ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက ဟိုတယ်နှင့်တည်းခိုရိပ်သာများကို တည်ဆောက်ခွင့်ပြုခဲ့ကြောင်း အဆိုပါလုပ်ငန်းကော်မတီ (၁/၂၀၂၀) အစည်းအဝေး အရ ဖေဖေါ်ဝါရီ ၂၁ ရက်ကသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း ရန်ကုန်တိုင်းအစိုးရမှသိရသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌက ဟိုတယ်လုပ်ငန်းလိုင်စင်(၈) ခု၊စုစု ပေါင်းအခန်း (၇၅၀) ခန်း၊ ဟိုတယ်တည်ဆောက်ခွင့်(၇)လုံး၊ တည်းခိုရိပ်သာတည်ဆောက်ခွင့်(၁) လုံး၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်တွင်း၊ပြည်ဝင်) (၁၁၇) ခု တို့ကို အတည်ပြုခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာအတွက် မတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ်သန်း (၂၆၁,၂၈.၅) နှင့် အမေရိကန်ဒေါ်လာ (၃၈.၈၆၅) သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၈၀၁) ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###