ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
အာရှတစ်လွှား အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များသည် တစ်မျိုးတည်းအသုံးပြုရန်ရည်ရွယ်သော စီမံကိန်းများအစား နေအိမ်ခန်း၊ ရုံးခန်းနှင့် အရောင်းဆိုင် စသည့် နေရာများပါဝင်သော ဘက်စုံသုံးစီမံကိန်းများကို အင်တိုက်အားတိုက်စီစဉ်လာကြသည်မှာ ဒေသအတွင်း မကြာသေးမီက စီမံကိန်းကြီးများက သက်သေပင်ဖြစ်သည်။
ဘက်စုံသုံးစီမံကိန်းများ၏ အကျိုးကျေးဇူးများသည် စီးပွားရေးအကျိုးအမြတ်ရှိရုံသက်သက်သာ မဟုတ်ပေ။ developer အား အဆောက်အအုံများ တစ်ခုတည်းမကသုံးလေးမျိုးခွဲ၍ ဆောက်လုပ်ခွင့်ပေးရုံမကဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးကျေးဇူးများကိုလည်း ဖြစ်စေသည်။ ဘက်စုံသုံးစီမံကိန်းများသည် သမားရိုးလုံးချင်းအိမ်များနှင့်ယှဉ်လျှင် ကာဗွန်ထုတ်လွှတ်မှုကိုများစွာလျှော့ချပေးသည်။ အချိန်တိုအတွင်းထိရောက်အကျိုးရှိသော အများပြည်သူပို့ဆောင်ရေးစနစ်ကိုပါထည့်တွက်ပါက ပုဂ္ဂလိကမော်တော်ယာဉ်လိုအပ်ချက်ကိုလည်း လျော့ကျစေသည်။ စားသောက်ဆိုင်၊ စူပါမားကတ်၊ ရှော့ပင်းမောလ် စသည်တို့သည် မိနစ်ပိုင်းအတွင်း လမ်းလျှောက်ရုံမျှဖြင့် ရောက်ရှိနိုင်သည့် အနေအထားဖြစ်သည်။
ဘက်စုံသုံးမြို့ငယ်များတွင် နေထိုင်သူများသည် ကျေးလက်တွင်နေထိုင်သူများထက်ပင် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းပေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Institute for Environment and Development (IIED) မှ ၂၀၀၉ ခုနှစ်ကတည်းက ဆက်တိုက်ပြုလုပ်လာသော လေ့လာမှုများက တွေ့ရှိခဲ့သည်မှာ ၁ စတုရန်းကီလိုမီတာလျှင် နေထိုင်သူ ၂၈,၀၀၀ နှုန်းဖြင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်သည့် နယူးယောက်စီးတီး၏ ပျမ်းမျှကာဗွန်ထုတ်လွှတ်မှုသည် အမေရိကန်၏ပျမ်းမျှကာဗွန်ထုတ်လွှတ်မှုနှုန်းအောက် ရာခိုင်နှုန်း ၃၀ ခန့် လျော့နည်းဆဲဖြစ်သည်။
တရုတ်တောင်ပိုင်း၊ မကာအိုနှင့် ဟောင်ကောင်တို့တွင် Skypark apartment and clubhouse complex ၊ Zhuhai International Convention Centre တို့ကဲ့သို့သော စီမံကိန်းများသည် မြေကွက်များကို အကောင်းဆုံးအသုံးချနေကြသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် Sudirman ဗဟိုစီးပွားရေးခရိုင်၏ မြေဟက်တာ ၄ ဒသမ ၈ အကျယ်အဝန်းတွင် တာဝါ ၁၁ ခု ပါဝင်သည့် complex ဖြစ်သော District 8 သည် တည်ဆောက်မှုပြီးစီးသွားပြီဖြစ်သည်။ Agung Sedayu Group မှ ဖော်ဆောင်သည့် ၎င်း complex