို ေနျပည္ေတာ္တြင္ ၿပီးခဲ့သည့္ ၂၀၁၈ အတြင္း ဝန္ႀကီးအဆင့္လက္မွတ္ေရးထိုးခဲ့သည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com