ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
ယခုနှစ် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ယခင်နှစ်ကထက် မဏ္ဍပ်များကို ပိုမိုခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယခင်နှစ်သင်္ကြန်က ပြည်လမ်းမအပါအဝင်အခြားလမ်းမကြီးများ၌ သင်္ကြန်မဏ္ဍပ်အကြီးနှင့် အလတ်အပါအဝင် လမ်းလျှောက်သင်္ကြန်ငါးခု စုစုပေါင်း ၃၅ ခု ကို ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်များကို ကားလမ်းမပိတ်သည့်နေရာများတွင်ချထားပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
" သင်္ကြန်အတွက်ပထမဆုံးအကြိမ် ဆွေးနွေးတာပဲရှိသေးတယ်။သင်္ကြန်မဏ္ဍပ်တွေကို များများလေးစည်ကားစေဖို့အတွက် ဆွေးနွေးတယ်။သင်္ကြန်လုံခြုံရေးအတွက် ဆွေးနွေးတယ်။လမ်းလျှောက်သင်္ကြန်တွေချပေးဖို့အတွက် မဆွေးနွေးရသေးပါဘူး" ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၂၀၁၉ ခုနှစ်သင်္ကြန်က ပြည်လမ်းမအပါအဝင်အခြားလမ်းမကြီးများ၌ သင်္ကြန်မဏ္ဍပ်အကြီးနှင့် အလတ်အပါအဝင် လမ်းလျှောက်သင်္ကြန်ငါးခု စုစုပေါင်း ၃၅ ခုကို ခွင့်ပြုပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးဥယျာဉ်၊ ဦးဥတ္တမပန်းခြံ(ကန်တော်မင်ပန်းခြံ)၊ မြကျွန်းသာပန်းခြံနှင့် အင်းလျားလမ်းတို့တွင် ကျင်းပပြုလုပ်ခွင့်ပေးခဲ့ကြောင်း အဆိုပါကော်မတီမှ သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရန်ကုန်သင်္ကြန်မဏ္ဍပ်များကိုယခင်နှစ်ထက် ပိုမိုခွင့်ပြုပေးသွားမည်