ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ အီဖဲမျှော်စင်ကြီးကို ကမ္ဘာပေါ်တွင် လူတိုင်းသိကြသည်။
သို့သော် လူသိနည်းသည့်အချက်မှာ မျှော်စင်ကြီး၏ ထိပ်ဆုံးတွင် လျှို့ဝှက် ဇိမ်ခံလူနေခန်းတစ်ခန်းရှိနေကြောင်း သိရှိသူ နည်းပါးလှသည်။
ပဲရစ်မြို့၏ အထက်တန်းလွှာအသိုင်းအဝိုင်းအတွက် မနာလိုဖွယ် လူနေခန်းလည်း ဖြစ်သည်။
အီဖဲမျှော်စင်ကြီးကို ၁၈၈၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ချိန်က အံ့ဖွယ်တစ်ပါးအဖြစ် ရင်သပ်ရှုမောအံ့သြချီးမွမ်းခဲ့ကြရပြီး ဗိသုကာပညာရှင် ဂပ်စ်တေ့ဗ် အီဖဲလ်ကိုလည်း များစွာချီးမွမ်းဂုဏ်ပြုခဲ့ကြသည်။
သို့ရာတွင် မကြာမီအချိန်အတွင်း ပဲရစ်မြို့၏ အထက်တန်းလွှာ အသိုင်းအဝိုင်းက သိရှိလာသည်မှာ ဂပ်စ်တေ့ အီဖဲလ်သည် ၎င်းနေထိုင်ရန်တွက် မျှော်စင်ထိပ်တွင် ဇိမ်ခံလူနေခန်းငယ်တစ်ခုကို လျှို့ဝှက်ထည့်သွင်းဆောက်လုပ်ထားသည်ဟု သိရှိလာပြီး များစွာမနာလိုဖြစ်ခဲ့ကြသည်။
အီဖဲမျှော်စင်ကြီးထိပ်ရှိ လျှို့ဝှက်လူနေခန်းသည် များစွာကျယ်ဝန်းမှုမရှိသော်လည်း တန်ဖိုးကားကြီးမားလှသည်။
မျှော်စင်ကြီး၏ ကျန်အစိတ်အပိုင်းများမှာ စက်ရုံသဖွယ် သံဖရိန်ဘောင်ကြီးများကိုသာ တွေ့ရမည်ဖြစ်သော်လည်း လျှို့ဝှက်လူနေခန်းမှာမူ များစွာခြားနားသည်။
အခန်းနံရံများကို နွေးထွေးသည့် နံရံကပ်စက္ကူများ ကာရံထားပြီး ပန်းရိုက်ထည်ဖုံး ပရိဘောများ၊ သစ်သားစင်များအပြင် တန်ဖိုးကြီးမားလှသော ပီယာနိုကြီးတစ်လုံးပင် ပါဝင်သေးကာ ပဲရစ်မြို့ကြီးကို ပေပေါင်း ၁၀၀၀ အမြင့်မှ တွေ့မြင်ရမည့် ရှားပါးသည့် မြင်ကွင်း ပိုင်ဆိုင်ထားသည်။
ပဲရစ်မြို့၏ အထက်တန်းလွှာများက အဆိုပါလူနေခန်းတွင် တစ်ညတာ တည်းခိုခွင့်ရရန် ငွေများစွာပုံပေးကာ ကမ်းလှမ်းခဲ့ကြသော်လည်း ဂပ်စ်တေ့ အီဖဲလ်က လက်မခံခဲ့။
ဂပ်စ်တေ့ အီဖဲလ်က အဆိုပါအခန်းတွင် အထူးဧည့်သည်တော်များကို ဧည့်ခံရန်နှင့် အနားယူအပန်းဖြေကာ အတိတ်ကို ပြန်လည်တွေးတောရန်အတွက်သာ အသုံးပြုခဲ့သည်။
ထိုစဉ်က မစ္စတာ အီဖဲလ် ဧည့်ခံခဲ့သည့် အထူးဧည့်သည်တော်များတွင် လျှပ်စစ်မီးလုံးကို တီထွင်ခဲ့သူ သောမတ် အက်ဒီဆင်လည်း ပါဝင်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
အီဖဲေမွ်ာ္စင္ေပၚက လွ်ိဳ ႔ဝွက္ဇိမ္ခံလူေနခန္း
ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ ႔ေတာ္ရွိ အီဖဲေမွ်ာ္စင္ၾကီးကို ကမၻာေပၚတြင္ လူတိုင္းသိၾကသည္။
သို႔ေသာ္ လူသိနည္းသည့္အခ်က္မွာ ေမွ်ာ္စင္ၾကီး၏ ထိပ္ဆံုးတြင္ လွ်ိဳ ႔ဝွက္ ဇိမ္ခံလူေနခန္းတစ္ခန္းရွိေနေၾကာင္း သိရွိသူ နည္းပါးလွသည္။
ပဲရစ္ျမိဳ ႔၏ အထက္တန္းလႊာအသိုင္းအဝိုင္းအတြက္ မနာလိုဖြယ္ လူေနခန္းလည္း ျဖစ္သည္။
အီဖဲေမွ်ာ္စင္ၾကီးကို ၁၈၈၉ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ခ်ိန္က အံ့ဖြယ္တစ္ပါးအျဖစ္ ရင္သပ္ရႈေမာအံ့ၾသခ်ီးမြမ္းခဲ့ၾကရျပီး ဗိသုကာပညာရွင္ ဂပ္စ္ေတ့ဗ္ အီဖဲလ္ကိုလည္း မ်ားစြာခ်ီးမြမ္းဂုဏ္ျပဳခဲ့ၾကသည္။
သို႔ရာတြင္ မၾကာမီအခ်ိန္အတြင္း ပဲရစ္ျမိဳ ႔၏ အထက္တန္းလႊာ အသိုင္းအဝုိင္းက သိရွိလာသည္မွာ ဂပ္စ္ေတ့ အီဖဲလ္သည္ ၎ေနထိုင္ရန္တြက္ ေမွ်ာ္စင္ထိပ္တြင္ ဇိမ္ခံလူေနခန္းငယ္တစ္ခုကို လွ်ိဳ ႔ဝွက္ထည့္သြင္းေဆာက္လုပ္ထားသည္ဟု သိရွိလာျပီး မ်ားစြာမနာလိုျဖစ္ခဲ့ၾကသည္။
အီဖဲေမွ်ာ္စင္ၾကီးထိပ္ရွိ လွ်ိဳ ႔ဝွက္လူေနခန္းသည္ မ်ားစြာက်ယ္ဝန္းမႈမရွိေသာ္လည္း တန္ဖုိးကားၾကီးမားလွသည္။
ေမွ်ာ္စင္ၾကီး၏ က်န္အစိတ္အပိုင္းမ်ားမွာ စက္ရံုသဖြယ္ သံဖရိန္ေဘာင္ၾကီးမ်ားကိုသာ ေတြ႔ရမည္ျဖစ္ေသာ္လည္း လွ်ိဳ ႔ဝွက္လူေနခန္းမွာမူ မ်ားစြာျခားနားသည္။
အခန္းနံရံမ်ားကို ေႏြးေထြးသည့္ နံရံကပ္စကၠဴမ်ား ကာရံထားျပီး ပန္းရိုက္ထည္ဖံုး ပရိေဘာမ်ား၊ သစ္သားစင္မ်ားအျပင္ တန္ဖိုးၾကီးမားလွေသာ ပီယာႏိုၾကီးတစ္လံုးပင္ ပါဝင္ေသးကာ ပဲရစ္ျမိဳ ႔ၾကီးကို ေပေပါင္း ၁၀၀၀ အျမင့္မွ ေတြ႔ျမင္ရမည့္ ရွားပါးသည့္ ျမင္ကြင္း ပိုင္ဆိုင္ထားသည္။
ပဲရစ္ျမိဳ ႔၏ အထက္တန္းလႊာမ်ားက အဆိုပါလူေနခန္းတြင္ တစ္ညတာ တည္းခိုခြင့္ရရန္ ေငြမ်ားစြာပံုေပးကာ ကမ္းလွမ္းခဲ့ၾကေသာ္လည္း ဂပ္စ္ေတ့ အီဖဲလ္က လက္မခံခဲ့။
ဂပ္စ္ေတ့ အီဖဲလ္က အဆိုပါအခန္းတြင္ အထူးဧည့္သည္ေတာ္မ်ားကို ဧည့္ခံရန္ႏွင့္ အနားယူအပန္းေျဖကာ အတိတ္ကို ျပန္လည္ေတြးေတာရန္အတြက္သာ အသံုးျပဳခဲ့သည္။
ထိုစဥ္က မစၥတာ အီဖဲလ္ ဧည့္ခံခဲ့သည့္ အထူးဧည့္သည္ေတာ္မ်ားတြင္ လွ်ပ္စစ္မီးလံုးကို တီထြင္ခဲ့သူ ေသာမတ္ အက္ဒီဆင္လည္း ပါဝင္သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com