ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
သီရိလင်္ကာသမ္မတအိမ်တော်သည် အခြားကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ အိမ်တော်များကဲ့သို့ သီးခြားအမည်မရှိဘဲ (ဥပမာ- အမေရိကန်သမ္မတအိမ်တော်ကို အိမ်ဖြူတော်၊ ရုရှားသမ္မတအိမ်တော်ကို ကရင်မလင်နန်းတော်) သမ္မတ အိမ်တော်ဟုသာ ခေါ်ဝေါ်ကြသည်။
သီရိလင်္ကာသမ္မတအိမ်တော်သည် ကိုလံဘိုမြို့တော်၊ ဈာနဓိပတိ မာဝသာလမ်းတွင် တည်ရှိပြီး သမ္မတ၏ တရားဝင် စံအိမ်တော်ဖြစ်သည့်နည်းတူ သမ္မတရုံးလည်း ဖြစ်သည်။
၁၈၀၄ ခုနှစ်မှ စတင်ပြီး အဆိုပါ စံအိမ်တော် အဆောက်အအုံကို ဗြိတိသျှ ဘုရင်ခံများ၊ ဘုရင်ခံချုပ်များ၏ စံအိမ်တော်အဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် သီရိလင်္ကာသမ္မတတို့၏ စံအိမ်တော်ဖြစ်လာသည်။ ၁၉၇၂ ခုနှစ်တွင် သီရိလင်္ကာ သမ္မတနိုင်ငံဟု အမည်မပြောင်းလဲမီက ဘုရင့်အိမ်တော်ဟု လူသိများခဲ့သည်။
အဆိုပါ စံအိမ်တော်တွင် ဘုရင်ခံ ၂၉ ဦးနှင့် သမ္မတ ၆ ဦးတို့ နေထိုင်ခဲ့ကြသည်။
လက်ရှိအားဖြင့် သီရိလင်္ကာ၏ ၈ ဆက်မြောက် သမ္မတ ဂိုတာဘာယာ ရာဇပဿ နေထိုင်လျက်ရှိသည်။
သမ္မတရုံးကိုလည်း ယခုစံအိမ်တော်တွင်ပင် အခြေစိုက်ထားသည်။
(ဒတ်ချ် ခေတ်)
ဒတ်ချ်တို့၏ နောက်ဆုံးဘုရင်ခံ ဂျိုဟန် ဗန် အိန်ဂျယ်လ်ဘိခ်သည် စိန့် ဖရန့်စစ် ဘုရားကျောင်းကို ဖျက်သိမ်းလိုက်သည့်နေရာတွင် နှစ်ထပ်စံအိမ်တစ်လုံး ဆောက်လုပ်ခဲ့သည်။ အဆိုပါ ဘုရားကျောင်းကို ပေါ်တူဂီတို့က ၁၆ ရာစုအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
(ဗြိတိသျှခေတ်)
၁၈၀၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ဘုရင်ခံ အိန်ဂျယ်လ်ဘိခ်၏ မြေးက အဆိုပါစံအိမ်ကို ဗြိတိသျှ ကိုလိုနီအစိုး၇ထံ ပေါင် ၁၀၀၀၀ ဖြင့် ရောင်းချခဲ့သည်။ သူမ၏ ခင်ပွန်း ဂျော့ချ် မဲလ်ဗင် လက်စ်လီ၏ လိုငွေပြနေမှုအတွက် ငွေရရန် ရောင်းချခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှတို့ ဝယ်ယူလိုက်ပြီးနောက်ပိုင်းတွင် အဆိုပါစံအိမ်သည် သီရိလင်္ကာ ဘုရင်ခံ၏ တရားဝင်အိမ်တော်ဖြစ်လာပြီး အစိုးရအိမ်တော်ဟု ခေါ်ဝေါ်ခဲ့ကြသည်။ သို့ရာတွင် ထိုခေတ်ကမူ ဘုရင့်အိမ်တော် (သို့မဟုတ်) ဘုရင်မကြီးအိမ်တော်ဟုသာ လူသိများခဲ့၏။
