ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
နယူးယောက်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Warburg Pincus က သြစတေးလျ၏ အကြီးမားဆုံး သိုလှောင်ရုံလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီကြီးကို သြစတေးလျဒေါ်လာ ၁ ဒသမ ၇၃ ဘီလီယံဖြင့် Gaw Capital နှင့် ယှဉ်ပြိုင်လေလံဆွဲရန် ကြိုးပမ်းနေကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
သြစတေးလျကုမ္ပဏီ National Storage REIT (NSR) ကို သြစတေးလျဒေါ်လာ ၁ ဒသမ ၇၃ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ) ဖြင့် ဝယ်ယူရန် Warburg Pincus က ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
National Storage REIT (NSR) သည် သြစတေးလျနှင့် နယူးဇီလန်နိုင်ငံများတွင် သိုလှောင်ရုံပေါင်း ၁၆၈ ခု ပိုင်ဆိုင်ထားသည်။
NSR က ထုတ်ပြန်ခဲ့ရာတွင် နယူးယောက်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ရှယ်ယာတစ်စုလျှင် သြစတေးလျဒေါ်လာ ၂ ဒသမ ၂၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းလာကြောင်း ထုတ်ပြန်သည်။
တရုတ်ပြည်တွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ကြီးမားစွာပြုလုပ်နေသည့် ကုမ္ပဏီကြီး Gaw Capital Partners က ရှယ်ယာတစ်စုလျှင် သြစတေးလျဒေါ်လာ ၂ ဒသမ ၂၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းလာကြောင်း NSR ၏ ဘုတ်အဖွဲ့က အတည်ပြု ထုတ်ပြန်လိုက်အပြီး ရက်သတ္တ ၃ ပတ်အကြာတွင် Warburg Pincus က Gaw Capital နှင့် ယှဉ်ပြိုင်လေလံဆွဲရန် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
NSR ၏ ဘုတ်အဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့သည်မှာ ဟောင်ကောင်အခြေစိုက် Gaw Capital နှင့်လည်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ထုတ်ပြန်ထားသည်။
Gaw Capital သည် Gateway Real Estate Fund VI တွင် ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ပြုလိုက်ပြီးနောက် တစ်လခန့်အကြာတွင် ယခုကဲ့သို့ လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်လာခြင်းလည်း ဖြစ်သည်။
NSR ၏ ကြေညာချက်တွင် ဘုတ်အဖွဲ့သည် ဝယ်ယူရန် ကမ်းလှမ်းလာသည့် ကုမ္ပဏီ ၃ ခုလုံးနှင့် ဆွေးနွေးနေကြောင်း၊ ဆွေးနွေးမှုများ အားလုံးမှာ ကနဦးအဆင့်သာရှိသေးပြီး အပြီးသတ် အရောင်းအဝယ်လုပ်ရန် သေချာမှုမရှိသေးကြောင်း ထုတ်ပြန်ထားသည်။
“NSR ဘုတ်အဖွဲ့ဟာ အကောင်းဆုံး အကျိုးအမြတ်ရဖို့၊ ရှယ်ယာရှင်တွေအတွက် အမြင့်မားဆုံးတန်ဖိုးရဖို့ ဆောင်ရွက်နေပါတယ်” ဟု ဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
