ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
ရန်ကုန်တိုင်း ကို ဈေးကွက်နေရာတစ်ခုဖြစ်လာနိုင်ဖို့ နိုင်ငံတကာကုန်စည်ပြပွဲတွေကျင်းပမယ့် ပြက္ခဒိန်တစ်ခုကို တိုင်းအစိုးရအနေနဲ့ ရေးဆွဲဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ်ဦးဖြိုမင်းသိန်းကပြောပါတယ်။
ဒီလိုဆောင်ရွက်နေတာဟာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဖြစ်ပြီး ရန်ကုန်တိုင်းရဲ့ ဈေးကွက်နဲ့ ခရီးသွားလုပ်ငန်းတွေကိုလည်း မြှင့်တင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က စတင်ကာ ကုန်သည်စက်မှုအသင်းချုပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့ရဲ့ မျှော်မှန်ထားတဲ့ မျှော်မှန်းချက်တွေကတော့ ရန်ကုန်ကို နိုင်ငံတကာပြပွဲတွေပြုလုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် အဖက်ဖက်ကနေရှိတဲ့ ကဏ္ဍတွေတိုးတက်လာနိုင်ပါတယ်။ ဆောက်လုပ်ရေးနယ်ပယ်၊ အိမ်ခြံမြေ စတဲ့ ကဏ္ဍတွေလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ပါတယ်။” ဟု ဦးဖြိုးမင်းသိန်းကပြောပါတယ်။
ပြပွဲတွေကို ပြည်တွင်းပြပွဲနဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်မယ့် ပြပွဲနှစ်ပိုင်းခွဲထားပြီး နိုင်ငံတကာပြပွဲတွေကိုတော့ ပြည်ထောင်စုအစိုးရက ဦးဆောင်ကျင်းပမယ်ဆိုရင် သွင်းကုန်ထုတ်ကုန်၊ အခွန်ကိစ္စရပ်တွေမှာ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အရင်က ရန်ကုန်မှာ ပြပွဲတွေပြုလုပ်ရာမှာ ပြည်ထောင်စုအစိုးရက ဦးဆောင်မှရမယ့် ပြပွဲတွေရှိတာကို တွေ့ရတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
“ ဒီလို နိုင်ငံတကာက ပြပွဲတွေ ပြုလုပ်တာကို ပြည်ထောင်စုအစိုးရက ကမကထ ပြုလုပ်ပေးမယ်ဆိုရင်တော့ ကိစ္စရပ်အချို့တွေမှာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပုဂ္ဂလိကကဏ္ဍဘက်ကနေ လုပ်ဆောင်နိုင်ဖို့ အခက်အခဲရှိတဲ့ ပြပွဲမျိုးတွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။” ဟု ဦးဖြိုးမင်းသိန်းကပြောခဲ့တာပါ။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ႏိုင္ငံတကာကုန္စည္ျပပြဲေတြအတြက္ ျပကၡဒိန္တစ္ခုေရးဆြဲေန
ရန္ကုန္တိုင္း ကို ေဈးကြက္ေနရာတစ္ခုျဖစ္လာႏိုင္ဖို႔ ႏိုင္ငံတကာကုန္စည္ျပပြဲေတြက်င္းပမယ့္ ျပကၡဒိန္တစ္ခုကို တိုင္းအစိုးရအေနနဲ႔ ေရးဆြဲေဆာင္႐ြက္ေနတယ္လို႔ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳမင္းသိန္းကေျပာပါတယ္။
ဒီလိုေဆာင္႐ြက္ေနတာဟာ ပုဂၢလိကက႑ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ျဖစ္ၿပီး ရန္ကုန္တိုင္းရဲ႕ ေဈးကြက္နဲ႔ ခရီးသြားလုပ္ငန္းေတြကိုလည္း ျမႇင့္တင္ႏိုင္ဖို႔ျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီကိစၥရပ္နဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ႏွစ္ကစတင္ကာ ကုန္သည္စက္မႈအသင္းခ်ဳပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတာျဖစ္တယ္လို႔ ဆိုပါတယ္။
“ ကြၽန္ေတာ္တို႔ရဲ႕ ေမွ်ာ္မွန္ထားတဲ့ ေမွ်ာ္မွန္းခ်က္ေတြကေတာ့ ရန္ကုန္ကို ႏိုင္ငံတကာျပပြဲေတြျပဳလုပ္ႏိုင္ဖို႔ျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္ႏိုင္မယ္ဆိုရင္ အဖက္ဖက္ကေနရွိတဲ့ က႑ေတြတိုးတက္လာႏိုင္ပါတယ္။ ေဆာက္လုပ္ေရးနယ္ပယ္၊ အိမ္ၿခံေျမစတဲ့ က႑ေတြလည္း ဖြံ႕ၿဖိဳးတိုးတက္လာႏိုင္မွာျဖစ္ပါတယ္။” ဟု ဦးၿဖိဳးမင္းသိန္းကေျပာပါတယ္။
ျပပြဲေတြကို ျပည္တြင္းျပပြဲနဲ႔ ႏိုင္ငံတကာနဲ႔ ဆက္သြယ္ေဆာင္႐ြက္မယ့္ ျပပြဲႏွစ္ပိုင္းခြဲထားၿပီး ႏိုင္ငံတကာျပပြဲေတြကိုေတာ့ ျပည္ေထာင္စုအစိုးရက ဦးေဆာင္က်င္းပမယ္ဆိုရင္ သြင္းကုန္ထုတ္ကုန္၊ အခြန္ကိစၥရပ္ေတြမွာ အဆင္ေျပႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
အရင္က ရန္ကုန္မွာ ျပပြဲေတြျပဳလုပ္ရာမွာ ျပည္ေထာင္စုအစိုးရက ဦးေဆာင္မွရမယ့္ ျပပြဲေတြရွိတာကို ေတြ႕ရတယ္လို႔ ဝန္ႀကီးခ်ဳပ္က ဆိုပါတယ္။
“ ဒီလို ႏိုင္ငံတကာက ျပပြဲေတြ ျပဳလုပ္တာကို ျပည္ေထာင္စုအစိုးရက ကမကထ ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ ကိစၥရပ္အခ်ိဳ႕ေတြမွာ အဆင္ေျပႏိုင္မွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕နဲ႔ ပုဂၢလိကက႑ဘက္ကေန လုပ္ေဆာင္ႏိုင္ဖို႔ အခက္အခဲရွိတဲ့ ျပပြဲမ်ိဳးေတြ ရွိေနတာေၾကာင့္ျဖစ္ပါတယ္။” ဟု ဦးၿဖိဳးမင္းသိန္းကေျပာခဲ့တာပါ။
ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com