(လွတ်လပ်ရေးရပြီးခေတ်)
၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ပြီးနောက် သီရိလင်္ကာ ဘုရင်ခံချုပ်၏ စံအိမ်ဟု ခေါ်တွင်လာသည်။ ၁၉၇၂ ခုနှစ်တွင် သီရိလင်္ကာသည် သမ္မတနိုင်ငံဖြစ်လာပြီးနောက်တွင်မှ အဆိုပါစံအိမ်ကို သမ္မတအိမ်တော်ဟု တရားဝင်အမည် ပြောင်းလဲခဲ့သည်။ ဝီလျံ ဂိုပါလာဝါသည် အဆိုပါစံအိမ်တော်တွင် နေထိုင်ခဲ့သည့် နောက်ဆုံးဘုရင်ခံချုပ်ဖြစ်ပြီး ၎င်း၏ နောက်ပိုင်းတွင် သီရီလင်္ကာ၏ ပထမဆုံးသမ္မတ နေထိုင်ခဲ့သည်။
(ပြုပြင်မွမ်းမံခြင်း)
၁၉၈၀ နှင့် ၉၀ ပြည့်လွန်ကာလများတွင် သီရိလင်္ကာ၏ ထိပ်တန်းဗိသုကာပညာရှင်တစ်ဦးဖြစ်သူ ဂျော့ဖရီ ဘာဝါ၏ ဦးဆောင်မှုဖြင့် စံအိမ်တော်ကို မွမ်းမံမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။
(မဟိန္ဒ ရာဇပဿလက်ထက် မွမ်းမံမှု)
သီရိလင်္ကာ၏ ၆ ဆက်မြောက်သမ္မတ မဟိန္ဒ ရာဇပဿ လက်ထက်တွင် ထပ်မံမွမ်းမံမှုများ ပြုလုပ်ခဲ့ရာ မြေအောက်ဗုံးခိုကျင်းတစ်ခု ထည့်သွင်းခဲ့မှုလည်း ပါဝင်သည်။
(ဂေါ်ဒင် ဥယျာဉ်)
၄ ဧက ကျယ်ဝန်းသော သမ္မတအိမ်တော်ဝန်းအတွင်း ဘုရင်ခံ ဆာအာသာ ဟမ်မိလ်တန် ဂေါ်ဒင်က ဝိတိုရိယ ဘုရင်မကြီး စိန်ရတု အထိမ်းအမှတ်အဖြစ် ဂေါ်ဒင်ဥယျာဉ်ကို ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်ကာ၁၈၈၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
ဥယျာဉ်အတွင်း သစ်ပင်ပန်းမာန် အမျိုးအစားစုံလင်စွာ ထည့်သွင်းစိုက်ပျိုးခဲ့သည်။
အဆိုပါဥယျာဉ်အတွင်းရှိ ဝိတိုရိယဘုရင်မကြီး စကျင်ကျောက် ရုပ်တုကို ၂၀၀၆ ခုနှစ်တွင်မှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
ဂေါ်ဒင်ဥယျာဉ်ကို ၁၉၈၀ ပြည့်နှစ်အထိ အများပြည်သူသို့ ဖွင့်လှစ်ပေးထားခဲ့ပြီး သမ္မတအိမ်တော်အဖြစ် သတ်မှတ်ခဲ့ပြီးနောက်ပိုင်းတွင် အများပြည်သူဝင်ရောက်ခွင့် ကန့်သတ်ခဲ့သည်။
(ကီလိုမီတာ သုည)
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် အကွာအဝေးအားလုံးကို သမ္မတအိမ်တော်ကို ဗဟိုချက်ပြုကာ တိုင်းတာကြသည်။