သည် လူနေအိမ်ခန်းများနှင့် အများပြည်သူဆိုင်ရာဥယျာဉ်ကြီးကိုတောင်ဂျာကာတာ၏ ဘဏ္ဍာရေးဇုံအချက်အချာသို့ ဆောင်ကြဉ်ပေးပါသည်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် TCC Group က Golden Land and Frasers Property Limited နှင့် ပူးပေါင်းဖော်ဆောင်နေသော နိုင်ငံ့အကြီးဆုံးဘက်စုံစီမံကိန်း One Bangkok သည် လူနေအိမ်ခန်းအဆောက်အအုံများ၊ ရုံးခန်းတာဝါများ၊ လက်လီအရောင်းဇုံများ၊ အများပြည်သူဝင်ထွက်နိုင်သော ဥယျာဉ်များ ပါဝင်မည်ဖြစ်ပြီး လူခြောက်သောင်းအား နေထိုင်၊ အလုပ်လုပ်ကိုင်နိုင်စေမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၃၅ ဘီလျံတန် စီမံကိန်းကို ကပ်လျက်ရှိ Lumphini Park အရွယ်အစား၏ သုံးပုံတစ်ပုံသော ဧရိယာတစ်ခုပေါ်တွင် ဖော်ဆောင်နေခြင်းဖြစ်သည်။
JLL အရှေ့တောင်အာရှ၏ ငွေကြေးဈေးကွက်သုတေသနခေါင်းဆောင် ရီဂျီနာလင်မ်က “မြို့ပြတွေ ပိုမိုဖွံ့ဖြိုးလာပြီး လူဦးရေပိုမိုထူထပ်လာတာကြောင့် ဘက်စုံသုံးစီမံကိန်းတွေပိုမိုဖော်ဆောင်တာဟာ ဖြစ်သင့်ပါတယ်။” ဟု developer များအနေဖြင့် ဘက်စုံသုံးစီမံကိန်းများသို့ အလွန်ဓာတ်ကျလာမှုနှင့်ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။
(iMyanmarHouse.com Team မွ ရေးသား ဖော်ျပသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
အနာဂတ္၌ အာရွတြင္ ဘက္စုံသုံးစီမံကိန္းမ်ား လႊမ္းမိုးမည္
အာရွတစ္လႊား အိမ္ၿခံေျမ developer (ေျမယာဝယ္ယူ၍ အေဆာက္အအုံေဆာက္လုပ္ေရာင္းခ်ေရးကုမၸဏီ) မ်ားသည္ တစ္မ်ိဳးတည္းအသုံးျပဳရန္ရည္႐ြယ္ေသာ စီမံကိန္းမ်ားအစား ေနအိမ္ခန္း၊ ႐ုံးခန္းႏွင့္ အေရာင္းဆိုင္ စသည့္ ေနရာမ်ားပါဝင္ေသာ ဘက္စုံသုံးစီမံကိန္းမ်ားကို အင္တိုက္အားတိုက္စီစဥ္လာၾကသည္မွာ ေဒသအတြင္း မၾကာေသးမီက စီမံကိန္းႀကီးမ်ားက သက္ေသပင္ျဖစ္သည္။
ဘက္စုံသုံးစီမံကိန္းမ်ား၏ အက်ိဳးေက်းဇူးမ်ားသည္ စီးပြားေရးအက်ိဳးအျမတ္ရွိ႐ုံသက္သက္သာ မဟုတ္ေပ။ developer အား အေဆာက္အအုံမ်ား တစ္ခုတည္းမကသုံးေလးမ်ိဳးခြဲ၍ ေဆာက္လုပ္ခြင့္ေပး႐ုံမကဘဲ သဘာဝပတ္ဝန္းက်င္ဆိုင္ရာအက်ိဳးေက်းဇူးမ်ားကိုလည္း ျဖစ္ေစသည္။ ဘက္စုံသုံးစီမံကိန္းမ်ားသည္ သမား႐ိုးလုံးခ်င္းအိမ္မ်ားႏွင့္ယွဥ္လွ်င္ ကာဗြန္ထုတ္လႊတ္မႈကိုမ်ားစြာေလွ်ာ့ခ်ေပးသည္။ အခ်ိန္တိုအတြင္းထိေရာက္အက်ိဳးရွိေသာ အမ်ားျပည္သူပို႔ေဆာင္ေရးစနစ္ကိုပါထည့္တြက္ပါက ပုဂၢလိကေမာ္ေတာ္ယာဥ္လိုအပ္ခ်က္ကိုလည္း ေလ်ာ့က်ေစသည္။ စားေသာက္ဆိုင္၊ စူပါမားကတ္၊ ေရွာ့ပင္းေမာလ္ စသည္တို႔သည္ မိနစ္ပိုင္းအတြင္း လမ္းေလွ်ာက္႐ုံမွ်ျဖင့္ ေရာက္ရွိႏိုင္သည့္ အေနအထားျဖစ္သည္။
