ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
စမတ်ကတ်ရရှိထားသောအိုးအိမ်မဲ့များ ကျူးကျော်အိမ်ရာအပိုင်း(၂)တွင် မတ်လ (၁) ရက်က စတင်ပြီး လူနေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ပျိုမေ့အိမ်မှသိရသည်။
အဆိုပါကျူးကျော်အိမ်ရာအပိုင်း(၂)ကို ပျိုမေ့အိမ်မှ တာဝန်ယူပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် လူနေအိမ် (၁၅၀) ကို တည်ဆောက်နေခြင်း ဖြစ်သည်။
ယခုအခါတွင် အဆိုပါအိမ်ရာတည်ဆောက်မှုမှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ကြောင်းသိရသည်။နေထိုင်သည့်သူများ၏ ဝင်ငွေအပေါ်မူတည်ပြီး နေအိမ်ဒီဇိုင်းများလည်းမတူညီကြကြောင်းသိရသည်။
နေထိုင်မည့်သူများအား ၂၂ ပေ× ၃၅ ပေမြေပေါ်တွင် ၁၈ ပေ ×၂၅ ပေ လုံးချင်းအိမ်များတည်ဆောက်ပေးမည်ဖြစ်သည်။အရစ်ကျစနစ် ဖြင့် ငွေပေးသွင်းရမည်ဖြစ်ရာ ကျပ်သိန်း ၃၀ တန်ဖိုးရှိ အိမ်ဆောက်မည့်သူများအနေဖြင့် တစ်လ ၇၉၅၀၀ ကျပ် နှင့် ကျပ်၂၅ သိန်းတန်ဖိုးရှိ အိမ်ဆောက်မည့်သူများမှာ တစ်လ ၆၀၀၀၀ ကျပ် လစဉ် ခြောက်နှစ် ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။
ကျူးကျော်အိမ်ရာအပိုင်း (၁) ကို ရွှေပြည်သာမြို့နယ်တိုးချဲ့ ၁၉ ရပ်ကွက်တွင် အိမ်အလုံး ၂၆၀ တည်ဆောက်ထားပြီး ယခုအခါ နေထိုင် နေကြပြီဖြစ်ကြောင်းသိရသည်။အပိုင်း(၃)ကို ဒဂုံ(အရှေ့ပိုင်း) မြို့နယ် ၁၃၀ ရပ်ကွက်၊ရေစက်လမ်းပေါ်ရှိ မြေ ၁၀ ဧကပေါ်တွင် နေအိမ် ၂၉၈ လုံးတည်ဆောက်နေကြောင်းသိရသည်။
အဆိုပါ စမတ်ကတ်ရရှိထားသောအိုးအိမ်မဲ့များအနေဖြင့် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး အငှားချထားခြင်း၊ပေါင်နှံရောင်းချခြင်းကို ခွင့်မပြု ကြောင်းသိရသည်။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
စမတ္ကတ္ရရွိထားေသာအိုးအိမ္မဲ့မ်ား က်ဴးေက်ာ္အိမ္ရာအပိုင္း (၂) တြင္ မတ္လ(၁)ရက္က စတင္ၿပီး လူေနထိုင္ခြင့္ျပဳမည္
စမတ္ကတ္ရရွိထားေသာအိုးအိမ္မဲ့မ်ား က်ဴးေက်ာ္အိမ္ရာအပိုင္း(၂)တြင္ မတ္လ (၁) ရက္က စတင္ၿပီး လူေနထိုင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ပ်ိဳေမ့အိမ္မွသိရသည္။
အဆိုပါက်ဴးေက်ာ္အိမ္ရာအပိုင္း(၂)ကို ပ်ိဳေမ့အိမ္မွ တာဝန္ယူၿပီး ဒဂုံျမိဳ႕သစ္(ေတာင္ပိုင္း)တြင္ လူေနအိမ္ (၁၅၀) ကို တည္ေဆာက္ေနျခင္း ျဖစ္သည္။
ယခုအခါတြင္ အဆိုပါအိမ္ရာတည္ေဆာက္မႈမွာ ၇၀ ရာခိုင္ႏႈန္းခန္႔ ၿပီးစီးေနၿပီျဖစ္ၿပီး ေၾကာင္းသိရသည္။ေနထိုင္သည့္သူမ်ား၏ ဝင္ေငြအေပၚမူတည္ၿပီး ေနအိမ္ဒီဇိုင္းမ်ားလည္းမတူညီၾကေၾကာင္းသိရသည္။
ေနထိုင္မည့္သူမ်ားအား ၂၂ ေပ× ၃၅ ေပေျမေပၚတြင္ ၁၈ ေပ ×၂၅ ေပ လုံးခ်င္းအိမ္မ်ားတည္ေဆာက္ေပးမည္ျဖစ္သည္။အရစ္က်စနစ္ ျဖင့္ ေငြေပးသြင္းရမည္ျဖစ္ရာ က်ပ္သိန္း ၃၀ တန္ဖိုးရွိ အိမ္ေဆာက္မည့္သူမ်ားအေနျဖင့္ တစ္လ ၇၉၅၀၀ က်ပ္ ႏွင့္ က်ပ္၂၅ သိန္းတန္ဖိုးရွိ အိမ္ေဆာက္မည့္သူမ်ားမွာ တစ္လ ၆၀၀၀၀ က်ပ္ လစဥ္ ေျခာက္ႏွစ္ ေပးသြင္းရမည္ျဖစ္ေၾကာင္းသိရသည္။
က်ဴးေက်ာ္အိမ္ရာအပိုင္း (၁) ကို ေရႊျပည္သာၿမိဳ့နယ္တိုးခ်ဲ႕ ၁၉ ရပ္ကြက္တြင္ အိမ္အလုံး ၂၆၀ တည္ေဆာက္ထားၿပီး ယခုအခါ ေနထိုင္ ေနၾကၿပီျဖစ္ေၾကာင္းသိရသည္။အပိုင္း(၃)ကို ဒဂုံ(အေရွ႕ပိုင္း) ၿမိဳ့နယ္ ၁၃၀ ရပ္ကြက္၊ေရစက္လမ္းေပၚရွိ ေျမ ၁၀ ဧကေပၚတြင္ ေနအိမ္ ၂၉၈ လုံးတည္ေဆာက္ေနေၾကာင္းသိရသည္။
အဆိုပါ စမတ္ကတ္ရရွိထားေသာအိုးအိမ္မဲ့မ်ားအေနျဖင့္ ကိုယ္တိုင္ေနထိုင္ရမည္ျဖစ္ၿပီး အငွားခ်ထားျခင္း၊ေပါင္ႏွံေရာင္းခ်ျခင္းကို ခြင့္မျပဳ ေၾကာင္းသိရသည္။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com