အဆိုပါအလေ့အထကို ကိုလံဘို-ကန်ဒီလမ်းအား ၁၈၃၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ချိန်မှ စတင်ခဲ့သည်။
ကိုလံဘို- ကန်ဒီလမ်းသည် သီရိလင်္ကာ၏ ပထမဆုံး ခေတ်မီ အဝေးပြေးလမ်းမကြီးလည်း ဖြစ်သည်။
(အများပြည်သူဝင်ရောက်ခွင့်)
၂၀ ရာစုအစောပိုင်းကာလများတွင် ဘုရင့်အိမ်တော်သို့ အများပြည်သူဝင်ရောက်ခွင့် ကန့်သတ်ထားခဲ့သည်။
ကိုလိုနီ အရာရှိများကိုသာလျှင် ဘုရင်ခံစံအိမ်တော်တွင် ရှိနေစဉ်အတွင်းသာ ဝင်ခွင့်ပြုခဲ့သည်။
(အကာအကွယ်)
၁၈ ရာစုမှ စတင်ပြီး ဘုရင်ခံအိမ်တော်ကို ကိုလိုနီစစ်သည်များ အမြဲတမ်း အစောင့်ချထားခဲ့သည်။
၂၀ ရာစုတွင်မူ ဘုရင်ခံအိမ်တော်အစောင့်တပ်ဖွဲ့ကို မျက်နှာချင်းဆိုင်ရှိ စာတိုက်ကြီးရုံးချုပ် အဆောက်အအုံ မြေအောက်ထပ်သို့ ပြောင်းရွှေ့ခဲ့သည်။
၁၉၇၉ ခုနှစ်တွင် သီရိလင်္ကာ စစ်ရဲတပ်ဖွဲ့က သမ္မတအိမ်တော်မှ အခမ်းအနားများဆိုင်ရာ အစောင့်အကြပ်တာဝန်များ ထမ်းဆောင်ရန်အတွက် သမ္မတအခမ်းအနားအစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယနေ့ကာလတွင်မူ သမ္မတအိမ်တော်ကို သမ္မတ၏လုံခြုံရေးတပ်ဖွဲ့က အကာအကွယ်ပေးထားသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
သီရိလကၤာသမၼတ အိမ္ေတာ္
သီရိလကၤာသမၼတအိမ္ေတာ္သည္ အျခားကမၻာ့ႏိုင္ငံေခါင္းေဆာင္မ်ား၏ အိမ္ေတာ္မ်ားကဲ့သို႔ သီးျခားအမည္မရွိဘဲ (ဥပမာ- အေမရိကန္သမၼတအိမ္ေတာ္ကို အိမ္ျဖဴေတာ္၊ ရုရွားသမၼတအိမ္ေတာ္ကို ကရင္မလင္နန္းေတာ္) သမၼတ အိမ္ေတာ္ဟုသာ ေခၚေဝၚၾကသည္။
သီရိလကၤာသမၼတအိမ္ေတာ္သည္ ကိုလံဘိုျမိဳ႕ေတာ္၊ ဈာနဓိပတိ မာဝသာလမ္းတြင္ တည္ရွိျပီး သမၼတ၏ တရားဝင္ စံအိမ္ေတာ္ျဖစ္သည့္နည္းတူ သမၼတရံုးလည္း ျဖစ္သည္။
၁၈၀၄ ခုႏွစ္မွ စတင္ျပီး အဆိုပါ စံအိမ္ေတာ္ အေဆာက္အအံုကို ျဗိတိသွ် ဘုရင္ခံမ်ား၊ ဘုရင္ခံခ်ဳပ္မ်ား၏ စံအိမ္ေတာ္အျဖစ္ အသံုးျပဳခဲ့ျပီး ေနာက္ပိုင္းတြင္ သီရိလကၤာသမၼတတို႔၏ စံအိမ္ေတာ္ျဖစ္လာသည္။ ၁၉၇၂ ခုႏွစ္တြင္ သီရိလကၤာ သမၼတႏိုင္ငံဟု အမည္မေျပာင္းလဲမီက ဘုရင့္အိမ္ေတာ္ဟု လူသိမ်ားခဲ့သည္။
အဆိုပါ စံအိမ္ေတာ္တြင္ ဘုရင္ခံ ၂၉ ဦးႏွင့္ သမၼတ ၆ ဦးတို႔ ေနထုိင္ခဲ့ၾကသည္။
