ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
မြန်မာ့ကုန်သွယ်မှုမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီလအထိ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၁၃ ဘီလီယံကျော် အထိ ရရှိထားပြီး ဒါဟာ ပုဂ္ဂလိကကဏ္ဍက ပါဝင်မှု ၈၀ ရာခိုင်နှုန်းကျော်ဖြစ်တယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃၅ ဘီလီယံကျော်ရရှိခဲ့တယ်လို့ ဒီနေ့ ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာပြောကြားခဲ့တာပါ။
ဒါပေမယ့် တရားမဝင်ကုန်သွယ်မှုတွေရှိနေတာကြောင့် အသေးစား၊ အလတ်စားနဲ့ အငယ်စား ကုန်ထုတ်လုပ်ငန်းတွေ ရပ်တည်နိုင်ဖို့ ခက်ခဲတဲ့အခြေအနေတွေရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ကုန်သွယ်မှုကဏ္ဍမှာ တရားမဝင် ဝင်ရောက်နိုင်တဲ့ ဝင်ပေါက်တွေနဲ့ မြို့ကြီးတွေကို စနစ်တကျ ထိရောက်တဲ့ ဖမ်းဆီးအရေးယူဖို့နဲ့ ဥပဒေသက်ရောက်မှုရှိဖို့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး နိုင်ငံတော်အနေနဲ့ အလေးထားဆောင်ရွက်နေပြီး ညွှန်ကြားချက်တွေလည်း ထုတ်ထားတယ်လို့ ဆိုပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေကို ဖမ်းဆီးရာမှာလည်း ၂၀၁၈ စက်တင်ဘာမှ ယခုနှစ် ဇန်နဝါရီလအထိ ဖမ်းဆီးမှုပေါင်း ၂၇၀၉ ကြိမ်အထိရှိပြီး ခန့်မှန်းတန်ဖိုး ၂၄ ဘီလီယံကျော်ဖြစ်တယ်လို့ သိရပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
လက္ရွိဘ႑ာႏွစ္ရဲ႕ေလးလအတြင္း ကုန္သြယ္မႈတန္ဖိုး ကန္ေဒၚလာ ၁၃ ဘီလီယံေက်ာ္ ရရွိ
ျမန္မာ့ကုန္သြယ္မႈမွ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ရဲ႕ ဇန္နဝါရီလအထိ ကုန္သြယ္မႈတန္ဖိုး ကန္ေဒၚလာ ၁၃ ဘီလီယံေက်ာ္ အထိ ရရွိထားၿပီး ဒါဟာ ပုဂၢလိကက႑က ပါဝင္မႈ ၈၀ ရာခိုင္ႏႈန္းေက်ာ္ျဖစ္တယ္လို႔ ဒုသမၼတ ဦးျမင့္ေဆြကေျပာပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ဘ႑ာႏွစ္မွာေတာ့ ကုန္သြယ္မႈတန္ဖိုး ကန္ေဒၚလာ ၃၅ ဘီလီယံေက်ာ္ရရွိခဲ့တယ္လို႔ ဒီေန႔ ကုန္သည္စက္မႈအသင္းခ်ဳပ္မွာ ျပဳလုပ္တဲ့ ေတြ႕ဆုံပြဲမွာေျပာၾကားခဲ့တာပါ။
ဒါေပမယ့္ တရားမဝင္ကုန္သြယ္မႈေတြရွိေနတာေၾကာင့္ အေသးစား၊ အလတ္စားနဲ႔ အငယ္စား ကုန္ထုတ္လုပ္ငန္းေတြ ရပ္တည္ႏိုင္ဖို႔ ခက္ခဲတဲ့အေျခအေနေတြရွိေနတယ္လို႔ ဆိုပါတယ္။
လက္ရွိမွာလည္း ကုန္သြယ္မႈက႑မွာ တရားမဝင္ ဝင္ေရာက္ႏိုင္တဲ့ ဝင္ေပါက္ေတြနဲ႔ ၿမိဳ႕ႀကီးေတြကို စနစ္တက် ထိေရာက္တဲ့ ဖမ္းဆီးအေရးယူဖို႔နဲ႔ ဥပေဒသက္ေရာက္မႈရွိဖို႔ ပူးေပါင္းေဆာင္႐ြက္ရမွာျဖစ္တယ္လို႔ သိရပါတယ္။
ဒါ့အျပင္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအဖြဲ႕ကို ဖြဲ႕စည္းထားၿပီး ႏိုင္ငံေတာ္အေနနဲ႔ အေလးထားေဆာင္႐ြက္ေနၿပီး ၫႊန္ၾကားခ်က္ေတြလည္း ထုတ္ထားတယ္လို႔ ဆိုပါတယ္။
တရားမဝင္ကုန္သြယ္မႈေတြကို ဖမ္းဆီးရာမွာလည္း ၂၀၁၈ စက္တင္ဘာမွ ယခုႏွစ္ ဇန္နဝါရီလအထိ ဖမ္းဆီးမႈေပါင္း ၂၇၀၉ ႀကိမ္အထိရွိၿပီး ခန႔္မွန္းတန္ဖိုး ၂၄ ဘီလီယံေက်ာ္ျဖစ္တယ္လို႔ သိရပါတယ္။
ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com