အေမရိကန္ကုမၸဏီ Warburg Pincus က ၾသစေတးလ် ကုမၸဏီၾကီးကို ရယူရန္ ေဟာင္ေကာင္ထိပ္သီး Gaw Capital ႏွင့္ အျပိဳင္အဆိုင္ ေလလံဆြဲ
နယူးေယာက္အေျခစိုက္ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီၾကီး Warburg Pincus က ၾသစေတးလ်၏ အၾကီးမားဆံုး သိုေလွာင္ရံုလုပ္ငန္း လုပ္ကိုင္သည့္ ကုမၸဏီၾကီးကို ၾသစေတးလ်ေဒၚလာ ၁ ဒသမ ၇၃ ဘီလီယံျဖင့္ Gaw Capital ႏွင့္ ယွဥ္ျပိဳင္ေလလံဆြဲရန္ ၾကိဳးပမ္းေနေၾကာင္း ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
ၾသစေတးလ်ကုမၸဏီ National Storage REIT (NSR) ကို ၾသစေတးလ်ေဒၚလာ ၁ ဒသမ ၇၃ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံ) ျဖင့္ ဝယ္ယူရန္ Warburg Pincus က ကမ္းလွမ္းခဲ့ျခင္း ျဖစ္သည္။
National Storage REIT (NSR) သည္ ၾသစေတးလ်ႏွင့္ နယူးဇီလန္ႏိုင္ငံမ်ားတြင္ သိုေလွာင္ရံုေပါင္း ၁၆၈ ခု ပိုင္ဆိုင္ထားသည္။
NSR က ထုတ္ျပန္ခဲ့ရာတြင္ နယူးေယာက္အေျခစိုက္ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီက ရွယ္ယာတစ္စုလွ်င္ ၾသစေတးလ်ေဒၚလာ ၂ ဒသမ ၂၀ ျဖင့္ ဝယ္ယူရန္ ကမ္းလွမ္းလာေၾကာင္း ထုတ္ျပန္သည္။
တရုတ္ျပည္တြင္ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈမ်ား ၾကီးမားစြာျပဳလုပ္ေနသည့္ ကုမၸဏီၾကီး Gaw Capital Partners က ရွယ္ယာတစ္စုလွ်င္ ၾသစေတးလ်ေဒၚလာ ၂ ဒသမ ၂၀ ျဖင့္ ဝယ္ယူရန္ ကမ္းလွမ္းလာေၾကာင္း NSR ၏ ဘုတ္အဖြဲ႔က အတည္ျပဳ ထုတ္ျပန္လုိက္အျပီး ရက္သတၱ ၃ ပတ္အၾကာတြင္ Warburg Pincus က Gaw Capital ႏွင့္ ယွဥ္ျပိဳင္ေလလံဆြဲရန္ ပါဝင္လာခဲ့ျခင္း ျဖစ္သည္။
NSR ၏ ဘုတ္အဖြဲ႔က အတည္ျပဳထုတ္ျပန္ခဲ့သည္မွာ ေဟာင္ေကာင္အေျခစိုက္ Gaw Capital ႏွင့္လည္း ေဆြးေႏြးမႈမ်ား ဆက္လက္ျပဳလုပ္ေနေၾကာင္း ထုတ္ျပန္ထားသည္။
Gaw Capital သည္ Gateway Real Estate Fund VI တြင္ ကန္ေဒၚလာ ၂ ဒသမ ၂ ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုိက္ျပီးေနာက္ တစ္လခန္႔အၾကာတြင္ ယခုကဲ့သို႔ လႈပ္ရွားမႈမ်ား ဆက္လက္ျပဳလုပ္လာျခင္းလည္း ျဖစ္သည္။
NSR ၏ ေၾကညာခ်က္တြင္ ဘုတ္အဖြဲ႔သည္ ဝယ္ယူရန္ ကမ္းလွမ္းလာသည့္ ကုမၸဏီ ၃ ခုလံုးႏွင့္ ေဆြးေႏြးေနေၾကာင္း၊ ေဆြးေႏြးမႈမ်ား အားလံုးမွာ ကနဦးအဆင့္သာရွိေသးျပီး အျပီးသတ္ အေရာင္းအဝယ္လုပ္ရန္ ေသခ်ာမႈမရွိေသးေၾကာင္း ထုတ္ျပန္ထားသည္။
“NSR ဘုတ္အဖြဲ႔ဟာ အေကာင္းဆံုး အက်ဳိးအျမတ္ရဖို႔၊ ရွယ္ယာရွင္ေတြအတြက္ အျမင့္မားဆံုးတန္ဖိုးရဖို႔ ေဆာင္ရြက္ေနပါတယ္” ဟု ဘုတ္အဖြဲ႔၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com