လက္ရွိအားျဖင့္ သီရိလကၤာ၏ ၈ ဆက္ေျမာက္ သမၼတ ဂိုတာဘာယာ ရာဇပႆ ေနထုိင္လ်က္ရွိသည္။
သမၼတရံုးကိုလည္း ယခုစံအိမ္ေတာ္တြင္ပင္ အေျခစိုက္ထားသည္။
(ဒတ္ခ်္ ေခတ္)
ဒတ္ခ်္တို႔၏ ေနာက္ဆံုးဘုရင္ခံ ဂ်ဳိဟန္ ဗန္ အိန္ဂ်ယ္လ္ဘိခ္သည္ စိန္႔ ဖရန္႔စစ္ ဘုရားေက်ာင္းကို ဖ်က္သိမ္းလိုက္သည့္ေနရာတြင္ ႏွစ္ထပ္စံအိမ္တစ္လံုး ေဆာက္လုပ္ခဲ့သည္။ အဆိုပါ ဘုရားေက်ာင္းကို ေပၚတူဂီတို႔က ၁၆ ရာစုအတြင္း ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။
(ျဗိတိသွ်ေခတ္)
၁၈၀၄ ခုႏွစ္၊ ဇန္နဝါရီလ ၁၇ ရက္တြင္ ဘုရင္ခံ အိန္ဂ်ယ္လ္ဘိခ္၏ ေျမးက အဆိုပါစံအိမ္ကို ျဗိတိသွ် ကိုလိုနီအစိုး၇ထံ ေပါင္ ၁၀၀၀၀ ျဖင့္ ေရာင္းခ်ခဲ့သည္။ သူမ၏ ခင္ပြန္း ေဂ်ာ့ခ်္ မဲလ္ဗင္ လက္စ္လီ၏ လိုေငြျပေနမႈအတြက္ ေငြရရန္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။ ျဗိတိသွ်တို႔ ဝယ္ယူလိုက္ျပီးေနာက္ပိုင္းတြင္ အဆိုပါစံအိမ္သည္ သီရိလကၤာ ဘုရင္ခံ၏ တရားဝင္အိမ္ေတာ္ျဖစ္လာျပီး အစိုးရအိမ္ေတာ္ဟု ေခၚေဝၚခဲ့ၾကသည္။ သို႔ရာတြင္ ထိုေခတ္ကမူ ဘုရင့္အိမ္ေတာ္ (သို႔မဟုတ္) ဘုရင္မၾကီးအိမ္ေတာ္ဟုသာ လူသိမ်ားခဲ့၏။
(လြတ္လပ္ေရးရျပီးေခတ္)
၁၉၄၈ ခုႏွစ္တြင္ လြတ္လပ္ေရးရခဲ့ျပီးေနာက္ သီရိလကၤာ ဘုရင္ခံခ်ဳပ္၏ စံအိမ္ဟု ေခၚတြင္လာသည္။ ၁၉၇၂ ခုႏွစ္တြင္ သီရိလကၤာသည္ သမၼတႏိုင္ငံျဖစ္လာျပီးေနာက္တြင္မွ အဆိုပါစံအိမ္ကို သမၼတအိမ္ေတာ္ဟု တရားဝင္အမည္ ေျပာင္းလဲခဲ့သည္။ ဝီလ်ံ ဂိုပါလာဝါသည္ အဆိုပါစံအိမ္ေတာ္တြင္ ေနထိုင္ခဲ့သည့္ ေနာက္ဆံုးဘုရင္ခံခ်ဳပ္ျဖစ္ျပီး ၎၏ ေနာက္ပိုင္းတြင္ သီရီလကၤာ၏ ပထမဆံုးသမၼတ ေနထိုင္ခဲ့သည္။
(ျပဳျပင္မြမ္းမံျခင္း)
၁၉၈၀ ႏွင့္ ၉၀ ျပည့္လြန္ကာလမ်ားတြင္ သီရိလကၤာ၏ ထိပ္တန္းဗိသုကာပညာရွင္တစ္ဦးျဖစ္သူ ေဂ်ာ့ဖရီ ဘာဝါ၏ ဦးေဆာင္မႈျဖင့္ စံအိမ္ေတာ္ကို မြမ္းမံမႈမ်ား ျပန္လည္ျပဳလုပ္ခဲ့သည္။ (မဟိႏၵ ရာဇပႆလက္ထက္ မြမ္းမံမႈ) သီရိလကၤာ၏ ၆ ဆက္ေျမာက္သမၼတ မဟိႏၵ ရာဇပႆ လက္ထက္တြင္ ထပ္မံမြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ရာ ေျမေအာက္ဗံုးခိုက်င္းတစ္ခု ထည့္သြင္းခဲ့မႈလည္း ပါဝင္သည္။
