ဘယ်တော့မှမရောက်တော့မည့် တားမြစ်နေရာများ
ဘယ်တော့မှမရောက်တော့မည့် တားမြစ်နေရာများ - Property News in Myanmar from iMyanmarHouse.com
26 Feb 2020 11:39 am တွင် တင်ခဲ့သည်
1703 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
၁။ မြွေကျွန်း၊ ဘရာဇီး
- ဘရာဇီးနိုင်ငံ ဆော်ဝ်ပေါ်လိုကမ်းရိုးတန်းအလွန် ၉၃ မိုင်ခန့်မှာ ရှိပါတယ်။ အဲ့ဒီမှာ မြေ ၁၀ စတုရန်းပေတစ်ကွက်စာမှာတင် မြွေကောင်ရေ တစ်ကောင်ကနေ ငါးကောင်အကြားရှိတယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။ ရွှေရောင်လှံတံထိပ်ပုံဦးခေါင်းတွေရှိကြတဲ့ အဲ့ဒီမြွေတွေဟာ သူတို့ကိုက်လိုက်တဲ့နေရာတစ်ဝိုက်က အသားကို တစ်စစီဖြစ်သွားစေနိုင်တဲ့ အဆိပ်တွေရှိကြပါတယ်။ ဒါကြောင့်မို့ပဲ အဲ့ဒီမြွေကျွန်းကို လူတွေလည်ပတ်ခွင့်မပြုထားတာပဲ ဖြစ်ပါတယ်။
၂။ လက်စ်ကော့လိုဏ်ဂူ၊ ပြင်သစ်
- ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းရှိ လက်စ်ကော့စ်လိုဏ်ဂူဟာ နှစ် ၂ သောင်းခန့် သက်တမ်းရှိ ရင်သပ်ရှုမောဖွယ် ကျောက်ခေတ်ဦးပန်းချီလက်ရာများစွာရဲ့ နေအိမ်ကြီးပဲ ဖြစ်ပါတယ်။ လိုဏ်ဂူနံရံတွေမှာ ရေးဆွဲထားတဲ့ အဲ့ဒီပန်းချီရုပ်ပုံတွေကတော့ သမင်၊ ဒရယ်၊ ကျွဲ၊ နွား၊ နွားလားဥဿဖ၊ ကြောင် စတာတွေပဲ ဖြစ်ပါတယ်။ ၁၇ ပေလောက်ရှည်တဲ့ ကျွဲတစ်ကောင်ပုံပါဝင်တဲ့ ကျွဲလေးကောင်ပါနံရံပန်းချီရှိတဲ့ကျွဲခန်းမထဲက အဲဒီပန်းချီလက်ရာကတော့ အံ့သြမင်သက်ဖွယ်အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ဝမ်းနည်းစရာကောင်းတာကတော့ အဲ့ဒီလိုဏ်ဂူမှာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့မှိုတွေရှိလာတာကြောင့် ၁၉၆၀ ပြည့်နှစ်ကတည်းက အများပြည်သူဝင်ရောက်လည်ပတ်ခွင့်ကို တားမြစ်လိုက်တာပဲ ဖြစ်ပါတယ်။ လူသားတွေလာရောက်လည်ပတ်မှုကြောင့်ပန်းချီလက်ရာတွေပျက်စီးသွားမယ့်အရေးစိုးရိမ်တာကြောင့်လည်း ပါတာပေါ့နော်။
ဒါပေမဲ့လည်း အဲ့ဒီလိုဏ်ဂူနံဘေးမှာ ပုံစံတူလိုဏ်ဂူနဲ့ ပြတိုက်တစ်ခုကို ၂၀၁၇ ခုနှစ်က ဖွင့်လှစ်လိုက်ပြီမို့ ဝမ်းနည်းစရာမလိုတော့ပါဘူးနော်။
၃။ Area 51၊ အမေရိကန်
- နီဗားဒါးကန္တာရထဲက ဖုံးကွယ်ထားတဲ့ ဒီစစ်အခြေစိုက်စခန်း Area 51 ဟာ သူရဲ့ရည်ရွယ်ချက်ကို လျှို့ဝှက်ချက်တစ်ခုအဖြစ် အချိန်အတန်ကြာထိန်းသိမ်းလာပါတယ်။ လူတော်တော်များများကတော့ Area 51 ဟာ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတွေကို စမ်းသပ်ဖို့အတွက်လို့ ထင်မြင်နေကြပါတယ်။ သေချာတာတစ်ခုကတော့ အဲ့ဒီတားမြစ်နေရာကို ဝင်ရောက်ဖို့ကြိုးပမ်းမယ်ဆို အန္တရာယ်များမှာပါပဲ။ ဘာလို့ဆို အဲ့ဒီမြေပြင်ကို မိုင်းတွေနဲ့ အခြားအကာအကွယ်တွေနဲ့ ကာကွယ်ထားတာမို့ပါ။