ဘက္စုံသုံးၿမိဳ႕ငယ္မ်ားတြင္ ေနထိုင္သူမ်ားသည္ ေက်းလက္တြင္ေနထိုင္သူမ်ားထက္ပင္ ကာဗြန္ထုတ္လႊတ္မႈေလ်ာ့နည္းေပသည္။ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕အစည္းတစ္ခုျဖစ္သည့္ International Institute for Environment and Development (IIED) မွ ၂၀၀၉ ခုႏွစ္ကတည္းက ဆက္တိုက္ျပဳလုပ္လာေသာ ေလ့လာမႈမ်ားက ေတြ႕ရွိခဲ့သည္မွာ ၁ စတုရန္းကီလိုမီတာလွ်င္ ေနထိုင္သူ ၂၈,၀၀၀ ႏႈန္းျဖင့္ ကမာၻ႔လူဦးေရအထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္ နယူးေယာက္စီးတီး၏ ပ်မ္းမွ်ကာဗြန္ထုတ္လႊတ္မႈသည္ အေမရိကန္၏ပ်မ္းမွ်ကာဗြန္ထုတ္လႊတ္မႈႏႈန္းေအာက္ ရာခိုင္ႏႈန္း ၃၀ ခန႔္ ေလ်ာ့နည္းဆဲျဖစ္သည္။
တ႐ုတ္ေတာင္ပိုင္း၊ မကာအိုႏွင့္ ေဟာင္ေကာင္တို႔တြင္ Skypark apartment and clubhouse complex ၊ Zhuhai International Convention Centre တို႔ကဲ့သို႔ေသာ စီမံကိန္းမ်ားသည္ ေျမကြက္မ်ားကို အေကာင္းဆုံးအသုံးခ်ေနၾကသည္။
အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕ေတာ္ Sudirman ဗဟိုစီးပြားေရးခ႐ိုင္၏ ေျမဟက္တာ ၄ ဒသမ ၈ အက်ယ္အဝန္းတြင္ တာဝါ ၁၁ ခု ပါဝင္သည့္ complex ျဖစ္ေသာ District 8 သည္ တည္ေဆာက္မႈၿပီးစီးသြားၿပီျဖစ္သည္။ Agung Sedayu Group မွ ေဖာ္ေဆာင္သည့္ ၎ complex သည္ လူေနအိမ္ခန္းမ်ားႏွင့္ အမ်ားျပည္သူဆိုင္ရာဥယ်ာဥ္ႀကီးကိုေတာင္ဂ်ာကာတာ၏ ဘ႑ာေရးဇုံအခ်က္အခ်ာသို႔ ေဆာင္ၾကဥ္ေပးပါသည္။
ထိုင္းႏိုင္ငံၿမိဳ႕ေတာ္ ဘန္ေကာက္တြင္ TCC Group က Golden Land and Frasers Property Limited ႏွင့္ ပူးေပါင္းေဖာ္ေဆာင္ေနေသာ ႏိုင္ငံ့အႀကီးဆုံးဘက္စုံစီမံကိန္း One Bangkok သည္ လူေနအိမ္ခန္းအေဆာက္အအုံမ်ား၊ ႐ုံးခန္းတာဝါမ်ား၊ လက္လီအေရာင္းဇုံမ်ား၊ အမ်ားျပည္သူဝင္ထြက္ႏိုင္ေသာ ဥယ်ာဥ္မ်ား ပါဝင္မည္ျဖစ္ၿပီး လူေျခာက္ေသာင္းအား ေနထိုင္၊ အလုပ္လုပ္ကိုင္ႏိုင္ေစမည္ျဖစ္သည္။ အေမရိကန္ေဒၚလာ ၃၅ ဘီလ်ံတန္ စီမံကိန္းကို ကပ္လ်က္ရွိ Lumphini Park အ႐ြယ္အစား၏ သုံးပုံတစ္ပုံေသာ ဧရိယာတစ္ခုေပၚတြင္ ေဖာ္ေဆာင္ေနျခင္းျဖစ္သည္။
JLL အေရွ႕ေတာင္အာရွ၏ ေငြေၾကးေဈးကြက္သုေတသနေခါင္းေဆာင္ ရီဂ်ီနာလင္မ္က “ၿမိဳ႕ျပေတြ ပိုမိုဖြံ႕ၿဖိဳးလာၿပီး လူဦးေရပိုမိုထူထပ္လာတာေၾကာင့္ ဘက္စုံသုံးစီမံကိန္းေတြပိုမိုေဖာ္ေဆာင္တာဟာ ျဖစ္သင့္ပါတယ္။” ဟု developer မ်ားအေနျဖင့္ ဘက္စုံသုံးစီမံကိန္းမ်ားသို႔ အလြန္ဓာတ္က်လာမႈႏွင့္ပတ္သက္၍ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
(iMyanmarHouse.com Team မြ ေရးသား ေဖာ္်ပသၫ္။)
Credit: iMyanmarHouse.com