(ေဂၚဒင္ ဥယ်ာဥ္)
၄ ဧက က်ယ္ဝန္းေသာ သမၼတအိမ္ေတာ္ဝန္းအတြင္း ဘုရင္ခံ ဆာအာသာ ဟမ္မိလ္တန္ ေဂၚဒင္က ဝိတိုရိယ ဘုရင္မၾကီး စိန္ရတု အထိမ္းအမွတ္အျဖစ္ ေဂၚဒင္ဥယ်ာဥ္ကို ကိုယ္ပိုင္ေငြျဖင့္ စိုက္ထုတ္ကာ၁၈၈၇ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည္။
ဥယ်ာဥ္အတြင္း သစ္ပင္ပန္းမာန္ အမ်ဳိးအစားစံုလင္စြာ ထည့္သြင္းစိုက္ပ်ဳိးခဲ့သည္။
အဆိုပါဥယ်ာဥ္အတြင္းရွိ ဝိတိုရိယဘုရင္မၾကီး စက်င္ေက်ာက္ ရုပ္တုကို ၂၀၀၆ ခုႏွစ္တြင္မွ ဖယ္ရွားခဲ့ျခင္း ျဖစ္သည္။
ေဂၚဒင္ဥယ်ာဥ္ကို ၁၉၈၀ ျပည့္ႏွစ္အထိ အမ်ားျပည္သူသို႔ ဖြင့္လွစ္ေပးထားခဲ့ျပီး သမၼတအိမ္ေတာ္အျဖစ္ သတ္မွတ္ခဲ့ျပီးေနာက္ပိုင္းတြင္ အမ်ားျပည္သူဝင္ေရာက္ခြင့္ ကန္႔သတ္ခဲ့သည္။
(ကီလိုမီတာ သုည)
သီရိလကၤာႏိုင္ငံ၊ ကိုလံဘိုျမိဳ႕တြင္ အကြာအေဝးအားလံုးကို သမၼတအိမ္ေတာ္ကို ဗဟိုခ်က္ျပဳကာ တိုင္းတာၾကသည္။
အဆိုပါအေလ့အထကို ကိုလံဘို-ကန္ဒီလမ္းအား ၁၈၃၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ခ်ိန္မွ စတင္ခဲ့သည္။
ကိုလံဘို- ကန္ဒီလမ္းသည္ သီရိလကၤာ၏ ပထမဆံုး ေခတ္မီ အေဝးေျပးလမ္းမၾကီးလည္း ျဖစ္သည္။
(အမ်ားျပည္သူဝင္ေရာက္ခြင့္)
၂၀ ရာစုအေစာပိုင္းကာလမ်ားတြင္ ဘုရင့္အိမ္ေတာ္သို႔ အမ်ားျပည္သူဝင္ေရာက္ခြင့္ ကန္႔သတ္ထားခဲ့သည္။
ကိုလိုနီ အရာရွိမ်ားကိုသာလွ်င္ ဘုရင္ခံစံအိမ္္ေတာ္တြင္ ရွိေနစဥ္အတြင္းသာ ဝင္ခြင့္ျပဳခဲ့သည္။
(အကာအကြယ္)
၁၈ ရာစုမွ စတင္ျပီး ဘုရင္ခံအိမ္ေတာ္ကို ကိုလိုနီစစ္သည္္မ်ား အျမဲတမ္း အေစာင့္ခ်ထားခဲ့သည္။
၂၀ ရာစုတြင္မူ ဘုရင္ခံအိမ္ေတာ္အေစာင့္တပ္ဖြဲ႔ကို မ်က္ႏွာခ်င္းဆိုင္ရွိ စာတိုက္ၾကီးရံုးခ်ဳပ္ အေဆာက္အအံု ေျမေအာက္ထပ္သို႔ ေျပာင္းေရႊ႕ခဲ့သည္။
၁၉၇၉ ခုႏွစ္တြင္ သီရိလကၤာ စစ္ရဲတပ္ဖြဲ႔က သမၼတအိမ္ေတာ္မွ အခမ္းအနားမ်ားဆိုင္ရာ အေစာင့္အၾကပ္တာဝန္မ်ား ထမ္းေဆာင္ရန္အတြက္ သမၼတအခမ္းအနားအေစာင့္တပ္ဖြဲ႔ကို ဖြဲ႔စည္းခဲ့သည္။
ယေန႔ကာလတြင္မူ သမၼတအိမ္ေတာ္ကို သမၼတ၏လုံျခံဳေရးတပ္ဖြဲ႔က အကာအကြယ္ေပးထားသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com