ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်း မတ်လ ဒုတိယပတ်အတွင်း လုပ်ငန်းများစတင်လုပ်ကိုင်နိုင်ရေး ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး မှာကြားခဲ့ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာကို ဇမ္မူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း အနီးရှိ မြေဧရိယာ(၆၉.၅)ဧက ပေါ်တွင် တိုက်ခန်း (၃၀၀၀) ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။
ယင်းအိမ်ရာတည်ဆောက်မည့်နေရာသို့ ဖေဖေါ်ဝါရီ ၂၁ ရက်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးသည် ကော်မတီဝင်များဖြစ်ကြသော ဦးဆန်းနိုင်၊ဦးကျော်ဇင်လတ်၊ဌာနကြီးမှူး(အင်/ယာ)ဦးတင်အောင်ငွေ၊ ဌာနမှူးများဖြစ်ကြသော ဦးဇော်ထွန်း၊ ဦးအောင်မိုး တို့နှင့်တာဝန်ရှိသူများသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယမြို့တော်ဝန်က အဆိုပါအိမ်ရာစီမံကိန်းကို မတ်လ ဒုတိယပတ်အတွင်း လုပ်ငန်းများစတင်လုပ်ကိုင်နိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###