၄။ North Sentinel ကျွန်း (မြောက်ကင်းကျွန်း)၊ အိန္ဒိယ
- ဘင်္ဂလားပင်လယ်အော်ရှိ အန်ဒမန်ကျွန်းစုရှိ ကျွန်းငယ်လေးတစ်ခုဖြစ်တဲ့ မြောက်ကင်းကျွန်းက ကျွန်းသူကျွန်းသားတွေဟာ ယနေ့ခေတ်ကမ္ဘာကြီးရဲ့ လွှမ်းမိုးမှုတွေကို ကာလရှည်ကြာဆန့်ကျင်လာခဲ့တာပါ။ သူတို့တွေဟာ ကျွန်းပြင်ပလောကက အပြင်လူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ကို ငြင်းဆန်ထားကြပြီး သူတို့ရဲ့ သီးခြားဖြစ်တည်မှုကို အပြင်းအထန်ကာကွယ်ဖို့ပဲ ဆန္ဒရှိနေကြပါတယ်။ ၂၀၀၄ ဆူနာမီပြီးနောက် အိန္ဒိယကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ဟာ အဲ့ဒီကျွန်းဝေဟင်ပေါ်ကနေ ထောက်လှမ်းမှုတစ်ခုပြုလုပ်စဉ်မှာ ကျွန်းပေါ်က တောအုပ်တွေထဲကနေ လူတွေထွက်ပေါ်လာပြီး တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်ကို မြားတွေနဲ့ပစ်ခဲ့ကြပါတယ်။
မြောက်ကင်းကျွန်းသူကျွန်းသားတွေ အဲ့ဒီကျွန်းပေါ်မှာ နေထိုင်လာခဲ့ကြတာဟာ နှစ်ပေါင်း ခြောက်သောင်းခန့်ရှိပါပြီ။ သူတို့ကို အိန္ဒိယအစိုးရက အကာအကွယ်ပေးထားပြီး ဘယ်လိုဧည့်သည်မျိုးမှ မသွားရောက်ကြဖို့ တားမြစ်ပေးထားပါတယ်။
၅။ ဘိုဟီးမီးယန်းတောအုပ်၊ အမေရိကန်
- ကယ်လီဖိုးနီးယားပြည်နယ် မွန်တီရီယိုမြို့ရှိ ဧကပေါင်း နှစ်သောင်းခုနစ်ထောင်ကျယ်ဝန်းတဲ့ဒီအထူးပြင်ဆင်ထားတဲ့တောအုပ်ထဲမှာ နှစ်စဉ်ဇူလိုင်လတိုင်း ကမ္ဘာ့ထိပ်တန်းအရေးကြီးပုဂ္ဂိုလ်တွေအတွက် သီတင်းပတ်နှစ်ပတ်ကြာ စိတ်လွတ်ကိုယ်လွတ်စားသောက်ပျော်ရွှင်ပွဲကြီးကို ကျင်းပလေ့ရှိပါတယ်။ ဒီတောအုပ်ကို အမေရိကန်သမ္မတတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ထိပ်တန်းစီးပွားရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနဲ့ ဂီတပညာတွေပဲ လာရောက်ခွင့်ရှိပါတယ်။
၆။ Ise (အီဆေး) မဟာဗိမာန် ၊ ဂျပန်
- ဗိမာန်ပေါင်း ၈ သောင်းလောက်ရှိတဲ့ ကျွန်းနိုင်ငံ ဂျပန်မှာ အိုင်ဆဲမဟာဗိမာန်လောက် ဘယ်ဗိမာန်ကမှ ပိုအရေးမကြီးပါဘူး။ သူ့ရဲ့အနုစိတ်ဗိသုကာလက်ရာတွေကြောင့် နိုင်ငံ့တန်ဖိုးအကြီးဆုံးဗိမာန်တစ်ခုလည်း ဖြစ်ပါတယ်။ ဒေါ်လာတစ်သန်းတန်တယ်လို့ သိရပါတယ်။ သဘာဝတရားရဲ့ သေဆုံးခြင်းနဲ့ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းကို ကိုယ်စားပြုတဲ့ ရှင်တိုဓလေ့ရိုးရာအရ ဒီဗိမာန်ကို နှစ် ၂၀ ကြာတိုင်း ပြန်လည်တည်ဆောက်ပါတယ်။ ၂၀၁၃ ခုနှစ်က နောက်ဆုံးအကြိမ်ပြန်လည်တည်ဆောက်ထားတာပါ။ ဂျပန်တော်ဝင်မိသားစုဝင်တွေပဲ ဒီဗိမာန်ထဲကို ဝင်ခွင့်ရှိတာပါ။
