ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာအစိုးရပိုင်မြေကွက်တွေကိုရောင်းချရာကနေရရှိတဲ့ ငွေကြေးကနေ မြေယာလျော်ကြေးတွေပေးအပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြေယာတွေကိုလျော်ကြေးငွေတွေပေးအပ်ပြီးပါက အဲ့ဒီ့နေရာတွေမှာ တန်ဖိုးနည်းတန်ဖိုးသင့်အိမ်ရာတွေတည်ဆောက်ပေးဖို့ရည်ရွယ်ထားတယ်လို့၎င်းကဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင်မြေကွက် ၅၀၀ကျော်ကိုရောင်းချခဲ့ရာ လျှောက်ထားသူ ၁၂၀၀၀ ကျော်အထိရှိခဲ့တာပါ။
အဆိုပါရောင်းချရတဲ့မြေကွက်တွေထဲကငွေကြေးတွေကိုအများပြည်သူအတွက်ပြန်လည်အသုံးပြုတာဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ရရှိလာတဲ့ မြေယာလျော်ကြေးတွေကို တန်ဖိုးသင့်တန်ဖိုးနည်း အိမ်ရာတွေအလျင်အမြန်တည်ဆောက်သွားဖို့ရည်ရွယ်ထားတာပါ။
ထပ်မံပြီးလည်း အခုလိုမြေကွက်ရောင်းချမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
မြေကွက်တွေရောင်းချလို့ရတဲ့ငွေတွေနဲ့ မြေယာလျော်ကြေးတွေပေးမယ်