၇။ ဟာ့ဒ်ကျွန်း၊ သြစတြေးလျ
- ကမ္ဘာ့အစွန်အဖျား၊ ဝေးလံခေါင်သီဆုံးကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဟာ့ဒ်ကျွန်းကို ဥပဒေသတ်မှတ်ချက်အရ သြစတြေးလျက ပိုင်ပေမဲ့ သူ့ကို မာဒါဂတ်စ်ကာနဲ့ အန္တာတိကအကြားတစ်နေရာမှာ တွေ့နိုင်ပါတယ်။ သူ့ရဲ့ အသက်ဝင်ဆဲမီးတောင်နှစ်လုံးကြောင့် လူသိများပြီး ကျွန်းရဲ့ဧရိယာတော်တော်များများက ရေခဲလွှမ်းခံထားရပါတယ်။ ပင်လယ်ဖျံ၊ ငှက်တွေနဲ့ ပင်ဂွင်းအမျိုးအစားလေးမျိုးတို့ နေထိုင်ကျက်စားကြပါတယ်။ လူတွေသွားရောက်လည်ပတ်ခွင့်မရှိပေမဲ့ သိပ္ပံပညာရပ်ဆိုင်ရာအကြောင်းပြချက်တွေအတွက်တော့ အနီးရှိမက်ဒေါ်နယ်ကျွန်းအထိ သွားရောက်လို့ရပါတယ်။
၈။ ပိုဗေဂလီယာ၊ အီတလီ
- အီတလီမြောက်ပိုင်းရှိ ဗင်းနစ်နဲ့ လီဒိုမြို့တို့အကြားက ကျွန်းငယ်လေးဖြစ်ပါတယ်။ အဲ့ဒီကျွန်းဟာ သေဆုံးသွားသူတွေရဲ့ အဆင့်မြင့်အိမ်ခြံမြေတစ်ခုအဖြစ် ရာစုနှစ်များစွာ ဖြစ်တည်လာပါတယ်။ ၁၄ ရာစုမှာ ပလိပ်ရောဂါကူးစက်ခံရသူတွေကို သီးခြားခွဲထုတ်ထားရာနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။ ၁၉ ရာစုနှစ်မှာတော့ အီတလီမြောက်ပိုင်းက စိတ်မကျန်းမာသူတွေအတွက် ခိုလှုံရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကျွန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ဆရာဝန်တစ်ယောက်က လူနာတွေကို စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း ကောလာဟလတွေရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲ့ဒီမှာနေထိုင်ခဲ့ပြီး နှိပ်စက်ခံရကာသေဆုံးသွားခဲ့ပြီး သရဲတစ္ဆေတွေအဖြစ် မကျွတ်မလွတ်ကြသေးတဲ့ ဝိညာဉ်တွေရဲ့ ကျက်စားရာနေရာတစ်ခုအဖြစ် စွန့်ပစ်ခံထားရပါတယ်။ အီတလီနိုင်ငံသားတွေရော ခရီးသွားဧည့်သည်တွေကိုပါ သွားရောက်လည်ပတ်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ အီတလီရဲ့ သရဲအခြောက်ဆုံးနေရာအဖြစ် ယူဆခံထားရတယ်လို့လည်း သိရှိရပါတယ်ရှင်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
၁။ မြွေကျွန်း၊ ဘရာဇီး
၃။ Area 51၊ အမေရိကန်
၈။ ပိုဗေဂလီယာ၊ အီတလီ
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World
The Crest
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service